13-5-2008
မြန်မာစစ်အစိုးရက ခွင့်ပြုလျှင် မုန်တိုင်းဒုက္ခသည်များအတွက် အသင့်ကူညီနိုင်ရန် အမေရိကန် ရေတပ် စစ်သင်္ဘော (၃) စီး မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။
အမေရိကန် စစ်သင်္ဘော (၃) စီးသည် ယခုအခါ ဘင်္ဂလားပင်လယ်အော်တွင် ရောက်ရှိနေကြောင်း အမေရိကန် ရေတပ် ဒု- ဗိုလ်ချုပ်ကြီး Doug Crowder က ပြောသည်။ အမေရိကန် တပ်မ (၇) ရေတပ်မှ ကုန်းရေ နှစ်မျိုးလုံးသုံးနိုင်သည့် စစ်သင်္ဘော (၃) စီး မြန်မာနိုင်ငံသို့ ဦးတည် ထွက်ခွာ သွားကြောင်း အမေရိကန် ရေတပ် ဒု- ဗိုလ်ချုပ်ကြီး Doug Crowder က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ သတင်းထောက်များကို ယခုကဲ့သို့ တနင်္လာနေ့တွင် ပြောခြင်းဖြစ်သည်။
အကူအညီပစ္စည်းများ ပထမဆုံးအကြိမ် တင်ဆောင်လာသည့် အမေရိကန် C-130 စစ်လေယာဉ် တစီး တနင်္လာနေ့တွင် ရန်ကုန်ရောက်ပြီး မကြာခင် အမေရိကန်ရေတပ် စစ်သင်္ဘော(၃) စီး မြန်မာနိုင်ငံသို့ ထွက်ခွာသွားခြင်း ဖြစ်သည်။ မြန်မာစစ်အစိုးရဘက်က အဆိုပါ အမေရိကန်ရေတပ် စစ်သင်္ဘော (၃) စီးကို မြန်မာရေပိုင်နက်သို့ ၀င်ခွင့်ပေး မပေးဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
SONESEAYA NEWS
Tuesday, May 13, 2008
အမေရိကန်ရေတပ် စစ်သင်္ဘော (၃) စီး မြန်မာနိုင်ငံသွားပြီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment