Saturday, April 5, 2008

စက်တင်ဘာလရဲ့ အာဃာတညများ

အဲဒီလရဲ့ အဲဒီညတွေကို ပေါ့
ခါးရှရှမြိုသိပ်ရင်း ဖြတ်ကျော်ခဲ့ရတယ်
မေတ္တာဝန်ထုပ်ကြီး ထမ်းလို့ပေါ့
တစ်ခါတစ်ခါ ဒီဝန်ထုပ်ကြီးကို
ဖြည်ဖြုတ် ပစ်လိုက်ချင်တယ်
အာဃာတတွေ ဗျာပါဒတွေကို
တွေ့သွား မှာလည်း စိုးမိတယ်

အဖြူရောင်မေတ္တာ ထုပ်ကြီးမှာ
စွန်းပေနေတဲ့ သွေးနီနီတွေကို
သစ္စာအဖြစ်ပြောင်းလိုက်ကြမယ်
ဒီဝန်ထုပ်ဟာငါတို့ရဲ့လက်နက်ဖြစ်တယ်
အနာဂတ်အောင်မြင်မူအတွက်
သင်္ကေတလည်းဖြစ်တယ်
အဆုံးအစွန်ကမ္ဗည်း
ရေးထိုးရာလည်းဖြစ်တယ်

ခါးသီးလှတဲ့မေတ္တာအဖူးအပွင့်ဟာ
ကြီးရင့်လာရင် ချိုမြိန်မှာပါ
ငါတို့ဒါကို ထမ်းပိုးထားရမယ်
ငါတို့ဒါကို လက်ကိုင်ထားရမယ်
မေတ္တာမယိုင်လဲပဲ သေစ္စာခိုင်မြဲရင်
နိုင်ပွဲဟာ လက်တစ်ကမ်းမှာပါ။
မျိုးချစ်သွေး

0 comments: