Sunday, April 27, 2008

ဘုန်းကြီးကျောင်းများအား စီစစ်မှုများ ပြုလုပ်နေ

27-4-2008
ရန်ကုန်။ ။ ဘုန်းတော်ကြီး ကျောင်းများတွင် သတင်းသုံးနေသည့် သံယာများအား ညဘက် အချိန် အပြင်ထွက်ခြင်းများ၊ ခရီးသွားလာမှုများ၊ ဘုန်းတော်ကြီးကျောင်းများသို့ ဧည့်သည် လာရောက် တည်းခိုမှုများအား ကြပ်မတ် စီစစ်နေသည်၊ ။

ရွှေတိဂုံဘုရား ကုန်းတော်ပေါ်သို့ တက်ရောက်ရန် သံဃာတော်အချို့မှ ယမန်နေ့က ကြိုးစားခဲ့သည်ဟူသော သတင်း မထွက်ပေါ်ခင် ကတည်းက အာဏာပိုင်များက ဘုန်းကြီးကျောင်းများကို စောင့်ကြည့်သွားရန် ညွန်ကြားမှုများ ပြုလုပ်ခဲ့သည်၊

ရွှေတိဂုံ အရှေ့ဘက်မုဒ် ဗဟန်း ဈေးအနီးတွင် လုံခြုံရေး တိုးမြင့်ချထားခြင်း၊ အနီးဝန်းကျင်တွင် ( သွေးဆေးကန်အနီး ) တပ်ချ ထားခြင်းဖြင့် အစိုးရဘက်မှ ပြင်ဆင်မှုများ ရှိနေခဲ့သည်။
Mizzima news

0 comments: