Saturday, March 29, 2008

NLD ဦးမြင့်သိန်းရဲ့ နောက်ဆက်တွဲ သတင်း

29-3-2008

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦး ဖြစ်သူ ဦးမြင့်သိန်းဟာ အစာအိမ်ကင်ဆာနှင့် ကျောက်ကပ်ရောဂါ ဝေဒနာများကို စင်ကာပူနိုင်ငံ Tan Tock Seng တန်တောက်ဆင်းန် ဆေးရုံမှာ ဆေးကုသခံနေရင်း အဆိုပါဆေးရုံတွင် မတ်လ ၂၈ရက်နေ့  ညနေ ၈ နာရီ ၁၅ မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့ရပါတယ်။ ယနေ့  မတ်လ ၂၉ ရက် စနေ နေ့ နံနက်မှာ သက်ပျောက်ဆွမ်းသွတ်ခဲ့ပြီး မနက်ဖြန် မတ်လ ၃၀ ရက်နေ့ ညနေ ၇ နာရီ ၃၀မိနစ် အချိန်မှာ စင်ကာပူရှိ မန်ဒိုင်း Mandai သုဿန်မှာ မီးသင်္ဂြုလ်မှာဖြစ်ကြောင်း သိရှိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ပါတီအမိန့် ပြန်တမ်းထုတ်ပေးဖို့ ဆက်သွယ်ခဲ့ရာမှာတော့ ဖုန်းလိုင်းများကို စစ်အစိုးရဘက်မှ တိတ်တစိတ် ခိုးယူနားထောင်နေကြောင်းလဲ သတင်းရရှိခဲ့ပါတယ်။ နိုင်ငံရပ်ခြားမှာ မြန်မာများ နာရေးဖြစ်တိုင်း နအဖ စစ်အစိုးအား စက်ကြေးကောက်ခံပေးနေသော စင်ကာပူ မြန်မာသံရုံးကတော့ ဘာမှအကူအညီမှ ပေးလေ့ပေးထ မရှိပါဘူး။ အခုလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းနာရေးကို စင်ကာပူရှိ မြန်မာသံရုံကတော့ ဘာမှ ကူညီ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သတင်းရရှိပါတယ်။ သို့ သော်လည်း ပြည်ပရှိမြန်မာမျိုးချစ်များမှ ဦးမြင့်သိန်းရဲ့ နာရေးကို ၀ိုင်းဝန်း ဖေးမကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရပါတယ်။

ထို့သို့ ဒီမိုကရေးစီရေး ကြိုးပမ်းမှုတွင် NLD အတွက် ခေါင်းဆောင်ကောင်း တယောက်ဆုံးရှုံးရသလို
မြန်မာ့ ဒီမိုကရေစီရေးတွင်လည်း ကြီးမားတဲ့ ဆုံးရှုံးမှု တခုလည်း ဖြစ်ခဲ့ရပါတယ်။ ထို့အတူ ဘ၀တပါးသို့ ကူးပြောင်းသွားသော ဦးမြင့်သိန်းရဲ့ မိသားစုများနဲ့ အတူ အထူးပင် ၀မ်းနည်းကြေကွဲမိပါကြောင်း။

ဦးမြင့်သိန်းတယောက် ရောက်လေရာ ဘ၀တိုင်းတွင် ယခုလို အဖြစ်မျိုးနဲ့ ကင်းဝေးနိုင်ပါစေလို့ ဆုတောင်းရင်း ပေးနိုင်တဲ့ ဂတိလေးတခုကတော့ “နအဖ စစ်အာဏာရူးလူတစုကို မပြုတ်မချင်း ဆက်လက်တိုက်ပွဲဝင်သွားမယ် “ လို့ပြောလိုက်ချင်မိတာပါပဲ။


အသေးစိတ် သတင်းပေးပို့သူအား အထူးကျေးဇူးတင်ရှိပါတယ်။

ကိုကို

Posted by koko:D at 5:37 PM

0 comments: