NEJ/ ၄ ဇွန် ၂၀၀၈
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မြန်မာသံရုံးမှ သံတမန်အမျိုးသမီးတဦး မိသားစုနှင့်အတူ ဇွန်လ (၄) ရက်နေ့က ထွက်ပြေးသွားသည်ဟု ခိုင်လုံသည့် သံတမန် သတင်းရပ်ကွက်က ပြောသည်။
လန်ဒန်မြို့ မြန်မာသံရုံးမှ ယနေ့ ထွက်ပြေးသွားသူမှာ ရုံးအုပ်ကြီးအဆင့်ရှိ ဒေါ်နွယ်နီဖြစ်ပြီး ခင်ပွန်းသည်၊ သားဖြစ်သူတို့နှင့်အတူ ထွက်ပြေးသွားခြင်းဖြစ်သည်။ မြန်မာသံတမန် ဒေါ်နွယ်နီ ထွက်ပြေးခြင်း အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဟု လန်ဒန် မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
ထွက်ပြေးသူ မြန်မာသံတမန် ဒေါ်နွယ်နီ၏ ခင်ပွန်းမှာ အင်ဂျင်နီယာတဦးဖြစ်ပြီး အစောပိုင်း ကတည်းက အပြင်မှာ အလုပ် ခိုးလုပ်နေသူ ဖြစ်သည်ဟု စုံစမ်းသိရသည်။
ထွက်ပြေးသူ ဒေါ်နွယ်နီ၏ ခင်ပွန်းမှာ လန်ဒန် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်းနှင့်
အထူးရင်းနှီးသူလည်းဖြစ်သည့်အတွက် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်း၏ ခွင့်ပြုချက်ဖြင့် အပြင်မှာ အလုပ်လုပ်နေသလားဆိုသည်မှာ အတိအကျ မသိရဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။ ခေတ်ပြိုင်မှ လန်ဒန် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်းကို ဖုန်းဖြင့် မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရခဲ့ပါ။
.khitpyaing မှယူပါသည်
Wednesday, June 4, 2008
လန်ဒန် မြန်မာသံရုံးမှ အမျိုးသမီး မြန်မာသံတမန်တဦး ထွက်ပြေပြီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment