10-4-2008
ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ ကြေညာချက်အမှတ် (၄/၂၀၀၈) ကို ၂၀၀၈ ခုနှစ် ဧပြီ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်
ကြေညာချက်အမှတ် (၄/၂၀၀၈)
၁၃၆၉ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်
(၂၀၀၈ ခုနှစ်၊ ဧပြီလ ၉ ရက်)
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည့်နေ့ရက် ကြေညာခြင်း
၁။ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေအခန်း ၂၊ ပုဒ်မ ၄၊ ပုဒ်မခွဲ(က)အရ ၂၀၀၈ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် အစည်းအဝေး(၆/၂၀၀၈) က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်လိုက်ပါသည်။
၂။ ယင်းဆုံးဖြတ်ချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအား ပြည်သူများက အတည်ပြုနိုင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်လုက်ပါသည်။
အောင်တိုး
ဥက္ကဌ
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်
MyanmarForun news
Thursday, April 10, 2008
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲ ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကျင်းပမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment