7-5-2008
ရန်ကုန်တိုင်းတစ်ခုလုံးတွင် ဆန္ဒမဲပေးနိုင်သူ လေးသန်းခြောက်သောင်းငါးထောင်ရှိပြီး ရပ်ကွက်ပေါင်း ၁၂၇၃ ရှိကြောင်းနှင့် အဆိုပါလူဦးရေ အတွက် မဲရုံပေါင်း ၂၅၀၀ ကျော်ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေး ရန်ကုန်တိုင်းကော်မရှင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မေလ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးမည့်သူ တစ်ဦးချင်းသိရှိရန်အတွက် အသေးစိတ်အစီအစဉ်များပါဝင်သည့်စာရွက်များကို ဧပြီလ တတိယပတ်မှ စ၍ အိမ်တိုင်ရာရောက်လိုက်လံပေးဝေလျက်ရှိကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၃၂ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောကြားသည်။
အဆိုပါစာရွက်တွင် သက်ဆိုင်ရာရပ်ကွက်အလိုက်ထားရှိမည့် မဲရုံ၊ တည်နေရာ၊ လိပ်စာ၊ မဲဆန္ဒနှင့် နံပါတ်၊ အမှတ်စဉ်၊ မဲပေးမည့်သူအမည်၊ မဲရုံဝင်ပေါက်အမှတ်၊ မဲပုံးအမှတ်၊ မဲပေးရမည့်ရက်စွဲနှင့် မဲပေးရမည့်အချိန်တို့ ပါဝင်ကြောင်းနှင့် စာရွက်များကို မဲပေးရမည့်သူတစ်ဦးစီအတွက် တစ်ရွက်စီရရှိကြောင်းစုံစမ်းသိရှိရသည်။
အဆိုပါစာရွက်တွင် မဲပေးရမည့်နေ့ရက်အဖြစ် မေလ ၁၀ ရက်နေ့ဟုဖော်ပြထားပြီး မဲပေးရမည့်အချိန်ကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်ထားကြောင်း အဆိုပါရပ်ကွက်အတွက် မဲဆန္ဒနယ်အမှတ်စဉ် ၁ မှ အမှတ်စဉ် ၃ အထိ စုစုပေါင်းမဲရုံ ၃ ရုံရှိပြီး မဲရုံတည်နေရာအဖြစ် မဲဆန္ဒနယ်အမှတ် ၁ အတွက် ၃၂ ရပ်ကွက် အ.မ.က ၁၃ ကျောင်း၊ မဲဆန္ဒနယ် အမှတ် ၂ အတွက် ၃၂ ရပ်ကွက်လုံးဆိုင်ရာ ဗဟိုဓမ္မရုံ၊ မဲဆန္ဒနယ် အမှတ် ၃ အတွက် ၃၂ ရပ်ကွက်ရှိ ဆရာစံလမ်း အမှတ် (၁၀၅၃) တို့ကို မဲဆန္ဒနယ်များအဖြစ် သတ်မှတ်ထားကြောင်းနှင့် အဆိုပါရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးဝင်းမောင်ကပြောကြားသည်။
Myanamr Forum news
Wednesday, May 7, 2008
မဲပေးရမည့် အစီအစဉ်ပါစာရွက်များ အိမ်တိုင်ရာရောက်ဝေင
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment