13-4-2008
ဒေါင်းနီ လူငယ်များ၏ သံချပ်
လန်ဒန်မြို့ သာသန ရံသီ ဘုန်းတော်ကြီးကျောင်းမှ ကြီးမှုး၍ မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်ကူး ပွဲတော်ကို ၂၀၀၈ ခုနှစ်၊ ဧပြီ(၁၂) ရက်နေ့တွင် ပျော်ရွှင် အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။
ဒေါင်းနီလူငယ်များ၏ ရိုးရာ သင်္ကြန် သံချပ်များ၊ ဒေါင်းအိုးဝေဝေ ရိုးရာသစ် အငြိမ့်၊ The Nox စင်တင် တေးဂီတနှင့်အတူ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ဘီဘီစီ မြန်မာပိုင်းမှ အသံလွှင့်ဇာတ်လမ်း တင်ဆက်သွားပြီး လူကြိုက်များခဲ့သည့်၊ ပန်းချီဆရာ ကိုထိန်လင်းနှင့် ကိုသိန်းမြတ်တို့ တွဲဖက် ရေးသားသော "လျှော်ကန်သင့်မြတ်လှ ကြောင်းပါ" ပြဇာတ်ကို လန်ဒန်ရောက် မြန်မာလူငယ်များမှ ဝိုင်းဝန်းကပြ တင်ဆက်သွားကြပါသည်။
သင်္ကြန်ပွဲတွင် သာသန ရံသီ ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဥတ္တရမှ ပြည်သူချစ်သော အနုပညာရှင် ကိုဇာဂနာအား ဂုဏ်ထူးဆောင် အနုပညာရှင်ဆုကို ချီးမြှင့် ခဲ့ပါသည်။ ထိုဆုကို ပန်းချီဆရာကိုထိန်လင်းမှ ကိုဇာဂနာ့ ကိုယ်စား တတ်ရောက် ဆုယူခဲ့ပါသည်။ ထို သင်္ကြန်ပွဲတွင် ပျော်ပွဲရွှင်ပွဲများသာ မက၊ မြန်မာ့ နိုင်ငံရေး သရုပ်ကို ထင်ဟပ်စေပြီး ဦးနှောက်မရှိသော ဘုရင်ရူး၏ လုပ်ချင်ရာ လုပ်သော ဇာတ်အိမ်ကို နောက်ခံ၍ ပြသသွားသော အဆိုပါ "လျှော်ကန် သင့်မြတ်လှကြောင်းပါ" ပြဇာတ်ကို အထူး လူကြိုက်များ နှစ်သက်မှု ရှိကြောင်း သိရပါသည်။
နောက်ဆုံး သတင်း အဖြစ် မကြာခင် အချိန်အတွင်းမှာ အဆိုပါ ပြဇာတ်ကို DVD အခွေထုတ်၍ မြန်မာပြည်တွင်း အထိ ဖြန့်ချီ သွားမည် ဖြစ်ကြောင်း သိရပါသည်။
Ko htike news
Monday, April 14, 2008
London ThinGyan (Burmese New Year)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment