Thursday, May 15, 2008

ကြက်ခြေနီသင်္ဘော မမှောက်ဟု စစ်အစိုးရ ငြင်းဆို

ကြာသပတေးနေ့၊ မေလ 15 2008 10:58 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ လေဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ခဲ့သည့် ကြက်ခြေနီ သဘောင်္တစီးသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် နစ်မြုပ် သွားဆိုခြင်းမှာ မဟုတ်မှန်ကြောင်း စစ်အစိုးရက ယနေ့ ငြင်းဆိုလိုက်သည်။
ကြက်ခြေနီများ ပါဝင်သော ကယ်ဆယ်ရေးပစ္စည်းများ တင်ထားသည့် သင်္ဘောသည် မုန်တိုင်းဒဏ်ခံ ဒေသတွင်း၌ ရေစီးနှင့်ပါလာသော သစ်ပင်နှင့် တိုက်မိ၍ နစ်မြုပ်ရာ ပစ္စည်းများ နစ်မြုပ်ဆုံးရှုံးကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း အေအက်ပီ သတင်းဌာနတွင် ဖော်ပြသည်ဟု မေလ ၁၁ ရက် ည ၈ နာရီတွင် ဘီဘီစီရေဒီယိုက ထုတ်လွှင့် ချက်ကို ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

MIZZIMA NEWS

0 comments: