15-5-2008
မြန်မာနိုင်ငံအတွင်း အတိဒုက္ခရောက်နေကြသည့် နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို အင်အားသုံး ၀င်ရောက် ကယ်တင်ရန်အတွက် အင်အား (၆၀)ခန့်ပါသည့် အမေရိကန်တပ်ဖွဲ့ဝင် ရှေ့ပြေးအုပ်စုသည် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ မေလ(၁၀)ရက်နေ့တွင် ရောက်ရှိလာကြောင်း သတင်းရရှိသည်။ အမေရိကန် တပ်ဖွဲ့ဝင်များ အနေနှင့် မဲဆောက်မြို့တွင် လွတ်လပ်စွာ သွားလာလှုပ်ရှားလျက်ရှိပြီး ထိုင်း-မြန်မာ နယ်ခြားနေရာများ၊ မဲဆောက်-မြ၀တီတံတား၊ မဲဆောက်မြို့ရှိ ဆေးရုံနှစ်ရုံနှင့် အချက်အချာကျသည့် မြို့တွင်းနေရာ အတော်များများကို လိုက်လံကြည့်ရှု မှတ်တမ်းယူနေကြောင်း သိရသည်။
မဲဆောက်မြို့ရှိ ဟိုတယ်ကြီးတခုတွင် အမေရိကန် တပ်ဖွဲ့ဝင်များ စခန်းချ နေထိုင်လျက်ရှိပြီး မဲဆောက်လေယာဉ်ကွင်း၌လည်း စစ်လေယာဉ် အတက်အဆင်း လေ့ကျင့်မှုများ အကြိမ်ကြိမ် ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။ အမေရိကန် တပ်ဖွဲ့ဝင်များသည် မြန်မာစကား ကျွမ်းကျင်သူ စကားပြန်များကို လိုက်လံရှာဖွေနေပြီး မဲဆောက်မြို့ရှိ ဂိုဒေါင်ကြီးနှစ်ခုကိုလည်း အင်အားသုံး ၀င်ရောက်ရေးအတွက် အသုံးပြုရန် ငှားရမ်းလိုက်ကြောင်း သိရသည်။ အမေရိကန် တပ်ဖွဲ့ဝင်များနှင့်အတူ ပြင်သစ်စစ်တပ်မှ အရာရှိများလည်း အတူတကွ လိုက်ပါလာကြပြီး ထိုင်းအစိုးရအနေနှင့် အဆိုပါ တပ်ဖွဲ့ဝင်များကို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပြုထားပုံရကြောင်း၊ မဲဆောက်မြို့သည် ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် အနီးဆုံးမြို့ ဖြစ်သည့်အတွက် အမေရိကန် တပ်ဖွဲ့ဝင်များ ရွေးချယ်စခန်းချခြင်း ဖြစ်ပုံရကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုသည်။
ထိုသို့ အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ အင်အားသုံး ၀င်ရောက်ရန် ရောက်ရှိလာရခြင်းသည် မြန်မာစစ်အစိုးရ၏ နိုင်ငံခြားသား ကယ်ဆယ်ရေး လုပ်သားများအား ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်မှုနှင့် ဒုက္ခသည်များအပေါ် ထောက်ပံ့သည့် နိုင်ငံတကာ အကူအညီများကို စနစ်တကျ မြန်မြန်ဆန်ဆန် ဖြန့်ဝေခြင်း မရှိဘဲ အလွဲသုံးစားပြု ထင်ရာစိုင်းနေမှုများကြောင့် လူသားချင်း စာနာထောက်ထားသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်လုပ်ဆောင်ရန် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ အင်အားသုံး ၀င်ရောက်မည့် ကိစ္စအပေါ် ထောက်ခံသည့် လှုပ်ရှားမှုများလည်း မဲဆောက်မြို့ရှိ မြန်မာအသိုင်းအ၀ိုင်းနှင့် နိုင်ငံတကာတွင် လုပ်ဆောင်နေကြကြောင်း သတင်းရရှိသည်။
ဒေါက်တာလွဏ်းဆွေ မှယူပါသည်
Thursday, May 15, 2008
မြန်မာနာဂစ်ဒုက္ခသည်များအား ကယ်ဆယ်ရေးအတွက် အင်အားသုံး ၀င်ရောက်ရန် အမေရိကန်တပ်ဖွဲ့ဝင်များ မဲဆောက်မြို့သို့ ရောက်ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment