16-5-2008
နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြီး ဖြစ်ပေါ်ခဲ့ပြီးတဲ့ မြန်မာနိုင်ငံက လေဘေးဒဏ်သင့် ဒေသတွေမှာ ၀မ်းပျက်ဝမ်းလျော ရောဂါတွေ စတင် ဖြစ်ပွားနေတဲ့ အတည်ပြု အစီရင်ခံချက်တွေ ရရှိနေတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHOရဲ့ ကျွမ်းကျင်သူတွေက ပြောဆို လိုက်ကြပြီးတော့ ဆိုင်ကလုံး မုန်တိုင်းဒဏ် သင့်ခဲ့တဲ့ နေရာတွေမှာ ကျန်းမာရေးဟာ နဂိုအခြေအနေကို ပြန်မရောက်သေးဘူး လည်း WHOရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ပြောဆိုပါတယ်။
မသန့်လို့ ရေပုပ်တွေထဲမှာ ပါဝင်လာတဲ့ ဘက်တီရီးယား ပိုးတွေကြောင့် ဖြစ်ပွားရတဲ့ ရောဂါတွေက ခန္ဓာကိုယ်တွင်း ရေ ခန်းခြောက်မှုတွေကို ဖြစ်စေတဲ့အတွက် နာရီပိုင်းအတွင်း မကုသနိုင်ရင် သေကျေ ပျက်စီးမှုတွေ ဖြစ်မဲ့ အလားအလာတွေ ရှိနေပါတယ်။ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်က မုန်တိုင်းဒဏ်သင့်လို့ ကြေမွ ပျက်စီးနေတဲ့ ဒေသတွေက လေဘေးဒုက္ခသည် တစ်သန်းခွဲအတွက် အပြင်းအထန်လိုအပ်နေတဲ့ ဆေးဝါးနဲ့တခြား ကယ်ဆယ်ရေး ပစ္စည်းတွေရောက်ရှိနိုင်အောင် ကယ်ဆယ်ကူညီထောက်ပံ့ရေးနိုင်ငံက အေဂျင်စီတွေနဲ့ ပြည်တွင်းက ပုဂ္ဂလိက အလှူရှင်တွေက အပြင်းအထန်ကြိုးပမ်းနေကြပါတယ်။
VOA NEWS
Friday, May 16, 2008
မုန်တိုင်းဒဏ်သင့်ဒေသမှာ ကူးစက်ရောဂါ ဖြစ်ပွားမှုတွေ ရှိနေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment