17-5-2008
မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူဦးရေ ရ၈၀၀၀ လောက်ထိရှိလာပြီ ၅၆၀၀၀ ကျော်ပျောက်ဆုံးနေကြောင်း စစ်အစိုးရမီဒီယာက ဆိုပါတယ်။ လေပြင်းမုန်တိုင်းကျပြီး သတင်းနှစ်ပတ်အကြာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းဟာ အယင်ကပြောခဲ့တဲ့ အသေအပျောက်စာရင်းနဲ့ နှစ်ဆနီးပါး ပိုများလာပြီး အမေရိကန် နဲ့ နိုင်ငံတကာ တာဝန်ခံများကတော့ သေဆုံးသူဦးရေ တသိန်းကျော် နိုင်ကြောင်း ခန့်မှန်းထားပါတယ်။
လေဘေးဒုက္ခသည် သုံးပုံတပုံလောက်တောင် ထောက်ပံ့ရေးပစ္စည်းများမရကြသေးဘူးလို့ အိုင်စီအာစီက ဆိုနေတဲ့အချိန်မှာဘဲ မနေ့က မိုးသည်းထန်စွာရွာလို့ ကယ်ဆယ်ရေးဝန်ထမ်းများ ပစ္စည်းဝေငှတာတွေ အဟန့်အတားဖြစ်သွားစေပါတယ်။
ကာလ၀မ်းရောဂါဖြစ်မူတွေ တွေ့ရှိရတယ်လို့ WHO သောကြာနေ့မှာ အတည်ပြုလိုက်ပြီးနောက် ရေသန့်မရခြင်းကြောင့် အကြီးအကျယ်သေဆုံးနိုင်ကြောင်း အိုင်စီအာစီက သတိပေးလိုက်ပါတယ်။ အီယူတာဝန်ခံ လူဝစ် မစ်ရှဲလ် က နိုင်ငံခြားကယ်ဆယ်ရေး ကျွမ်းကျင်သူများအား တိုးပြီးဝင်ခွင့်ပြုဖို့ မြန်မာအစိုးရက စဉ်းစားနေတဲ့လို့ ဘန်ကောက်မှာ မနေ့က ပြောဆိုနေပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမူ အေဂျင်စီအကြီးအကဲ ဂျွန်ဟုမ်းက မြန်မာနိုင်ငံဝင်ခွင့် ဗီစာရရှိလို့ မနက်ဖြန် ခရီးထွက်ပါလိမ့်မယ်။ နိုင်ငံတကာ အထောက်အပံ့များ ပို့ပြီးတော့ လက်ခံဖို့နဲ့ ကယ်ဆယ်ရေးပစ္စည်းများ ခပ်မြန်မြန်ဝေငှဖို့ သူက စစ်အစိုးရကို တိုက်တွန်းလိမ့်မယ်လို့ ကုလသမဂ္ဂတာဝန်ခံများက ပြောကြားကြပါတယ်။
မြန်မာခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအထောက်အကူကို ပိုပြီးလက်ခံဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မြန်ုမြန်ထက်ထက်လုပ်ဖို့ မစ္စတာဟုမ်း က အခိုင်အမာပြောဆိုလိမ့်မယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။
မြန်မာအစိုးရက တချို့နိုင်ငံတကာကယ်ဆယ်ရေး ရိက္ခာအလျှုပေးမှုတွေကို လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကတခြား ကမ်းလှမ်းချက်တွေကို ငြင်းဆီုခဲ့ပြီး ကယ်ဆယ်ရေး ကြိုးပမ်းချက်တွေမှာ နိုင်ငံခြားသားတွေကို အကန့်အသတ်ပါဝင်ပတ်သက်ခွင့် ပြုခဲ့ပါတယ်။
ကုလသမဂ္ဂနဲ့တခြားနိုင်ငံတကာတွေက မုန်တိုင်းဒုက္ခသည်တွေကို ပိုပြီးကူညီဖို့ကမ်းလှမ်းချက်တွေကို ငြင်းဆန်တဲ့အတွက် မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအ၀ိုင်းက အမျက်ဒေါသထွက်ခဲ့ ကြပါတယ်။ ပြင်သစ်ရေတပ်သင်္ဘော ကယ်ဆယ်ရေးအထောက်အကူပေးမှာကို အစိုးရက ခွင့်မပြုတဲ့အတွက် သောကြာနေ့ကုလသမဂ္ဂအထွေးထွေးညီလာခံမှာ ပြင်သစ်က မကျေမနပ်ဆိုခဲ့ပါတယ်။ မုန်တိုင်းတိုက်ခိုက်ခံရတဲ့ ကမ်းခြေကို ပြင်သစ်က စစ်သင်္ဘောစေလွှတ်တယ်ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စလှယ်တွေက စွပ်စွဲခဲ့ပါတယ်။
ကယ်ဆယ်ရေးရိက္ခာတွေ တင်ဆောင်တဲ့ အမေရိကန်စစ်တပ် ကုန်တင်လေယာဉ်ကြီးလေးစင်းကို အခုအပတ် ရန်ကန်မှာ ဆင်းသက်ခွင့်ပြုခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေ အထူးလိုအပ်တဲ့ ကယ်ဆယ်ရေးရိက္ခာတွေ တင်ပို့ဖို့ မြန်မာကမ်းလွန်နိုင်ငံတကာရေပိုင်နက်ထဲ အမေရိကန်ရေတပ်သင်္ဘောတွေ စောင့်နေပေမယ်လည်း အခုထက်တိုင် မြန်မာစစ်အစိုးရ ခွင့်မပြုသေးပါဘူး။
voa news
Saturday, May 17, 2008
နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ရ၈,၀၀၀ သေဆုံး ၅၆,၀၀၀ ကျော် ပျောက်ဆုံးနေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment