2-5-2008
နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်တွင်းရှိ ကိုင်းသောင်ကျွန်းရွာသည် ရေမြုပ်သွားပြီ ဖြစ်သည်ဟု ပြည်တွင်းမှ လာသော သတင်းများအရ သိရသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် တပေသာလျှင် မြင့်သော ကိုင်းသောင်ကျွန်းရွာသည် မာလာမုန်တိုင်းနှင့် ဆူနာမီ လှိုင်းလုံးကြီးများ ထိစဉ်ကလည်း ရေမြှပ်ခဲ့ဖူးသည်။ ယခု သတင်းပေးပို့ချိန်အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ရောက်လာခြင်း မရှိသေးဘဲ မိုးကြီး၊ လေထန်ဆဲပင် ဖြစ်သည်။
MIZZIMA NEWS
Friday, May 2, 2008
ကိုင်းသောင်ကျွန်းရွာ ရေမြှုပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment