Thursday, May 29, 2008

စစ်အစိုးရ ၀င်ခွင့်မပေးရင် အမေရိကန် စစ်သင်္ဘောများ ရက်ပိုင်းအတွင်း ပြန်လည် ဆုတ်ခွါဖို့ရှိ

29-5-2008

မြန်မာနိုင်ငံအတွက် ဆိုင်ကလုံး ကပ်ဘေး ကယ်ဆယ်ရေး သဘောတူညီချက် ပစ္စည်းတွေကို အမေရိကန်က ပေးပို့တဲ့နေရာမှာ ဒုက္ခသည်တွေကို ဘယ်လောက်ထိ ရောက်ရှိသလဲဆိုတာ သူ့အနေနဲ့ အသေအချာ မသိရှိတဲ့အကြောင်း ပစိဖိတ် ၀န်းကျင်ဆိုင်ရာ တပ်မမှူးက ပြောပါတယ်။ ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေမှာလည်း

အမေရိကန် စစ်မှုထမ်းတွေကို မြန်မာ စစ်ခေါင်းဆောင် ပိုင်းက ပါဝင်ကူညီခွင့်မပြုဘူးဆိုရင်တော့ မြန်မာ ကမ်းလွန်ပိုင်းမှာ စောင့်နေဆဲရှိတဲ့ အမေရိကန် ရေတပ်သင်္ဘောတွေကို သိပ်ကြာကြာတော့ သူ့အနေနဲ့ ဆက်ထားနိုင်မှာ မဟုတ်တဲ့ အကြောင်းလည်း ရေတပ်ဗိုလ်ချုပ်ကြီး တင်မိုသီ ကီတင်က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပန်တဂွန် စစ်ဌာနချုပ်ကနေပြီး ဗွီအိုအေ သတင်းထောက် အယ်ပတ်ဆင် သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးပါတယ်။

အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး တင်မိုသီ ကီတင်အပြောအရကတော့ ထိုင်းနိုင်ငံကနေ ရန်ကုန်မြို့ ကို တခေါက်ကို မက်ထရစ်တန်ချိန် ၃၇၀ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဆီ ၁၃၀ အမျိုးအစား အမေရိကန် စစ်လေယာဉ် အခေါက်ပေါင်း (၇၀) ပို့ဆောင် ပေးနိုင်ခဲ့ပေမယ့် အဲဒီ ကယ်ဆယ်ရေး ပစ္စည်းတွေဟာ အခုလ စောစောပိုင်း တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာ ဘယ်ပုံ၊ ဘယ်နည်း ဒုက္ခသည်တွေကို ဖြန့်ချီမှုပေးနေတယ်ဆိုတာကိုတော့ သူ့အနေနဲ့ အသေအချာ မပြောနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ အခုလို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

“ကယ်ဆယ်ရေး ပစ္စည်းတွေ ဒုက္ခသည်လက်ထဲကို ရောက်မရောက်ကတော့ သိနိုင်ဖို့ ခဲယဉ်း နေတုန်းပါပဲ။ ပစ္စည်းတွေကိုတော့ ရန်ကုန်မှာပဲ ပို့ပေးခဲ့ရပါတယ်။ အဲဒီကနေတဆင့် ဖြန့်ချီ ပေးတာကိုတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အကန့်အသတ်နဲ့ လုပ်ခွင့်ရတာ ရှိပေမယ့် အများစုကတော့ မြန်မာစစ်အစိုးရက ကြီးကြပ်ဖြန့်ချီပေးနေတာပါ။ အဲဒီပစ္စည်းတွေ ဘယ်တွေကို ရောက်နေပြီဆိုတာ ကျွန်တော်တို့ သိသလားလို့ မေးမယ်ဆိုရင်တော့ အဲဒီ ကယ်ဆယ်ရေး ပစ္စည်း တွေ ဘယ်ကို ပို့ကြသလဲဆိုတာကို ကျွန်တော်တို့ မသိဘူးလို့ ဖြေရမှာပါပဲ။”

မြန်မာနိုင်ငံအတွင်းမှာ ကယ်ဆယ်ရေး အမှုတမ်းတွေရှိကြတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ မှာတော့ သတင်း အချက်အလက်တွေ သူ့အနေနဲ့ ရရှိခဲ့ပေမယ့် အဲဒီအချက်အလက်တွေ ကလည်း မပြည့်မစုံတဲ့အကြောင်း ပစ္စည်းတွေဟာ ဒုက္ခသည်တွေ လက်ထဲ ရာနှုန်းပြည့်ရောက်တယ်လို့ မဆို နိုင်ပေမယ့် ရောက်သင့်သလောက်တော့ ရောက်တယ်လို့ သူယူဆရကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး ကီတင်က ပြောသွားပါတယ်။

ကုလသမဂ္ဂအရာရှိတွေကတော့ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ လူ ၂သန်းခွဲအနက် တသန်းနီးပါးလောက် ထံကို ကယ်ဆယ်ရေး ပစ္စည်းတွေ ရောက်တယ်လို့ ဆိုကြပါတယ်။ လောလောဆယ်မှာတော့ မြန်မာ စစ်ခေါင်းဆောင်တွေက ထိုင်းနိုင်ငံကတဆင့် အမေရိကန် စစ်လေယာဉ်တွေကို ရန်ကုန်မှာ လာပြီး ကယ်ဆယ်ရေး ပစ္စည်းတွေကို ပို့ဆောင်ခွင့် ပေးနေတာဖြစ်ပါတယ်။

မြန်မာ့ကမ်းလွန်ပိုင်း နိုင်ငံတကာ ရေပြင်ပိုင်နက်မှာတော့ အမေရိကန်နဲ့ တခြား ရေတပ် သင်္ဘောတွေ ပေါ်မှာ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ ဆေးဝါးပစ္စည်းတွေ အတော်များများရှိပြီး မြန်မာ နိုင်ငံတွင်းကို တိုက်ရိုက် အဲဒီပစ္စည်းတွေ ပို့ဆောင်ပေးနိုင်ရေးအတွက် ၀င်ခွင့်ရဖို့ စောင့်နေကြတာ သတင်းနှစ်ပတ်ရှိသွားပြီ ဖြစ်ပါတယ်။ US စစ်သဘောင်္ကြီးဟာ လူနာ (၆၀၀)ကို လက်ခံ ကုသပေး နိုင်ပြီး ခွဲစိတ်ခြောက်ခန်းလည်း ပါပါတယ်။ ဒါ့အပြင် ကမ်းတက် ရေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ လည်း ရှိတဲ့အတွက် သာမန် အရောက်အပေါက်ခက်ခဲတဲ့ မုန်တိုင်းဒဏ်သင့် ဒေသတွေကို အလွယ်တကူ သွားရောက် ကူညီနိုင်မှာလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ နိုင်ငံတကာ ကယ်ဆယ်ရေး အမှုထမ်းတွေကို လက်ခံပေမယ့် စစ်ဘက် ကယ်ဆယ်ရေး အမှုထမ်းတွေကိုတော့ လက်မခံနိုင်ဘူးလို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ရေတပ် ဗိုလ်ချုပ်ကြီး ကီတင်ကတော့ ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုအတွက် ကူညီဖို့ မြန်မာစစ်စိုးရက သူတို့ကို ၀င်ခွင့်မပြုဘူးဆိုရင်တော့ သူ့ရဲ့ စစ်သင်္ဘောတွေကို ကြာကြာဆက်ပြီး စောင့်ခိုင်းနိုင် တော့မှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“မြန်မာစစ်အစိုးရ အရာရှိတွေဘက်က လာခွင့်ပြုမယ့် မီးစိမ်းမပြဘူးဆိုရင်တော့ အမေရိကန် စစ်သင်္ဘောတွေအနေနဲ့ နောက်ထပ် သီတင်းပတ်ပေါင်းများစွာ ဆက်ပြီးတော့ စောင့်နိုင်မယ် လို့တော့ ကျွန်တော် မထင်ပါဘူး။ လာမယ့်ရက် အနည်းငယ်အတွင်းမှာတော့ အဖြေထွက် ပါလိမ့်မယ်။”

မြန်မာ မုန်တိုင်းဘေး ဒုက္ခသည်တွေအတွက် သေရေးရှင်ရေး တမျှလိုအပ်တဲ့ အကူအညီတွေ ပေးနိုင် ဖို့ ထိုင်းနိုင်ငံမှာ စောင့်နေ၊ မြန်မာ့ကမ်းလွန်ပိုင်းမှာလည်း စောင့်နေကြသူတွေကို အကူအညီ ပေးနိုင် ဖို့ ၀င်ခွင့်မပြုတဲ့အတွက်လည်း သူ့အနေနဲ့ သိပ်ကို စိတ်ပျက်မိတယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီး ကီတင် က ပြောပါတယ်။

“ကယ်ဆယ်ရေး အကူအညီတွေကို လက်ခံမယ်လို့ ပြောရုံပါပဲ။ အဲဒီလိုမျိုး မြန်မာစစ်အစိုးရဘက်က ပြောလိုက်တာနဲ့ တစ်နာရီအတွင်း ကယ်ဆယ်ရေး ပစ္စည်းတွေ တော်တော်များများကို ကမ်းခြေ အထိအရောက် ကျွန်တော်တို့ ပေးပို့နိုင်ပါတယ်လို့ ကျွန်တော် ပြောပါရစေ။”

ကယ်ဆယ်ရေး ပစ္စည်းတွေကို ဒါ့ထက် အတိုင်းအတာ ပိုကြီးကြီးမားမား ပေးပို့ခွင့်အပေါ် အရင်က ကန့်သတ်မှုတွေ ရှိပေမယ့် မြန်မာစစ်ခေါင်းဆောင်ဘက်က အခု လျော့ပေးမယ့် အနေအထားမျိုးမှာ ရှိနေပုံပေါ်တယ်လို့ ထိုင်းနိုင်ငံရှိ အမေရိကန် အစိုးရ အရာရှိတွေ ယုံကြည်နေပုံရတယ်လို့လည်း ရေတပ်ဗိုလ်ချုပ်ကြီး ကီတင်ပြောပါတယ်။

ဒါ့အပြင် အမေရိကန် စစ်သဘောင်္တွေဆီက ကယ်ဆယ်ရေး ပစ္စည်းတွေကို မြန်မာသင်္ဘောတွေ တဆင့် ကယ့်ယူပြီး ကမ်းကို ယူဆောင်သွားနိုင်မယ့် အစီအစဉ်ကိုလည်း သူအနေနဲ့ သဘောတူ နိုင်မယ့် အခြေအနေမှာ ရှိတယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီးက ပြောပါတယ်။

ဗြိတိန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာနကတော့ မြန်မာစစ်အစိုးရအနေနဲ့ အဲဒီလိုမျိုး အစီအစဉ်ကို သဘောတူခဲ့တယ်လို့ ပြောပေမယ့် ဗိုလ်ချုပ်ကြီး ကီတင်ကတော့ သူအနေနဲ့ အဲဒီအကြောင်း မကြားသိသေးရပါဘူးလို့ ပြောပါတယ်ရှင်။
VOA NEWS ယူသည်

ဆက်လက်ဖတ်ရှုရန်...

စပါး၊ ဆား၊ ငါး ပြီးတော့ လူ့စွမ်းအား

29-5-2008
နာဂစ်ဆိုင်ကလုန်းဒဏ် မခံစားရမီက ထိုဒေသများတွင် လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းများအပြင် ငါးပုစွန် မွေးမြူရေး လုပ်ငန်းနှင့် ဆားချက်လုပ်ငန်းတို့ အဓိက စည်ပင်ထွန်းကားခဲ့ပါသည်။ ခုချိန်တွင်တော့ ထိုသို့ စီးပွားဖြစ်ကာ စည်ပင် ထွန်းကားခဲ့သည် ဆိုခြင်းကို ကျိန်တွယ်ပြောပြရတော့မလို ဖြစ်နေပြီ။

ဒေသခံလုပ်သားများအနေနှင့် သူတို့ဘဝများကို မုန်တိုင်း၏ ထိုးနှက်ချက်ကြောင့် ရရှိခဲ့သည် ဒဏ်ရာ ဒဏ်ချက်များထဲမှ ပြန်လည်ရုန်းထနိုင်ဖို့ ကြိုးစားရတော့မည်။ သို့သော် သူတို့လက်ထဲတွင် ငါး၊ ပုစွန် ပေါက် တကောင် တမြီးမှ မကျန်ခဲ့၊ ထို့အတူ ဆားတပွင့်ပင် မကျန်ခဲ့ပါ။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်း၏ အဓိကထိုးနှက်ခံခဲ့ရသော၊ အပျက်အစီးအများဆုံး ဖြစ်ခဲ့ရသော လပွတ္တာမြို့နယ်ဆိုသည်မှာ ယခင်က မြန်မာပြည်၏ အဓိက ဆားကွင်းနေရာများ ဖြစ်ပြီး မြန်မာတနိုင်ငံလုံး အတွက် ပင်လယ်ဆားများကို စီးပွားဖြစ် ထုတ်လုပ်နေသည့် နေရာဖြစ်ကြောင်း ရန်ကုန် ဘုရင့်နောင် ဈေးကွက်မှ စီးပွားရေးသမားတဦးက ပြောပြသည်။

လပွတ္တာမြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ပါတီ တာဝန်ခံ ဒေါက်တာ အေးကြူက နာဂစ်ဆိုင်ကလုန်း ကြောင့် ဒေသခံစီးပွားရေးသမားတို့၏ လယ်ယာများ၊ ငါး ပုစွန်ကန်များ၊ ဆားစက်ရုံများ များစွာ ပျက်စီးခဲ့ရသည်ဟု အတည်ပြုပြောကြားသည်။

“နေလှမ်းဆားထုတ်တဲ့ ဆားကွင်းတွေကို ရွှံမြေတွေ သဲတွေ ဖုံးကုန်တယ်။ လယ်မြေတွေနဲ့ ငါးကန်တွေထဲကိုလည်း ပင်လယ်ရေတွေဝင်ကုန်လို့ အကုန် ပျက်စီးကုန်တယ်” ဟု သူကပြောသည်။

ဆက်လက်၍သူက လပေါင်းများစွာ ဆားချက်လုပ်ငန်းများလုပ်ကိုင်နိုင်ရန် မလွယ်ကူလှဟု ဆို၏။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရပြီး နောက်ပိုင်း ရန်ကုန်တိုင်းတွင် တခြားသော ကုန်ဈေးနှုန်းများနည်းတူ ဆားဈေးမှာ မကြုံစဖူး ထူးကဲစွာ မြင့်တက်သွားခဲ့သည်။

မေလမတိုင်မီက အိုင်အိုဒင်းဆား ၅၀ ကျပ်သားထုပ် တထုပ်လျင် ကျပ် ၂၀၀ သာပေးရသော်လည်း ယခုအခါ ကျပ် ၈၀၀ အထိ ပေးဝယ်နေရသည်။ ရိုးရိုး ဆား ၁ ပိဿာလျင် ယခင်က ကျပ် ၆၀၀ ရှိပြီး ယခု နာဂစ်မုန်တိုင်း တိုက်ပြီးနောက် ရန်ကုန်တွင် ကျပ် ၁၅၀၀ အထိပေးဝယ်ရကာ ဧရာဝတီတိုင်းတွင်ပင် ကျပ် ၁၀၀၀ ပေးရကြောင်း ကြားသိရသည်။

“ကျနော်တို့က ကုန်စုံဆိုင်ဆိုတော့ စက်ရုံကနေသွားဝယ်တာ။ အရင်ထက် သုံးဆနီးပါး ဈေးတက်သွားတယ်။ အရင်က တပိဿာ ကျပ် ၂၀၀ လောက်ပဲပေးရတဲ့ ဆားချောက ခု ၅၅၀” ဟု ရန်ကုန်မြို့တွင် ကုန်စုံဆိုင် ဖွင့်ထားသူ တဦးက ပြောသည်။

မေလ ၂၉ ရက်နေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင်မူ ရန်ကုန်မြို့၏ ဆား စားသုံးမှုမှာ တလလျင် ပိဿာ ချိန် ၁၀ သိန်းခန့်ရှိ၍ ဆားစက်ပိုင်ရှင်များ၏ လက်ဝယ်တွင် ပိဿာချိန် ၇၈ သိန်းကျော် ကျန်ရှိနေပြီး ဆားတပိဿာလျင် ကျပ် ၅၀၀ နှုန်းဖြင့် ရောင်းချပေးလျှက်ရှိသည်ဟု ဖော်ပြထားသည်။

မေလ ၂၂ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် အသင်း ဒုဥက္ကဌ ဦးဇော်မင်းဝင်းနှင့် အထွေထွေ အတွင်းရေးမှူး ဦးစိန်ဝင်းလှိုင်တို့အပါအဝင် ဆားစက်ပိုင်ရှင်များ အသင်းမှ တာဝန်ရှိသူတို့ စုပေါင်း၍ ဆားဈေးနှုန်းကျဆင်းရေးနှင့် စားသုံးသူ လက်ဝယ်အရောက် ဖြန့်ချိရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြ၏။

လပွတ္တာ မြို့နယ်အတွင်းရှိ ဆားလုပ်ငန်းအားလုံးကို ဒေသခံ ငွေကြေးချမ်းသာသူများက ချုပ်ကိုင်ထားပြီး ဆားချက်လုပ်ငန်း လုပ်ကိုင်သူတို့ထံတွင် ဆားရာသီမတိုင်မီ ကတည်းက ရင်းနှီးမြှုပ်နှံ ထည့်သွင်း ပေးထားခြင်းအားဖြင့် အမြတ်ပမာဏ များစွာ ရရှိကြကြောင်း ဒေသခံ စီးပွားရေးသမား တဦးက ဧရာဝတီ မဂ္ဂဇင်းကို ပြောပြသည်။

ဆက်လက်၍ ၎င်းက “ရေတွေတက်လာတော့ ကမ်းရိုးတန်းတလျှောက်က ဆားဂိုဒေါင်တွေ အကုန် ကုန်ရောပဲဗျာ” ဟု စိတ်ပျက်လက်ပျက် ပြောပြသည်။ ပုံမှန်အတိုင်းဆိုလျင် ဆားလုပ်ငန်းရှင်များက ဂိုဒေါင်များတွင် သိုလှောင်ထားသော ဆားများကို ဈေးတက်ချိန် စောင့်၍ ရောင်းချကြမြဲဖြစ်သည်။ ယခုကဲ့သို့ ဆားဂိုဒေါင်များစွာ ပျက်စီးသွားသဖြင့် အနယ်နယ် အရပ်ရပ်မှ ဆားဈေးများ ရုတ်တရက် ခုန်တက်သွား ရကြောင်း သူက သုံးသပ်သည်။

“ဒေသခံ သူဌေးတွေလည်း စီးပွားပျက်တာဆိုတော့ ဆားလုပ်သားတွေကို ငွေကြိုမချနိုင်ကြတော့ဘူးလေ” ဟု သူက ဆက်ပြောသည်။

ဆားသူဌေးများမှာ နှစ်စဉ် သာမန် ဆားလုပ်ကွက် ခပ်သေးသေးတခုအတွက် အနည်းဆုံး ငွေကျပ် သိန်း ၂၀ ခန့် ကြိုတင်ချ ပေးရလေ့ရှိကြောင်း သူကပြောပြသည်။ “လပွတ္တာ တမြို့နယ်တည်းမှာပဲ ဆုံးရှုံးသွားတဲ့ ဆားတန်ဖိုးက သိန်းထောင်နဲ့ ချီလိမ့်မယ်ဗျ” ဟုသူကဆက်ပြောသည်။

နာဂစ်မုန်တိုင်းက မြန်မာပြည်၏ အလွန်ကြီးမားသော ရေထွက်လုပ်ငန်းခွင်ကိုလည်း ဖျက်ဆီးလိုက်ပြီ ဖြစ်သည်။ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရေလုပ်သား ၂ သောင်းကျော် သေဆုံးခဲ့ရကြောင်း ကြားသိရပါသည်။

မြန့်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ စာရင်းအရမူ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ ရေလုပ်သား ၁၃၀၀၀ ကျော် သေဆုံးရသည်ဟု ဆိုသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် ဧရာဝတီတိုင်းအတွင်းရှိ ဘိုကလေးနှင့် ဒေးဒရဲ မြို့နယ်အတွင်းမှ ငါးပုစွန် မွေးမြူရေး လုပ်ငန်းများ ရန်ကုန်တိုင်းအတွင်း ကွမ်းခြံကုန်း၊ တွံတေး နှင့် ကျောက်တန်း မြို့နယ်များအတွင်းရှိ ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းများကို အများဆုံး ဖျက်ဆီးခဲ့ကြောင်း မြန်မာ့ ငါးလုပ်ငန်းရှင်များအသင်းနှင့် နီးစပ်သူတဦးက ဧရာဝတီ မဂ္ဂဇင်း သို့ပြောပြသည်။

လေဘေးသင့် ဒေသတခုဖြစ်သည့် လပွတ္တာ မြို့နယ် တမြို့နယ်တည်းတွင်ပင် ငါးမွေးမြူရေး ဧက ၅၃. ၉၈ ဧက နှင့် ရေငန် ပုစွန် မွေးမြူရေးကန် အနေနှင့် ၁၄၄၅၉. ၃၉ ဧက အပါအဝင် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်း၊ ဘုံငါးဖမ်းလုပ်ငန်းများစွာ ရှိနေကြောင်း ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာရင်းများအရ သိရသည်။

၎င်း သတင်းစာတွင်ပင်ုလပွတ္တာဒေသတွင် ပုစွန်ကန်ကို ဆားကျင်းနှင့်တွဲဖက်၍ တည်ဆောက်မွေးမြူခဲ့ရာ မုန်တိုင်းကြောင့် ပုစွန်ကန်များစွာ ဆုံးရှုံးခဲ့ရသည်ဟု ရေးသားဖော်ပြထားသည်။ အစိုးရအနေနှင့် ထိုဒေသရှိ ငါးပုစွန် လုပ်ငန်းရှင် ၃၀ ကို တဦးလျင် ငွေကျပ် သိန်း ၂၀၀၊ ၃၀၀ ခန့်ထုတ်ချေးဖူးရာ ယခုအခါ ဆက်လက်၍ ပံ့ပိုးသွားမည်ဟု လပွတ္တာဘဏ်ခွဲတာဝန်ခံ လက်ထောက်အထွေထွေ မန်နေဂျာ ဒုဗိုလ်မှူးကြီး ဝင်းငွေ (ငြိမ်း) က ပြောကြောင်း ဆက်လက်ဖော်ပြထားသည်။

ဆားနှင့် ငါး ဆိုသည်ကလည်း ဆက်စပ်နေသည့် လုပ်ငန်းများဖြစ်သည်။ ဧရာဝတီတိုင်း၏ အဓိက စီးပွားရေး တခုဖြစ်သော ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် လုပ်ငန်းများတွင် ဆားကမပါမဖြစ် အရေးကြီးလှ၏။ ဧရာဝတီတိုင်း၏ ထိုဒေသထွက်ကုန် များကို မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်းအားလုံး အားကိုး အားထားပြုနေရပါသည်။

ဆားနှင့် ငါးပုစွန်လုပ်ငန်းရှင်တွေအားလုံး စီးပွားပျက်ရသကဲ့သို့ ၎င်းတို့ကိုမှီခိုနေရသော အလုပ်သမားပေါင်း များစွာလည်း အလုပ်လက်မဲ့ ဖြစ်ရပြီ။ ဆင်ပိန်ကျွဲ လုပ်ငန်းရှင်တို့က ပြန်လည် ထူထောင်မည်ဆိုလျင်တောင် ကျွမ်းကျင်လုပ်သားများ များစွာ အသက်ဆုံးရှုံးခဲ့ရလေပြီ။
“နာဂစ်ကြောင့် ဆားလုပ်ငန်းတွေ ပျက်ရုံတင်မဟုတ်ဘူး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရဲ့ လူ့စွမ်းအား အရင်းအမြစ်တခုလုံး ပျက်စီးတာလို့ ပြောလို့ရပါတယ်” ဟု ဒေါက်တာအေးကြူက စိတ်ဆင်းရဲခြင်းကြီးစွာ ပြောသည်။ ထို လူ့စွမ်းအား အရင်း အမြစ်တခုလုံးကို ပြန်လည်ထူထောင်မည်ဆိုပါလျင် … ။
Irrawaddy မှယူသည်

ဆက်လက်ဖတ်ရှုရန်...

ဗီဇာတောင်းဆိုမှုများကို မြန်မာစစ်အစိုးရခွင့်ပြု

29-5-2008
မြန်မာစစ်အစိုးရက ကုလသမဂ္ဂ ကယ်ဆယ်ရေးလုပ်သားများ အားလုံးနှင့် နိုင်ငံတကာ ကယ်ဆယ် ရေးလုပ်သား အတော်များများကို ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးနေသည်ဟု ဧဂျင်စီသတင်းများ တွင် ဖော်ပြသည်။

အခြားအဖွဲ့အစည်းများမှ ကယ်ဆယ်ရေး လုပ်သားများသည်လည်း မုန်တိုင်းထိခိုက်မှု အများဆုံး ခံရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ပိုမိုဝင်ခွင့်ရနေပြီဖြစ်သည်။

ယခု လတ်တလောအခြေအနေ တိုးတက်လာမှုသည် နိုင်ငံပေါင်းစုံမှ ကယ်ဆယ်ရေး လုပ်သား များကို ၀င်ခွင့်ပြုကြောင်း နအဖဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောကြားပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က မုန်တိုင်းဒဏ်ခံရသည့် မြန်မာနိုင်ငံကို လူသားချင်း စာနာထောက် ထားသည့် ကူညီမှုများခွင့်ပြုရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာအစိုးရကို တိုက်တွန်းပြောဆိုခဲ့သည်။

ထိုသို့ ဘန်ကီမွန်း၏ တိုက်တွန်းပြောဆိုမှုကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မည်သည့်နိုင်ငံသား ကယ်ဆယ်ရေး လုပ်သားမဆို ခွင့်ပြုမည်ဟု ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂကမူ လူပေါင်း (၂) သန်းကျော် အကူအညီ လိုအပ်နေသည်ဟု ခန့်မှန်းထားသည်။
စောစောပိုင်းအချိန်များတွင် စစ်အစိုးရက နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို မိမိတို့ဘာသာ ထောက်ပံ့ဖြေရှင်းနိုင်သည်ဟု ခေါင်းမာပြီး တင်းခံနေခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး (၇၈,၀၀၀) ရှိပြီး (၅၀,၀၀၀) ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။
khitpyaing မှယူပါသည်

ဆက်လက်ဖတ်ရှုရန်...

စစ်အစိုးရကို အရေးယူရန်အတွက် လုံခြုံရေးကောင်စီမှ နိုင်ငံတကာတရားရုံးသို့ လွှဲပြောင်းပေးရန် တောင်းဆို

29-5-2008
မြန်မာစစ်အစိုးရအား အရေးယူရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံးသို့ လွှဲအပ်ပေးရန် မြန်မာနိုင်ငံရှေ့နေများကောင်စီက တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ မှုခင်းကို နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးသို့ လွှဲပြောင်းပေးရန် အခွင့်အာဏာရှိ သည့်အပြင် တာဝန်လည်းရှိသည့်အတွက်ကြောင့် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန် တောင်း ဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးဥပဒေကို အတိအကျ ချိုးဖောက်ခံလိုက်ရပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၃၂၅ တွင် ပါရှိသည့် အမျိုးသမီးများ၏ အခွင့်အရေး ကာကွယ်ရပိုင်ခွင့်ကိုပါ ဆက်လက်ချိုးဖောက်ခံနေရသည်ဟု ဆိုသည်။

သူမအား လက်ရှိချုပ်နှောင်ထားခြင်းသည် ၁၉၇၅ ခုနှစ်၊ နိုင်ငံတော်အား နှောက်ယှက်ဖျက်စီး သူများ အန္တရာယ်မှကာကွယ်သည့် ဥပဒေအရ အရေးယူခြင်း မဟုတ်ဘဲ ဒီပဲယင်း နောက် ဆက်တွဲအဖြစ် ထပ်ဆင့်ကျူးလွန်ခံရခြင်းဖြစ်သည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထား သည်။

ယခုမှုခင်းကို ပြည်တွင်းဥပဒေအရ သုံးသပ်ရုံဖြင့် လုံလောက်ခြင်း မရှိသည့်အပြင် နိုင်ငံတကာ ဖိအားကြောင့် ပြန်လွှတ်ပေးလျှင်လည်း လပိုင်းအတွင်းမှာပင် ပြန်လည်ဖမ်းဆီးခြင်းချုပ်နှောင်ခံ ရဦးမည်ဖြစ်သည်ဟု ၎င်းကြေညာချက်တွင် ရေးသားထားသည်။

စစ်အစိုးရသည် တည်ဆဲဥပဒေအားလုံးကို ချိုးဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့ သို့ ဖမ်းဆီးလိုက်လွှတ်ပေးလိုက်နှင့် လုပ်ဆောင်နေခြင်းများ ရပ်တန့်သွားရန်အတွက် နိုင်ငံ တကာဥပဒေအရ သုံးသပ်အရေးယူခြင်းသာ အကောင်းဆုံးဖြစ်သည်ဟု (BLC) ၏ ကြေညာချက် တွင် ဆက်လက်ဖော်ပြသည်။

ထို့အပြင် တရားမျှတမှုကိုလိုလားသည့် ဥပဒေပညာရှင်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် ပြည်သူများက စစ်အစိုးရအား နိုင်ငံတကာမှ အရေးယူဆောင်ရွက်နိုင်သည် အထိ ၀ိုင်းဝန်းကြိုးပမ်းရန် တိုက်တွန်းထားသည်။
Yoma 3 မှကူယူပါသည်

ဆက်လက်ဖတ်ရှုရန်...

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ဧရာဝတီတိုင်းသို့ မနက်ဖြန် ခရီးလှည့်လည်ဖွယ်ရှိ

ကြာသပတေးနေ့၊ မေလ 29 2008 17:49 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ စစ်အစိုးရ ဒုတိယအကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည် သောကြာနေ့တွင် ဧရာဝတီတိုင်းတွင်းရှိ နာဂစ် မုန်တိုင်းဒဏ်ခံ ဒေသများသို့ လှည့်လည်ကြည့်ရှုမည် ဖြစ်ကြောင်း စစ်ဖက်ဆိုင်ရာ သတင်းရပ်ကွက်တခုက ပြောသည်။


နေပြည်တော်တွင် ကွပ်ကဲမှု ပြုလုပ်နေရသည့် စစ်ဖက် နံပါတ် ၂ ခေါင်းဆောင်သည် မည်သည့် ဒေသသို့ သွားရောက်မည် ဆိုသည်ကိုမူ ပြောဆိုရန် ငြင်းဆန်သွားသည်။

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည် မေလ ၂ ရက်နေ့ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန် နောက်ပိုင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နှင့် စစ်အစိုးရခေါင်းဆောင် တွေ့ဆုံမှုတွင်သာ တက်ရောက်ခဲ့ပြီး လူမြင်ကွင်း တကြိမ်သာ ထွက်ခဲ့သည်။

စစ်ဘက်ခေါင်းဆောင်များ၏ ခရီးစဉ်များသည် အထူးလျို့ဝှက်ချက်ဖြစ်ပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

MIZZIMA NEWS

ဆက်လက်ဖတ်ရှုရန်...

Wednesday, May 28, 2008

နာဂစ်မုန်တိုင်းအခွေငှားသည့် ဆိုင်ပိုင်ရှင်ကို ဖမ်းဆီး

28-5-2008
စစ်အစိုးရအာဏာပိုင်များက နာဂစ်မုန်တိုင်းတိုက်ခတ်စဉ် မှတ်တမ်းတင်ထားသည့် ဗွီစီဒီအခွေ ငှားရမ်းသူတဦးကို ဖမ်းဆီးခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ အမှတ် (၂) ရပ်ကွက်နေ ဗွီဒီယိုအခွေအငှားဆိုင်ပိုင်ရှင် ကိုထင်ကျော်ဆိုသူအား ယမန်နေ့ ညနေ (၆) နာရီခန့်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

“နာဂစ်အခွေငှားလို့ဆိုပြီးတော့ ဆိုင်ကိုဝင်ရှာတာ၊ အဲဒီမှာ မုန်တိုင်းတိုက်တဲ့အခွေသုံးခွေတွေ့လို့ ဖမ်းသွားတာ၊ အခုထိပြန်မလွှတ်သေးဘူး” ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ကိုထင်ကျော်ကို လာရောက်ဖမ်းစဉ် အောင်ပန်းမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးနှင့်ရဲများအပြင် (ရယက)အဖွဲ့ဝင်များလည်းပါသည်ဟု ၎င်းကဆက်လက်ပြောသည်။

ကိုထင်ကျော်ကိုလာရောက်ဖမ်းဆီးပုံနှင့်ပတ်သက်၍ အိမ်နီးနားချင်းတဦးက “သူတို့က အရင်ဆုံး လူတယောက် လွှတ်ပြီးတော့ အဲဒီအခွေကို ငှားခိုင်းတာ၊ ပြီးတော့အဲ့ဒီအခွေကို ယူလာပြီး ဖမ်းတာ”ဟု ပြောသည်။

အဆိုပါ မုန်တိုင်းတိုက်ခတ်သည့် မှတ်တမ်းခွေများကို ရန်ကုန်မြို့ပေါ်နေရာအနှံ့ပြားတွင် ရောင်း ချနေပြီး အာဏာပိုင်များဘက်က တစုံတရာဖမ်းဆီးခြင်းမရှိသေးကြောင်း ရန်ကုန်မြို့ခံတဦးက ဆိုသည်။

“ရန်ကုန်မှာတော့ ဒီလိုဘဲရောင်းနေကြတာဘဲ၊ ဘာမှဖမ်းတာ မရှိဘူး၊ လမ်းဘေးဆိုင်တော်တော် များများမှာ ချရောင်းနေကြတာဘဲ၊ တခွေကို (၄၀၀) ကျပ်နဲ့ ရောင်းနေတာ”ဟု ပြောသည်။

ယင်းကဲ့သို့ ရောင်းချနေသည့် အခွေများတွင် လပွတ္တာ၊ ဘိုကလေး၊ ကွမ်းခြံကုန်းမြို့နယ်များမှ ဖြစ်ရပ်မှန် မှတ်တမ်းခွေများဖြစ်ပြီး ယခုရက်ပိုင်းအတွင်း လူသေအလောင်းများကိုသာ ရိုက်ထား သည့်အခွေသစ်များ ထပ်ထွက်နေကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ထို့အပြင် အချို့အခွေများတွင် စစ်တပ်မှ လုပ်ဆောင်နေပုံကို ဦးစားပေးရိုက်ကူးထားသည့် အခွေများဖြစ်ပြီး အာဏာပိုင်များဘက်မှ ၀ါဒဖြန့်ချိသည့်သဘောဖြင့် လုပ်ဆောင်နေခြင်း ဖြစ် သည်ဟု ရန်ကုန်မြို့ခံများကြားတွင် ပြောဆိုနေလျှက်ရှိသည်။
Yoma3 news

ဆက်လက်ဖတ်ရှုရန်...

စစ်အစိုးရက ဒေါ်စု၏ နေအိမ် အကျယ်ချုပ် သက်တမ်းတိုးပြန်

နယူးဒေလီ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် တိုင်းသူပြည်သားများက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း မြန်မာစစ်အစိုးရက သူမ၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို ထပ်မံ တိုးမြှင့်လိုက်ကြောင်း အစိုးရ သတင်းရပ်ကွက် တခုအရ သိရသည်။

အစိုးရ အရာရှိများက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အတိုက်အခံ ခေါင်းဆောင်၏ နေအိမ်ကို သွားရောက်ပြီး နေအိမ် အကျယ်ချုပ် သက်တမ်းတိုးမြှင့်သည့် အမိန့်စာကို ဖတ်ပြခဲ့သည်ဟု သတင်းရပ်ကွက်က ပြောသည်။ သို့သော် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိခဲ့ပါ။

ထပ်မံ တိုးမြှင့်လိုက်သော သက်တမ်းသည် ၆ လဖြစ်ကြောင်း သတင်းရပ်ကွက်က ပြောသည်။ သို့ပေမယ့်လည်း အခြားသော သတင်းဌာန အချို့က တနှစ်သက်တမ်းတိုးခြင်း ဖြစ်သည်ဟု ဖော်ပြကြသည်။

ယနေ့သည် ဒေါ်စု၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မဲအပြတ်အသတ် အနိုင်ရခဲ့သည့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရာ ၁၈ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပြန်သည်။

ဒီချုပ် အဖွဲ့ခေါင်းဆောင်များက ဒေါ်စု၏ နေအိမ် အကျယ်ချုပ် သက်တမ်း တိုးမြှင့်ခြင်းအပေါ် ကြားသိရခြင်း မရှိသေးပါ။ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သက်တမ်းတိုးသည့် သတင်းသာ မှန်ကန်လျှင် စစ်အစိုးရသည် ဥပဒေကို ချိုးဖောက်လိုက်ပြန်ပြီဟု ပြစ်တင် ရှုတ်ချလိုက်သည်။

"လုပ်ချင်ရာလုပ်တာ ဥပဒေမှာ မရှိပါဘူး။ သူတို့ လုပ်ချင်တိုင်း လျှောက်လုပ်မယ်ဆိုရင် ဒါဟာ ဥပဒေမရှိတာပဲ။ မင်းမဲ့စရိုက် ပါပဲ။" ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

သူက ဥပဒေကို နိုင်ငံသားတိုင်း လိုက်နာသင့်ကြောင်းနှင့် စစ်အစိုးရ အနေဖြင့် သူတို့ ဖန်တီးခဲ့သည့် ဥပဒေကိုပင် ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောသည်။

ကမ္ဘာတဝှမ်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအတွက် ရပ်တည် ကူညီပေးနေသည့် အမေရိကန် အခြေစိုက် Freedom Now အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် သက်တမ်း တိုးမြှင့်လိုက်ခြင်းသည် နိုင်ငံတကာ ဥပဒေကိုပါ ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

"အံသြစရာတော့ မရှိပါဘူး။ အခုဟာက ကိုယ်ပိုင် ပြဌာန်းထားတဲ့ ဥပဒေကိုရော ချိုးဖောက်လိုက်တာ ဖြစ်တယ်" ဟု အဖွဲ့၏ ဥက္ကဌလည်းဖြစ်၊ ဒေါ်စု၏ ရှေ့နေလည်းဖြစ်သူ ဂျရတ်ကင်ဆာက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ ဥပဒေအရ "နိုင်ငံတော် နှောက်ယှက် ဖျက်ဆီးလိုသူများမှ ကာကွယ်ရေး ဥပဒေ" ဖြင့် လူတယောက်ကို အမြင့်ဆုံး ငါးနှစ်အထိ တနှစ်တခါ သက်တမ်းတိုးကာ ထိန်းသိမ်းထားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေ ၂၄ ရက်၊ ၂၀၀၈ ခုနှစ်တွင် အကျယ်ချုပ်သက်တမ်း ငါးနှစ်ပြည့်ပြီး ဖြစ်သည်ဟု သူမ၏ အတိုင်ပင်ခံ ရှေ့နေ ကင်ဆာက အပြောအရ သိရသည်။ ဒေါ်စုသည် လွန်ခဲ့သည့် ၁၈ နှစ်အတွင်း နေအိမ် အကျယ်ချုပ်အားဖြင့် စုစုပေါင်း ၁၂ နှစ်ကျော် နေခဲ့ရပြီး ဖြစ်သည်။

ယနေ့ အစောပိုင်းက ဒေါ်စုနေအိမ်သို့ ချီတက်သွားကြသော ဒီချုပ်မှ လူငယ် ၂၀ ခန့်ကို ရဲများက ဖမ်းဆီးသွားခဲ့သည်။ မခံမရပ်နိုင် ဖြစ်နေကြသော လူငယ်များက ဒေါ်စုကို လွှတ်ပေးရန် ကြွေးကျော်သံများတိုင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ရဲဝံ့စွာဖြင့် ချီတက်ခဲ့သည်။
MIZZIMA NEWS

ဆက်လက်ဖတ်ရှုရန်...

Tuesday, May 27, 2008

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆန္ဒပြသည့် အန်အယ်လ်ဒီပါတီဝင်များ ဖမ်းဆီးခံရ

27-5-2008

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ် ဒီ) ပါတီဝင် (၁၅) ဦးကို ယနေ့ နေ့လယ်ပိုင်းက လုံထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီ ဗဟိုဌာနချုပ်မှ ပါတီဝင်တဦးက ပြောသည်။

အဖွဲ့ချုပ်လူဝင်များသည် အဖွဲ့ချုပ်ရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ကြွေးကြော်သံများ အော်ဟစ် ဆန္ဒပြကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဘက်သို့ လမ်းလျှောက် ဆန္ဒပြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီဝင်တဦးက “နေ့ခင်း (၁) နာရီခွဲလောက်မှာ ကလေးတွေက ဒေါ်အောင်ဆန်း စုကြည် ချက်ချင်းလွှတ်ဆိုတဲ့ ဆိုင်းဘုတ်ရယ်၊ ဗိုလ်ချုပ်ပုံရယ် ကိုင်ပြီး အန်တီစု အိမ်ဘက်ကို လျှောက်သွားကြတယ်။ အဲဒါကို ကမ္ဘာအေးဘုရားလမ်း မြရိပ်ညိုဟိုတယ်နား နှင်းဆီကုန်းနား အရောက်မှာပဲ သူတို့ကို ဒိုင်နာကားနဲ့ ဆွဲတင်သွားတယ်။ အန်တီအိမ်နား မရောက်ခင်မှာဘဲ ဒိုင်နာကားနဲ့ တင်ခံရတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူတို့မှာ ဒလမှ စောပြည့်ဖြိုးအောင်နှင့် ထက်စိုးလင်း၊ မင်္ဂလာဒုံမှ ထွန်းဝင်းသိန်းနှင့် လှမျိုးနိုင်၊ တွံတေးမြို့မှ ဆရာဦးအောင်ဖေ၊ စမ်းချောင်းမှ ထွန်းထွန်းဝင်းနှင့် ပြည့်ပြည့်၊ တာမွေမှ ကျော်မျိုးနိုင်နှင့် ကြည့်မြင်တိုင်မှ ရန်နိုင်ထွန်း၊ ရွှေပြည်သာမှ ထက်ထက်ဦးဝေနှင့် ၎င်း၏ သမီး (၁၂) နှစ်၊ လှိုင်သာယာမှ မောင်ဆန်း (ခေါ်) ဆန်းနိုင်၊ ကျော်နိုင်၊ မျိုးကျော်ဇင်၊ သက်နိုင်ထွန်း၊ ခရမ်းမှ ၀င်းမြင့်မောင်တို့ဖြစ်ကြောင်း၊ ၎င်းတို့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးသော်လည်း မရမ်းကုန်းဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့မွန်းလွဲပိုင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အနိုင်ရသည့် (၁၈) နှစ်မြောက် အခမ်းအနားတခု ဗဟိုဌာနချုပ်တွင် ကျင်းပပြီး ယမန်နေ့က စစ် အစိုးရ ကြေညာသည့် ဖွဲ့စည်းပုံမူကြမ်း ဆန္ဒခံယူပွဲရလဒ်ကို လက်မခံကြောင်းနှင့် ဒေါ်အောင် ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာသည်။
Yoma 3 news မှယူပါသည်

ဆက်လက်ဖတ်ရှုရန်...

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထပ်တိုး

၂၇-၅-၂၀၀၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ် ထပ်မံတိုးလိုက်ကြောင်း အစိုးရအရာရှိတဦးကို ကိုးကား၍ အေပီသတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယင်းသို့ အကျယ်ချုပ် သက်တမ်းတိုးခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အစိုးရက တရားဝင် ထုတ်ပြန်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ အစိုးရအရာရှိတဦးက ပြော ကြောင်း ဖော်ပြသည်။

သို့သော် သက်တမ်းတိုးမှုမှာ (၆) လ သို့မဟုတ် (၁) နှစ် ဖြစ်မည်ဆိုသည်မှာ မသေချာသေးပေ။
Yoma3 news ကူယူပါသည်

ဆက်လက်ဖတ်ရှုရန်...

အန်အယ်ဒီရုံးချုပ်အနီး ရဲနှင့်စစ်ကားများ စောင့်ကြပ်နေ

အင်္ဂါနေ့၊ မေလ 27 2008 14:17 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်ရှိ အန်အယ်ဒီပါတီ ရုံးချုပ်အနီးတွင် အာဏာပိုင်များက လုံခြုံရေးကို ယနေ့ ထူထပ်စွာ ချထားသည်။

၁၈ နှစ်မြောက် ရွေးကောက်ပွဲနှစ်ပတ်လည် အခမ်းအနားကျင်းပမည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်အနီးတွင် ရဲကား ၂ဝ နှင့် စစ်ကားများ ချထားကာ ယူနီဖောင်းများ ဝတ်ဆင်ထားသည်။

အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “တပ်ကားအစီး ၂ဝ ၊ တပ်ကားတွေလည်း ပါတယ်။ ကျနော်တို့ ဝန်းကျင်မှာတော့ ထူးထူးခြားခြား လုံခြုံရေး ချထားပါတယ်” ဟု ပြောသည်။

အလားတူပင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ တက္ကသိုလ်ရိပ်သားလမ်းသို့အဝင် ကုက္ကိုင်းမီးပွိုင့်ဘက်တွင် လုံထိန်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး၊ စွမ်းအားရှင်များအား ၂ ယောက်၊ ၃ ယောက်တတွဲစီ ချထားကြောင်း မျက်မြင်များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်း ကုန်ဆုံးမည့်နေ့နှင့် ထူးခြားစွာ တိုက်ဆိုင်နေသော ယနေ့ အခမ်းအနားတွင် အဖွဲ့ချုပ်က အထူးကြေညာချက်တစောင် ထုတ်ပြန်မည်ဟု သိရသည်။ ကြေညာချက်တွင် စစ်အစိုးရက ကျင်းပခဲ့သောဆန္ဒခံယူပွဲအပေါ် အဖွဲ့ချုပ်၏ သုံးသပ် ချက် ပါဝင်မည်ဟု မျှော်လင့်ရသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရသော အထိမ်းအမှတ် အခမ်းအနားကို ရွှေဂုံတိုင်ရုံးချုပ်တွင် မြန်မာစံတော်ချိန် ၂ နာရီတွင် ကျင်းပမည်။ အခမ်း အနားသို့ အဖွဲ့ချုပ်ဝင်များအပြင် တိုင်းရင်းသားခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်သည်။

အခမ်းအနားမကျင်းပခင် ယနေ့နံနက်စောစောက အဖွဲ့ချုပ်ရုံးတွင် လေဘေးကြောင့် သေဆုံးသွားသူများအတွက် ဆွမ်းကပ်လှူဒါန်းခဲ့သေးသည်။

အဖွဲ့ချုပ် လူငယ်ပြန်ကြားရေးတာဝန်ခံ ကိုနေခြည်ဝင်းက “ဒီအခမ်းအနားကို လုပ်ကိုလုပ်ရမယ်။ ဘာလို့လဲဆိုတော့ ၁၉၉ဝ ရွေးကောက်ပွဲမှာက အမျိုးသားသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူက ရွေးကောက်တင်မြှောက်ထားတာလေ။ ဒီဟာက ဒီမိုကရေစီကို လိုလားတဲ့ ပြည်သူတရပ်လုံး အတွက် နိုင်ငံရေးအနှစ်သာရ အပြည့်အဝရှိတဲ့ ပွဲဖြစ်တယ်” ဟု ပြောသည်။

အန်အယ်ဒီ သည် ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် တိုင်းပြည်တဝှမ်း ၈ဝ ရာခိုင်နှုန်းကျော် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ယခုထိ အာဏာအပ်နှင်းခြင်း မရှိသေးပါ။
mizzima news

ဆက်လက်ဖတ်ရှုရန်...

လေဘေးအရေး ကုလနှင့် အာဆီယံ ကိုင်တွယ်မှုကို အတိုက်အခံများ ဝေဖန်

အင်္ဂါနေ့၊ မေလ 27 2008 19:03 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လေဘေးကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် အာဆီယံ နိုင်ငံများ၏ ကြားဝင် ကိုင်တွယ်မှုအပေါ် ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများအကြား အားမလို အားမရမှုများ တိုးပွားလာလျက် ရှိသည်။

၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံတွင် ထင်ရှားခဲ့သူ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ကလည်း မြန်မာပြည်အရေးတွင် ကုလသမဂ္ဂနှင့် အာဆီယံ နိုင်ငံများသည် အစည်းအဝေးဖြင့် အချိန်ကုန်နေကာ ပြည်သူများကို နအဖနှင့် ပေါင်းသတ်နေသည့် သဘော သက်ရောက်နေသည်ဟု အပြင်းအထန် ဝေဖန်လိုက်သည်။

“ဒုက္ခရောက်နေတဲ့ ပြည်သူတွေက အရေးကြီးနေတဲ့ အချိန်မှာ အမြန်ဆုံး ကယ်ရမယ်။ ဒီလို အစည်းအဝေးတွေ ထိုင်လိုက် ပြန်သွားလိုက်၊ ဒီလို လုပ်နေလို့ မရဘူးလေ။ ဟိုမှာ လူတွေက နိုင်ငံတကာ အကူအညီ မပြောနဲ့ ဘာမှ မရသေးတဲ့ ဒေသတွေက အများကြီး ရှိနေသေးတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဓာတ်ပုံ၊ ဗီဒီယို၊ အချက်အလက်တွေ အများကြီး ရှိတယ်။ အဓိကတော့ အစာ၊ ရေ မလုံမလောက် ဖြစ်နေတာတွေ ရှိတယ်။” ဟု သူက ဆိုသည်။

ပြည်တွင်းပြည်ပတွင် ကုလသမဂ္ဂနှင့် အာဆီယံကို ဆန့်ကျင်သော လှုပ်ရှားမှုနှင့် အမေရိကန်၊ ပြင်သစ်နှင့် အင်္ဂလန်တို့၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက် စွက်ဖက်ခြင်း Humanitarian Intervention ကို တောင်းဆိုသည့် လှုပ်ရှားမှုများ စတင်ကြရန်လည်း သူက တိုက်တွန်းလိုက်သလို၊ အမေရိကန်က အီရတ်ကိစ္စကို အီရတ်ပြည်သူများ လွတ်မြောက်ရေး ကြွေးကြော်သံဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည့် သာဓကကို ထောက်ပြသည်။

“သူတို့ သွားလိုက်လာလိုက် အချိန်ဆွဲနေတယ်။ လှူတဲ့ လူတွေလည်း ထိထိရောက်ရောက် မရောက်ဘူး။ လက်တွေ့ အနေအထားမှာ သူတို့က နအဖနဲ့ ပေါင်းပြီးတော့ ဒုက္ခရောက်တဲ့ လူတွေကို သတ်နေတာ။ အဲဒါကြောင့် ကမ္ဘာတဝှမ်း လှုပ်ရှားမှုကြီး global action ခေါ်ပြီးတော့ ယူအန်၊ အာဆီယံနိုင်ငံတွေကို မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့ ဆိုတဲ့ ပုံစံမျိုး ဖြစ်တယ်” ဟု သူက ဆက်ပြောသည်။

နယ်စပ်အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (အန်ဒီဒီ) ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ကုလသမဂ္ဂနှင့် အာဆီယံ နိုင်ငံများကို နအဖက အသုံးချမှု ခံရမည်ကို စိုးရိမ်သည်ဟု ပြောသည်။ ကုလသမဂ္ဂ အဖွဲ့ကြီးသည် မြန်မာ့အရေးတွင် ဆုံးဖြတ်ချက် မပြတ်သားပါဟုလည်း ဝေဖန်သည်။

“ကုလသမဂ္ဂ တကယ်တန်း နှစ်တွေ အများကြီး ဆုံးဖြတ်ချက်တွေနဲ့ အထွေထွေ ညီလာခံမှာ၊ လူ့အခွင့်အရေး ကောင်စီမှာ၊ နောက်ဆုံး လုံခြုံရေးကောင်စီ အထိ ဆွေးနွေးပြီးပြီ။ ဒီလောက် လူမဆန်တဲ့ စစ်အုပ်စု။ နောက်ဆုံး နာဂစ်မှာ လုပ်သွားတာတောင် သူတို့ သိနေတယ်။ ဒါပေမဲ့ တိတိကျကျနဲ့ တကယ်လုပ်သင့် ဖြစ်သင့်တဲ့ အလုပ်တခုကို ကမ္ဘာ့ အဖွဲ့အစည်း တခုအနေနဲ့ ရဲရဲတင်းတင်း မဆုံးဖြတ် မလုပ်နိုင်ဘူး” ဟု သူမက ပြောသည်။

“အခုလက်ရှိ အာဆီယံနဲ့ လုပ်သွားတာကို သဘောမကျဘူး။ အားလုံး ပူးပေါင်း ဆောင်ရွက်တာတော့ ကောင်းတာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံ ပြဿနာရဲ့ အနာက သိပ်နက်နေတယ်။ အဲဒါကို နာဂစ်ကယ်ရေး အတွက်လောက်ကို ဝိုင်းပြီး ဆောင်ရွက်နေရုံလောက်နဲ့ကတော့ အဲဒီအနာတွင်း နက်ပြီးတော့မှ အပေါ်ကနေ၊ ဘေးနားလေးမှာ ထပ်ပေါက်နဲ့။ အပေါ်ကနေ ဂွမ်းနဲ့ ပတ်တီးနဲ့ ဆေးလေးဖြန်းပြီး ပိတ်ရုံလောက်နဲ့ ဒီအနာကြီး တခုလုံးက ဘယ်လိုမှ မပျောက်နိုင်ပါဘူး” ဟု သူက ဆက်ဝေဖန်သည်။

ပြည်တွင်း၌ ပုန်းအောင်းနေရသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုထွန်းမြင့်အောင်ကလည်း အာဆီယံနှင့် ကုလသမဂ္ဂ၏ ချဉ်းကပ်ပုံသည် အမှန်တကယ် အဖြေမှန်ရရေးနှင့် ဝေးကွာနေသည်ဟု ဆိုသည်။ အာဆီယံကိုလည်း စစ်အစိုးရနှင့် ပြေလည်ရေးကိုသာ ဦးစားပေးနေသည်ဟု ပြောသည်။

“အာဆီယံတွေရဲ့ အခန်းကဏ္ဍဟာ မြန်မာပြည်သူပြည်သားတွေ လွတ်မြောက်ကြောင်းကို တကယ် ခွန်အားစိုက်ထုတ် ဖြေရှင်းပေးဖို့ထက် ကျနော်တို့ တွေ့နေရတာက နအဖ စစ်အစိုးရနဲ့ ပြေလည်ရာ ပြေလည်ကြောင်း သံခင်းတမန်ခင်း စကားလုံးတွေနဲ့ပဲ လုပ်နေတယ်။ ကျနော်တို့ မြန်မာပြည်သားတွေ ကောင်းကောင်း နောကျေနေပါပြီ” ဟု သူက ပြောသည်။

ထို့အပြင် ပြည်တွင်းမှာရှိ ဒီမိုကရေစီ အင်အားစုများအနေနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် အားမကိုးဘဲ ကိုယ်တိုင်ကိုယ်ကျ ဆက်ပြီး ရုန်းကန်သွားရမည်ကို သဘောပေါက်နေပြီဟုလည်း ပြောသည်။

“မှန်ကန်တဲ့ နိုင်ငံရေး ပြေလည်မှုဆိုလို့ရှိရင် သဘာဝ ဘေးအန္တရာယ်ပဲ ကျရောက်ကျရောက်၊ ဘယ်လို ဘေးဒုက္ခတွေပဲ ကျကျ ဒါကို ပြည်သူလူထုနဲ့ ပူပေါင်းပြီးတော့ ဖြေရှင်းသွားနိုင်လိမ့်မယ်။ အခုက အမျိုးသားညီညွတ်ရေး မတည်ဆောက်နိုင်ဘူး။ နိုင်ငံတကာနဲ့ ဆက်ဆံလို့ ရှိရင်လည်း အကန့်အသတ် ဖြစ်နေတယ်။ ရှင်းပါတယ်။ နအဖဟာ အာဏာ၊ သူ့စည်းစိမ်တွေကို မက်မောနေလို့ပဲ။ အထိပါး မခံနိုင်ဘူးဆိုတာ ရှင်းနေတယ်” ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။

လူသားချင်းစာနာသည့် အကူအညီနှင့် ပတ်သက်သော နိုင်ငံတကာ ဆွေးနွေးပွဲ တရပ်ကို ယခုလ ၂၅ ရက်နေ့က ရန်ကုန်မြို့တွင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅ဝ ခန့်က ပူးတွဲ ကျင်းပခဲ့သည်။

နအဖ က မုန်တိုင်းကျပြီး ၃ ပတ်ခန့်အကြာ ယခုလ ၂၃ ရက်နေ့တွင် နိုင်ငံတကာ လေဘေးကယ်ဆယ်ရေး ဝန်ထမ်းများကို ဝင်ရောက်ခွင့်ပြုကာ အကူအညီများကို အာဆီယံ နိုင်ငံများမှတဆင့် စီမံဆောင်ရွက်ရန် ပြောဆိုခဲ့သော်လည်း ထောက်ပံ့ကူညီမှုများ ထိရောက်မှုမရှိဟု မြန်မာ အတိုက်အခံများက ပြောဆို ဝေဖန်နေကြသည်။
MIZZIMZ NEWS

ဆက်လက်ဖတ်ရှုရန်...

Monday, May 26, 2008

ဘိုကလေး၊ ဖျာပုံ လေဘေးဒုက္ခသည်များအား မအူပင်မှ ပြန်ပို့

27-5-2008

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ဘိုကလေးနှင့် ဖျာပုံမြို့နယ်တို့မှ ဒုက္ခသည်များကို နအဖစစ်အစိုးရက မအူပင် လေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေး ခဲ့ပြီးနောက် ယခုလ (၂၄-၂၅) ရက်တို့တွင် အဆိုပါဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့နေကြောင်း သိရသည်။

ဘိုကလေးမြို့နယ်မှ ကိုအောင်ဆန်းဆိုသူက “ကျနော်တို့ကို ကားပေါ်တက်၊ ကားပေါ်တက်ဆိုလို့ တက်လာတာ။ မေးကြည့်တော့ မင်းတို့ကို မင်းတို့နေရာ ပြန်ပို့မလို့ဆိုတာနဲ့ တက်လိုက်လာတာ”
ဟု ပြောသည်။

၎င်းက “ကျနော်က ပန်းဘူး စလောင်းကျ၊ ကြိမ်ချောင်းကြီး အုပ်စု ဘိုကလေးကပါ။ ကျနော့်မှာ မိသားစု (၇) ယောက်ရှိတယ်။ ကျနော်တယောက်ပဲ ကျန်တယ်” ဟု ပြောသည်။

မအူပင်၌ ဒုက္ခသည်စခန်းကို အထက (၁) မအူပင်တွင် ဖွင့်လှစ်ထားပြီး ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ တို့မှ ဒုက္ခသည်များအား ထားရှိခြင်းဖြစ်သည်။

မအူပင်ရောက်စတွင် ထမင်း ၀၀လင်လင် ကျွေးသော်လည်း နောက်ပိုင်းတွင် ပုဂ္ဂလိကများ လာလှူ သည့် အစားအသောက် အ၀တ်အထည်များကိုပင် ပြည့်ပြည့်စုံစုံ မရတော့ကြောင်း ဘိုကလေးမှ ဒုက္ခသည်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ကို နေရပ်ဒေသပြန်ပို့ပြီး နေရာချပေးဖို့လို့ ပြောတာပဲ။ ထောင်သားတွေကို တင်သလိုပဲ၊ တက်တက် အားလုံးကို ပြန်ပို့ပေးမယ်လို့ပြောတယ်။ ဘိုကလေးရောက်ရင်တော့ ဘယ်နေရာမှာထားမယ်၊ ဘာလုပ်မယ် ဒါတွေကို ဘာမှမပြောသေးဘူး” ဟုဆိုသည်။

ဘိုကလေးမြို့မှ ဒုက္ခသည်များကို ယခုလ (၂၀) ရက်က ကယ်ဆယ်ရေးစခန်းများမှ မိမိနေရပ် ဒေသများသို့ နောက်ဆုံးထား၍ ပြန်ကြရန် နအဖ လက်အောက်ခံကြံ့ဖွံ့များက အသိပေးခဲ့ပြီး နောက်ပိုင်း အချို့ဒုက္ခသည်များက ပြန်ရန်နေရာ မရှိသည့်အတွက် ခေတ္တခိုလှုံနေသော ဘုန်းတော် ကြီးကျောင်းများ၌ ဆက်လက်နေထိုင်ကြကြောင်း သိရသည်။

“အခု (၂၄-၂၅) ရက်တွေမှာ ပို့တဲ့ဒုက္ခသည်ဟာ ကားတစီးကို (၆၅) ဦးနဲ့ ကားအစီးရေ (၂၀) ရှိပြီ။ တနေ့ကို ကား (၁၀) စီးစီပါ” ဟု ဒုက္ခသည်များအား သယ်ယူပို့ဆောင်နေသည့် ကားဒရိုင်ဘာ တဦးက ပြောသည်။

(၂၄) ရက်၌ ဖျာပုံမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ဒုက္ခသည် (၆၅) ဦးကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဆန် (၅) ပြည်၊ ငွေ (၅) ထောင်နှင့် မိုးကာဖျင်များပေးပြီး ၎င်းတို့၏ နေအိမ်သို့ ပြန်ခိုင်းကြောင်း သိရသည်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက လေဘေးဒုက္ခသည်များကို ကယ်ဆယ်ရေးလုပ်ရန် အများ ကြီးလိုအပ်နေသေးကြောင်း ပြောကြားနေချိန်တွင် ယခုကဲ့သို့ ဒုက္ခသည်များအား နေရပ်များသို့ အတင်းပြန်လွှတ်နေခြင်းဖြစ်သည်။
khitpyaing မှယူပါသည်

ဆက်လက်ဖတ်ရှုရန်...

ဘန်ကောက်မြန်မာသံရုံး မီးလောင်

၂၆-၅-၂၀၀၈

မီးလောင်ကျွမ်းနေသည့် ဘန်ကောက်မြို့ရှိမြန်မာသံရုံးအား ထိုင်းမီးသတ်သမားများ
ဝိုင်းဝန်း မီးငြှိမ်းသတ်နေစဉ်
ယနေ့နံနက် (၈) နာရီခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မီးလောင်မှုဖြစ်ပွားပြီး သံရုံးဝင်းအတွင်းရှိ အဆောက်အအုံအတွင်းပိုင်း ပျက်စီးသွားသည်ဟု မျက်မြင်တဦးက ပြောသည်။

၎င်းက “ခေါင်မိုးပွင့်ထွက်သွားတယ်။ ၀ါယာလျှော့ ဖြစ်တာလို့ ပြောတာပဲ။ အပြင်ဘက်ကနေ လှမ်းကြည့်ရင် မြင်ရတဲ့အတွင်းပိုင်းက လူနေတဲ့ဆောက်အအုံ အဖြူအဟောင်းကြီးလေ။ ဆေးတွေကွာနေတဲ့ အဆောက်အအုံကြီး အမိုးတွေ အကုန်ပွင့်သွားတယ်။ မည်းတူးနေတာပဲ။ အတွင်းဘက်ကအကုန်လုံးပါသွားတယ်။ ဗီဇာဆက်ရှင်ရှိတဲ့ အဆောက်အအုံမဟုတ်ဘူး။ မီးသတ်ကားအကြီး (၄) စီး၊ အသေး (၂) စီး၊ ဆေးရုံကား (၁) စီးနဲ့ ရဲတွေရှုပ်ယှက်ခတ်နေတာပဲ” ဟု ပြောသည်။

အုတ်တံတိုင်းကာရံထားသည့် သံရုံးဝင်းအတွင်းမှ မီးခိုးများ ထွက်လာသဖြင့် ထိုင်းမီးသတ်ကား
(၄) စီးက အမြန်သွားရောက် မီးငြိမ်းသတ်ခဲ့ရကြောင်းနှင့် (၁) နာရီခန့် မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

ထိုင်းမီးသတ်အရာရှိ အနုပွန်ဆန်ဒရာက မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရသေးဟု ပြောကြားသော်လည်း မြန်မာသံရုံးမှ တာဝန်ရှိသူတဦးက ၀ါယာလျှော့ဖြစ်၍ မီးလောင်ခြင်း ဖြစ်သည်ဟု ပြောသည်။

သံရုံးအဓိကအဆောက်အအုံရှိ ဒုတိယထပ် ကြမ်းပြင်နှင့် အမိုးတို့ မီးလောင်ပျက်စီးသွားသည်ဟု ထိုင်းရဲက ပြောကြားသည်။
khitpyaing newsမှယူသည်

ဆက်လက်ဖတ်ရှုရန်...

စစ်အစိုးရက နိုင်ငံတကာနှင့်လက်တွဲ၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဟုဆို

26-5-2008

မြန်မာစစ်အစိုးရခေါင်းဆောင်များက မုန်တိုင်းဒဏ်သင့် ဒေသများတွင် နိုင်ငံခြား ကယ်ဆယ်ရေး လုပ်သားများနှင့်အတူ လက်တွဲ၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် စဉ်းစားထား ကြောင်း ပြောဆိုခဲ့သည်။

ရန်ကုန်မြို့တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာအလှူရှင်များညီလာခံတွင် စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ နိုင်ငံများကို ကျွန်တော်တို့အစိုးရအဖွဲ့က လက်ခံဖို့ အဆင်သင့်ရှိပါတယ်၊ ကျွန်တော်တို့အနေနဲ့ မြို့နယ် အလိုက် ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်း လုပ်ချင်တဲ့ ဆန္ဒရှိတဲ့သူတွေကို ခွင့်ပြုပေးဖို့ စဉ်းစားထားပါတယ်”ဟု ပြောသည်။

စစ်အစိုးရဘက်မှ နိုင်ငံခြားကယ်ဆယ်ရေးဝန်ထမ်းများကို ၀င်ခွင့်ပြုလိုက်ကြောင်း ကြေညာပြီး သည့်နောက်ပိုင်း ပထမဆုံး တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်ကာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံ ရှာဖွေရန် လိုအပ်ကြောင်း မြန်မာ စစ်အစိုးရက ပြောဆိုသည်။

နိုင်ငံတကာအလှူရှင်များညီလာခံတွင် စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ပြောကြားခဲ့ မှုများနှင့် ပတ်သက်၍ မစ္စတာဘန်ကီမွန်းက အလွန်အားတက်မိကြောင်း ပြောဆိုသည်။

အဆိုပါညီလာခံသို့မသွားရောက်မီ ဗြိတိန်ကိုယ်စားလှယ် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး ဒေါက်ကလက်အလက်ဇန္ဒြားက စစ်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် အမှန်တကယ်ဖွင့်ပေးကြောင်း သက်သေပြရန်လိုအပ်ပြီး မဖြစ်မနေလုပ်ဆောင်ရမည်ဟု ပြောဆိုသည်။

ဒေါက်ကလက်အလက်ဇန္ဒြားက “ကျွန်တော်တို့အနေနဲ့ ကယ်ဆယ်ရေးလေယာဉ်တွေ ဆင်းနေ တာကို မြင်လိုပါတယ်၊ အမှန်တကယ်ဆုံးရှုံးပျက်စီးသွားတဲ့ ဒုက္ခသည်ပြည်သူများ အရေးပေါ် လိုအပ်နေတဲ့ ဆေးဝါးများ၊ အစားအစာများ၊ သောက်ရေများ လက်ဝယ်အရောက်ကို မြင်လို ပါတယ်၊ နိုင်ငံခြားတိုင်းပြည်ကလာတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများကို တားဆီး ပိတ်ပင်မှုမရှိဘဲ လက်ခံတာကို မြင်လိုပါတယ်”ဟု ပြောသည်။

မစ္စတာ အလက်ဇန္ဒြားသည် မစ္စတာ ဘင်ကီမွန်းနှင့်တွေ့ဆုံခဲ့ပြီး နာဂစ်ဆိုက်ကလုံးကြောင့် ဒုက္ခသည်များကို ကယ်တင်ရန် မြန်မာစစ်အစိုးရအာဏာပိုင်များသည် သူတို့ပြောတဲ့အတိုင်း လုပ်ရမည်ဟု သတိပေးခဲ့သည်။

လွန်ခဲ့သောအပတ်အတွင်း ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းကို ဗြိတိန်နိုင်ငံမှ လေယာဉ် (၁၁) စီး ပေးပို့ခဲ့ပြီး ရန်ကုန်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများရှိ လူ (၂၅၀,၀၀၀)အတွက် နေစရာ အိုးအိမ်များ ကူညီရန် စီစဉ်ထားကြောင်း အလက်ဇန္ဒြားက ဆက်လက် ပြောဆို ခဲ့သည်။
Yoma3 news

ဆက်လက်ဖတ်ရှုရန်...

ရန်ကုန် အလှူရှင်များ ကွန်ဖရင့်

တနင်္လာနေ့၊ မေလ 26 2008 19:03 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ ဆိုင်ကလုံး မုန်တိုင်း ဒုက္ခသည်များ ကယ်ဆယ်ရေး အတွက် နိုင်ငံတကာ အလှူရှင်များ ကွန်ဖရင့်တရပ်ကို ရန်ကုန်မြို့တွင် တနင်္ဂနွေနေ့က ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၅ဝ ခန့်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ဤကွန်ဖရင့်သည် ကောလဟလများ၊ နိုင်ငံ ခြေပုန်းခုတ်မှုများ၏ နောက်ကွယ်တွင် ကျင်းပသွားခဲ့ခြင်း ဖြစ်သည်။

လူပေါင်း အနည်းဆုံး ၁၃၅ဝဝဝ သေဆုံး၍ လူပေါင်း ၂ သန်းကျော် အကူအညီများ လိုအပ် နေစေသည့် မေ ၂ ရက်က တိုက်ခတ်ခဲ့သော ဆိုင်ကလုံး မုန်တိုင်းအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေး မပါစေရန် လူသားချင်း ကယ်ဆယ် စောင့်ရှောက်သည့် အဖွဲ့အစည်းများ၊ မြန်မာအစိုးရနှင့် အခြားသူ အများအပြားက လူသိရှင်ကြား ပန်ကြား မေတ္တာရပ်ခံထားခဲ့သော်လည်း၊ ပဋိပက္ခများနှင့် ပြည့်နှက်နေသော မြန်မာနိုင်ငံအတွက် နိုင်ငံရေးမှာ အဓိက အကြောင်းအရာတရပ် ဖြစ်မြဲ ဖြစ်နေသည်။

အဓိက နိုင်ငံရေး ဖဲချပ်မှာ မေလ ၂၄ ရက်နေ့တွင် ထိန်းသိမ်းမှု သက်တမ်း ၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည့် ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်နေသည်။ တည်ဆဲ မြန်မာနိုင်ငံ၏ ဥပဒေအရ နိုင်ငံတော် လုံခြုံရေးအတွက်အန္တရာယ်ရှိသည် ဟူသော စွပ်စွဲချက်ဖြင့် နောက်ထပ် ဆက်လက် ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ပါ။

မုန်တိုင်းဒဏ် ခံခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက်ကြည့်ရှုရန် သူမကို လွှတ်ပေးလိုက်ပြီ ဟု အတိုက်အခံ နိုင်ငံရေးသမားများနှင့် နီးစပ်သော သတင်းရပ်ကွက်တွင် ကောလဟာလများ ပျံ့နှံ့နေခဲ့သည်။ ဤသတင်းမှာ သတင်းမှားသာ ဖြစ်ကြောင်း နောက်ပိုင်းတွင် သိလာရသည်။ သို့သော် သူမထံသို့ အာဏာပိုင်များ စနေနေ့က သွားရောက်ခဲ့ကြောင်း၊ မည်သည့် အကြောင်းအရာများ ပြောဆို ဆွေးနွေးခဲ့သည်ကိုမူ မသိရသေးကြောင်းလည်း ဒေသခံ အတိုက်အခံ နိုင်ငံရေးပါတီနှင့် နီးစပ်သော သတင်းရပ်ကွက်က ယနေ့ ထုတ်ဖေါ် ပြောဆိုပါသည်။

မည်သို့ပင်ဖြစ်စေ စစ်အစိုးရ၏ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲမှာ အနိုင်ရရှိသွားခဲ့ပြီး ဖြစ်သည်ဟု စစ်အစိုးရက ကြေညာသွားခဲ့ပြီ ဖြစ်ပြီး ယင်းကို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားရုံးတွင် ရင်ဆိုင်ခုခံ သွားမည်ဟု ဆိုထားပါသည်။ ဆန္ဒခံယူပွဲတွင် ဤသို့ အနိုင်ရရှိခဲ့ပုံရခြင်းကြောင့်သာ ဒေါ်ဆောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရ၏ ဆိုင်ကလုံး ကယ်ဆယ်ရေးမဟာ ဗျူဟာ အမှားအယွင်းများ ရှိခဲ့ခြင်းကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံတကာ ဖိအားကြောင့် မဟုတ်ပါ။ ဤကိစ္စမှာ ပြည်တွင်း နိုင်ငံရေး ရှုခင်းမြင်ကွင်း အပြောင်းအလဲ သက်သက်ကြောင့် ပေါ်ထွက်လာခဲ့သည့် အရာသာ ဖြစ်ပါသည်။ ဆန္ဒခံယူပွဲသာ မပြီးသေးဟု ဆိုလျှင် အတိုက်အခံများ၏ ဥပဒေဘောင်အတွင်း နိုင်ငံရေးလုပ်ကွက် မှန်သမျှကို စစ်အစိုးရက တားဆီး ကန့်သတ်မှုများ လုပ်နေမည်သာ ဖြစ်သည်။ အကျိုးဆက် အဖြစ် မြန်မာ့ နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍမှာ ခိုင်မြဲသထက် ခိုင်မြဲလာမည်သာ ဖြစ်သည်။

ယနေ့ ကျင်းပသည့် နိုင်ငံတကာ ကယ်ဆယ်ရေး ကွန်ဖရင့်ကို တုံ့ပြန်သည့် အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က “ယေဘူယျကျသော ဒီမိုကရေစီ အပြောင်းအလဲများကို စစ်အစိုးရက မလုပ်သ၍ ထိရောက်သော နိုင်ငံတကာ အကူအညီများ ဖြစ်ပေါ်မလာနိုင်ပါ” ဟု ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။ ဤတရားဝင် ရပ်တည်ချက် သဘောထားသည် ဤသို့ တမျိုးသားလုံး အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် တကမ္ဘာစီ ခြားနေသော ဘက် ၂ ဘက်ကို နီးကပ်လာအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပါ။

မည်သို့ပင်ဖြစ်စေ ကုသသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကမူ အသက်ပေါင်းများစွာ ကယ်ဆယ်ရေးကိုသာ အာရုံထား လုပ်ဆောင်ကြရန်၊ ဤပြဿနာအပေါ် နိုင်ငံရေး မလုပ်ကြရန် သူ၏ အဖွင့်မိန့်ခွန်းတွင် မေတ္တာ ရပ်ခံသွားခဲ့သည်။

“ကျနော်တို့ အားလုံး အသက်ပေါင်းများစွာ ကယ်တင်ရေးနဲ့ မြန်မာနိုင်ငံကို ပြန်လည် တည်ဆောက်ရေးအတွက်သာ အခုအချိန်မှာ အာရုံ စိုက်သင့်ပါတယ်။ နိုင်ငံရေး ကိစ္စတွေကို မပြောကြပါနဲ့” ဟု မစ္စတာဘန်က ပြောကြားသွားခဲ့သည်။

“ကျနော် နိုင်ငံတကာ အသိုင်းအဝိုင်းကိုရော၊ မကြာခင်က တွ့ဆုံခဲ့တဲ့ မြန်မာ အာဏာပိုင်တွေကိုရော အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ ကျနော်တို့ လတ်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုဟာ လူသားများကို ကယ်ဆယ် စောင့်ရှောက်ရေး ကိစ္စကြီးပါ” ဟု မစ္စတာဘန်က ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ဤအတောအတွင်း စစ်အစိုးရ၏ အုပ်စိုးမှုကို ရှည်ကြာစွာ ခုခံ ဆန့်ကျင်ခဲ့သူတို့ကလည်း ဤသဘာဝ ကပ်ဘေးကြီးအပြီး စစ်အစိုးရထံမှ ပိုမို အလျော့ပေး လိုက်လျောမှုများ ရရှိရန်သာ ကြိုးပန်း လုပ်ဆောင်နေခဲ့ကြသည်။ အသံအကျယ်ဆုံးမှာ အမေရိကန် ဖြစ်သည်။ အမေရိကန်သည် မိမိ၏ ရေတပ်ဖွဲ့ကို အခြားသော ရေတပ်ဖွဲ့များ ဖြစ်ကြသည့် ဗြိတိန်၊ ပြင်သစ် ရေတပ်ဖွဲ့များနှင့်အတူ ဆိုင်ကလုံး ကူညီရေးအတွက်ဟုဆိုကာ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် ရပ်နား စောင့်ဆိုင်းနေစေပြီး မုန်တိုင်းဒဏ်ခံ ဒေသများသို့ ခြွင်းချက်မရှိ ဝင်ရောက်ခွင့်ပေးရေး တောင်းဆိုလျက် ရှိသည်။ သို့သော် အနောက် နိုင်ငံတပ်များ မြန်မာ့မြေပေါ်တွင် တပ်စွဲချထားခွင့်ရရေး၊ တနည်းအားဖြင့် ကျူးကျော် ဝင်ရောက်ခွင့်ရရေးမှာ လက်ရှိအချိန်တွင် စိတ်ကူးယဉ်မျှသာ ဖြစ်ပေလိမ့်မည်။

ဆိုင်ကလုံး မုန်တိုင်းဒုက္ခသည်များ ကူညီရေးအတွက် သူတို့ နိုင်ငံအနေနှင့် အမေရိကန်ဒေါ်လာ သန်း ၂ဝ ပေးအပ်ရန် ကတိပြုပြီး ဖြစ်သည်ဟု အမေရိကန်က ကြွားလုံးထုတ်ခဲ့သည်။ သို့သော် ဤကွန်ဖရင့်တွင် ပေးအပ်ရန် ကတိပြုကြသော အကူအညီ ပမာဏ ကိန်းဂဏန်းမှာ ရှင်းရှင်းလင်းလင်း မရှိလှသေးပါ။ ယခုအထိ အမေရိကန်ဒေါ်လာ ၇၂.၅ သန်း ပေးအပ်ပြီး ဖြစ်သော ဥရောပသမဂ္ဂက နောက်ထပ် ၂၆.၈ သန်း ပေးအပ်ရန် ကတိပြုခဲ့သည်။ တရုတ်က စုစုပေါင်း ၁၁ သန်း၊ သြစတြေးလျားနှင့် ဖိလိပိုင်က ၂၄ သန်းနှင့် သန်း ၂ဝ အသီးသီးစီ၊ တောင်ကိုးရီးယားက ကနဦး ကတိပြုချက်ကို တိုးမြှင့်ကာ စုစုပေါင်း ၂.၅ သန်းပေးမည်ဟု အသီးသီး ကတိပြု သွားခဲ့ကြသည်။

မုန်တိုင်းဒဏ် ခံခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသသို့ အကူအညီပေးရေး လုပ်သားများအားလုံး ဝင်ခွင့်ပေးမည်ဟု စစ်အစိုးရက ကြေညာခဲ့ခြင်းကို အစကတဲက မယုံသင်္ကာ ဖြစ်နေခဲ့သော နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ပထမဆုံး အတားအဆီးနှင့် ကြုံနေရပြီ ဖြစ်သည်။ အကူအညီပေးရေး လုပ်သားအားလုံး မိမိတို့ မည်သည့် ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းများ လုပ်မည်၊ မည်သည့်ပုံစံ လုပ်ထုံးလုပ်နည်းများနှင့် လုပ်မည်ကို သေချာစွာ ရှင်းလင်းဖေါ်ပြ၍ ဘန်ကောက်သံရုံးတွင် ပထမဆုံး ဗီဇာလျှောက်ထားရန် လိုသည်ဟု စစ်အစိုးရက သတ်မှတ်လိုက်သည်။

အပေါ်ယံအနေဖြင့် ကြည့်လျှင် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ကွန်ဖရင့်တွင် လုံခြုံရေး အစီအမံများကို လိုအပ်သလောက် တိုးမြှင့် ချထားသည်မှ လွဲ၍ ရန်ကုန်တွင် ထူးထူးခြားခြား လုံခြုံရေးအရ အသင့် တပ်လှန့်ထားခြင်းမျိုး မတွေ့ရပါ။ မကြာသေးခင်က ပြီးဆုံးသွားသည့် အရေးပါလှသော ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲနှင့် ယခု ကျင်းပသည့် နိုင်ငံတကာ အကူအညီပေးရေး ကွန်ဖရင့်တို့ ရှိနေခဲ့သော်လည်း ရန်ကုန်၏ အခြေအနေမှာ အေးအေးဆေးဆေးပင် ဖြစ်သည်။ သို့သော် မမြင်ရသော အောက်ခြေတွင်မူ ကယ်ဆယ်ရေး လုပ်ငန်းများ ၊ တိုင်းပြည်၏ နိုင်ငံရေး အလားလာတို့နှင့် ပတ်သက်၍ မကျေနပ်မှုများမှာ ကျယ်ကျယ်လောင်လောင်ပင် ကြားနေရဆဲ ဖြစ်သည်။
မဇ္ဈိမသတင်းဌာန မှယူပါသည်

ဆက်လက်ဖတ်ရှုရန်...

လေဘေးဒုက္ခသည်များကို ကူညီတဲ့ ကား ၇ဝ ကျော် ဖမ်းဆီးခံရ

တနင်္လာနေ့၊ မေလ 26 2008 19:24 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဧရာဝတီတိုင်းအတွင်း လေဘေး ဒုက္ခသည်များကို ကူညီပြီး ပြန်လာသည့် အလှူရှင်များ၏ ကားစီးရေ ၇ဝ ကျော်ကို ယမန်နေ့က ရန်ကုန်သို့ ပြန်အဝင်တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။

ရန်ကုန်သို့ ပြန်ဝင်လာသည့် ကားများကို ရဲမှူးကြီး လူလူဝင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက လှိုင်သာယာမြို့ ပန်းလှိုင် တံတားအနီးတွင် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ တညလုံး ဖမ်းဆီးနေခဲ့ခြင်း ဖြစ်သည်။

“တံတား ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် အစီး ၅ဝ လောက် တန်းထားတယ်။ နောက် အင်းစိန် ဂျီတီအိုင် ဝင်းထဲမှာ ၂၂ စီး။ မနေ့ည ၈ နာရီကမှ ဖမ်းတာ။ အခု လောလောဆယ် ပြန်မပေးသေးဘူး၊ အခုထိပါပဲ။ ကားပိုင်ရှင်တွေကို ဒီနေ့ ခေါ်တယ်။ ကား ပြန်မပေးသေးဘူး” ဟု အန်အယ်ဒီ လူငယ်အဖွဲ့ (ဗဟို) မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဖမ်းဆီးရခြင်းသည် ဥပဒေ ချိုးဖောက်ခြင်းကြောင့်ဟု ရဲများက ပြောဆိုသည့်အပြင် လှူဒါန်းလိုများသည် ရန်ကုန်တိုင်း ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒေးဒရဲမြို့ရှိ မြို့နယ် မယက အာဏာပိုင်များကို အကူအညီ တောင်းပြီးနောက် လှူဒါန်းရန်နှင့် လမ်းပေါ်သို့ ပစ်ချပေးခြင်းသည် အကျင့်စာရိတ္တ ပျက်ပြားစေသော စိတ်ဓာတ်များ ပေါ်ပေါက်ရန် နှိုးဆော်ပေးသည့်အတွက် ထိုကဲ့သို့ မလှူဒါန်းရန် ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ကြေညာချက် ထုတ်ခဲ့သည်ဟု ဆိုသည်။

အနုပညာရှင် ကိုဇာဂနာက “ဒီလို လှူဒါန်းတာက ပြဿနာမရှိဘူး။ ဒါပေမဲ့ လမ်းလယ်ခေါင်မှာ ဟိုပစ်ပေး ဒီပစ်ပေး၊ နောက်ပြီး ပြဿနာတွေလည်း ဖြစ်တယ်ပေါ့လေ။ အဲလိုမျိုးကျတော့ လှူဒါန်းတာတွေက လှူရာမရောက်ဘူး။ နောက်တော့ နိုင်ငံတော်က စနစ်တကျ လုပ်တာကို အနှောင့်အယှက် ဖြစ်တယ်ပေါ့။ ဒုက္ခသည်တွေက စခန်းသွားဖို့ လုပ်တာကို သူတို့က စခန်းမသွားဘဲနဲ့ လမ်းပေါ်မှာပဲ လုပ်တာပေါ့လေ။ တချို့က အဲလိုရှိတယ်” ဟု ဖမ်းဆီးရာ၌ အကြောင်းပြပုံကို ပြန်ပြောပြသည်။

ကားများကို အင်းစိန် ရွာမရှိ ဂျီတီအိုင် ကျောင်းထဲတွင် ထားရှိကာ ကားပိုင်ရှင်များကို ယနေ့တွင် ထပ်မံခေါ်ထားကြောင်းနှင့် ယခု ဖမ်းဆီး နေသူများသည် ကျိုက္ကဆံ စစ်ကြောရေး စခန်းမှ စစ်တပ်နှင့် ရဲများဖြစ်ကြောင်း ကြားသိရသည်ဟု နာရေး ကူညီမှုအသင်းမှ ရုပ်ရှင်မင်းသား (ဦး) ကျော်သူက ပြောသည်။

“အများ ပြောနေတာက ကျိုက္ကဆံ စစ်ကြောရေးက ခေါ်သွားတယ်လို့ ပြောတယ်။ ရဲရော၊ စစ်တပ်ရော ပါမယ်ထင်တယ်။ ညဘက် ကားအစီး ၁ဝဝ လောက်ရှိမယ်။ မနေ့က ကား တော်တော်များတယ်၊ ကျနော်တို့ ကားတော့ အဖမ်းမခံရဘူး။ ဒီနားက သူတို့က အသင်းအဖွဲ့တော့ မဟုတ်ဘူးပေါ့နော်။ ဆန်တို့သွားလှူတာ ဟိုင်းလပ်စ် နှစ်စီးလည်း ကားရော လူရော အဖမ်းခံရတယ်။ လူကိုတော့ ညမိုးချုပ်မှ ပြန်လွှတ်လိုက်တယ်” ဟု ဦးကျော်သူက ပြောသည်။

သူက ဆက်ပြီး “နိုင်ငံတကာ လူကြီးတွေလည်း ရောက်နေတာကို အဲလို လုပ်နေတယ်ဆိုတော့ မကောင်းပါဘူး။ အကုန်လုံးက မြန်မာလူမျိုး မိသားစုတွေ။ ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးကြတာကို အဲလိုကြီး ဖမ်းဆီးတာကတော့ မကောင်းပါဘူး။ ဒီနေ့ ကျနော်တို့ကို လာပြီး သတိပေးတာရှိတယ်။ ကားတွေကို အပြစ်ရှာတယ်ပေါ့လေ။ မီးလင်းလား၊ မီးမလင်းရင် ယာဉ်စည်းကမ်းနဲ့ ဖမ်းမယ်လို့ ပြောတယ်” ဟု ပြောသည်။

ထို့အပြင် ယနေ့တွင်လည်း ရန်ကုန်မှ ဝင်လာမည့် လေးဘေးကူညီရေး အလှူရှင်များ၏ ကားများကို ဒေးဒရဲ၊ မအူပင် ဂိတ်များတွင် အာဏာပိုင်များက တားဆီးထားသဖြင့် အလှူရှင်များက ကားနှင့် အစောင့် ထားခဲ့ကာ ပြန်လှည့်ရကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ဒေါ်မြင့်မြင့်မူက ပြောသည်။

ယနေ့တွင် လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်တံတား အနီးတွင် လုံထိန်းများလည်း ချထားသည်။
.mizzimaburmese မှယူပါသည်

ဆက်လက်ဖတ်ရှုရန်...

Sunday, May 25, 2008

လုပ်ပြီးစား စားပြီးလုပ်နေရသော နိုင်ငံရေးသမားဆိုသူများ

မီးခဲ
25-5-2008
တိုင်းပြည်က ပြည်သူလူထု အခြေအနေတွေကြောင့် စိတ်လက်မချမ်းသာဖြစ်ရ အားမလိုအားမရ ဖြစ်နေရချိန်မှာ မိမိကိုယ်မိမိတောင်မှ ငါတို့ပြည်သူတွေအတွက် ဘာတွေများ တနေ့တနေ့ စဉ်းစားခဲ့သလဲ၊ ဘယ်လောက် အချိန်ပေးပြီးပြီလဲဆိုတာ မကြာခဏ မညာစတမ်း မေးခွန်းထုတ်နေရချိန်မှာ ဘယ်သူ့တွေကိုမှ အပြစ်တွေ မပြောချင်ပါဘူး။ လူတိုင်းလူတိုင်း မိမိယုံကြည်ရာကို ကိုင်စွဲနေပြီး ကောင်းရာကောင်းကျိုးတွေ လုပ်နေကြမှာပဲလို့ပဲ တွေးထင်ခဲ့မိပါတယ်။

အခုတော့ သိပ်တရား လွန်နေကြပြီ။ မိမိစားခွက်လေးတွေ ပျောက်မှာစိုးလို့ ပြည်သူလူထုရဲ့ မျက်နှာကိုတောင် မကြည့်ဘဲ တရုတ်ကို အဖေတော်ချင်နေတဲ့ ပါတီတခုက ပုဂ္ဂိုလ်တွေအကြောင်းကို ဖွင့်ထုတ်ပြောဆိုဖို့ အချိန်ရောက်ပြီလို့ ယူဆမိတဲ့အတွက် စာရေးဖြစ်တော့တာပဲ။ အဲဒီပါတီက လူတွေတင် မဟုတ်ပါဘူး။ ကိုယ့်အကြောင်းကိုယ် သိနေကြတဲ့ သူတိုင်းအတွက်လည်း ရည်ညွှန်းရာ ကျပါတယ်။

အဲဒီပါတီက ကြေညာချက်ကို အင်တာနက်ကနေ တွေ့လိုက်ရတယ်။ တတိုင်းတပြည်လုံးနှင့် ဆိုင်သော အရေးကိစ္စကြီးတွင် ပြည်တွင်းပြည်ပ အင်အားစုများအားလုံး အတူတကွ ပါဝင်ဆောင်ရွက်ခွင့်ပြုရန် တောင်းဆိုတဲ့ သူတို့ရဲ့သဘောထားကို ဖတ်လိုက်ရတယ်။ စစ်အုပ်စုထက်တောင် နောက်ကျပြီး မြန်မာမုန်တိုင်းရေးကို အရေးတယူလုပ်တဲ့ အဖွဲ့အစည်း ရှိပါသေးလားလို့ သံဝေဂ ရမိပါတယ်။ ခင်ဗျားတို့ နိုင်ငံရေးသမားလို့ ခံယူထားသူတွေမှာ အားအားရှိ ကြေညာချက်ထုတ်ပြီး တရားမ၀င်တဲ့ စစ်အုပ်စုကို ခဏခဏ လက်ဖြန့်တောင်းနေတာ မရှက်ကြဘူးလားလို့ ပြောချင်ပါတယ်။

နာဂစ်မုန်တိုင်းဖြစ်တာ ကြာပြီ။ ဘယ်အဖွဲ့အစည်းက လူထုနစ်နာချက်ကို ထုတ်ဖော်နေကြလဲ၊ ဘယ်နိုင်ငံ ရေးသမားတွေကများ ကိုယ့်ပြည်သူအရေးကို စိတ်ဝင်စားမှု ရှိကြသလဲ၊ စာနာမှုတွေ ထားကြသလဲ လူထု ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ နိုင်ငံတကာ အကူအညီတွေ ရနိုင်ဖို့ ဘာတွေများ တွန်းတွန်းတိုက်တိုက် အားပေး ဆောင်ရွက်တာတွေ လုပ်ကြသလဲ၊ ခင်ဗျားတို့ ပါသလား၊ ဗုတ်နိုးကျတော့ ငွေရလို့ အငမ်းမရ အော်ကြ ဟစ်လိုက်ကြတာ ၀ါဒဖြန့်ချိရေးတွေ လုပ်လိုက်ကြတာ။ အဲဒီကြေညာချက်ကလည်း ခင်ဗျားတို့ရဲ့ ဗုတ်နိုး လက်ကျန်ရှင်းတမ်း ဖြစ်လိမ့်မယ်နဲ့ တူတယ်။ အခုချိန်မှာ ဗုတ်နိုးတွေ မရှိတော့ဘူး။ တရားမ၀င်တဲ့ လူထုက မရွေးချယ်တဲ့ စစ်အုပ်စုအတွက် ကြီးမားတဲ့ အကျပ်အတည်း ရောက်နေပြီ။ ခင်ဗျားတို့ နိုင်ငံရေးသမားတွေ လုပ်လို့တော့ မဟုတ်ဘူးနော်။

ရှင်းပါတယ်။ မုန်တိုင်းကြီးက အပြစ်မဲ့တဲ့ သူတွေကိုလည်း သေစေတေယ်၊ အပြစ်ရှိတဲ့ သူတွေကိုလည်း ကံအကျိုးတူ ပေးမှာပဲ၊ ခင်ဗျားတို့ကိုလည်း အကျိုးတူ ပေးတော့မယ်။ လုပ်စားခွင့်တွေ အထူးသဖြင့် နိုင်ငံရေးကို စီးပွားရေးလုပ်ငန်းလို လုပ်စားခွင့်တွေပျောက်ပြီး စားပြီးသား ငွေတွေကြောင့် ပြန်ပြီး လုပ်ပေးနေရတာတွေ ရပ်ရတော့မယ်။ နိုင်ငံတကာက အကူအညီတွေ ပြည်သူတွေဆီကို တိုက်ရိုက်ရောက်တော့မယ်။ အနှစ် (၂၀) လောက် စားလာကြတဲ့ ခင်ဗျားတို့တွေ စိုးရိမ်နေကြပြီ မဟုတ်လား။ နာဂစ်မှာ စစ်အုပ်စုလိုပဲ ဘာမှ မဖြစ်သလို နေနိုင်ကြတာ ခင်ဗျားတို့ နိုင်ငံရေး လုပ်စားတွေပဲ ရှိတယ်။

ပြည်သူတရပ်လုံး လူတွေလို အသက်ရှင်ရပ်တည်ခွင့် မရှိတဲ့အချိန်မှာ သူတို့ကို ကယ်ဆယ်မယ့် နိုင်ငံတကာကို မျှော်လင့်နေချိန် ခင်ဗျားတို့လို မဖြစ်စလောက် လက်တဆုပ်စာလောက်သာရှိတဲ့ ပါတီက အမေရိကန်တော့ အ၀င် မခံနိုင်ဘူး၊ ပြင်သစ်တို့ ၀င်လို့မရဘူး၊ တိုင်းပြည်ရဲ့ အချုပ်အခြာကို ထိခိုက်မယ်၊ ၀င်ပြီးရင် ပြန်ထွက်မှာ မဟုတ်ဘူး ခင်ဗျားတို့ ပါတီသဘောက ကုလသမဂ္ဂ၀င်တာတောင် မကြိုက်ဘူးလို့ ဆိုနေတော့ ခင်ဗျားတို့ဟာ နအဖက လွှတ်လိုက်တဲ့ လူတွေလားလို့ မေးရလိမ့်မယ်။ တရားဝင် စာထုတ်ပြောဖို့ကျတော့ ဘာကြောင့် သတ္တိတွေ မရှိကြတာလဲ။ ခင်ဗျားတို့ သဘောထားက ငွေရဖို့အတွက် မျက်နှာကို လိုသလို ပြောင်းလုပ်ရတယ်။ စကားကို လိုသလို ပြောရတယ်ဆိုတော့ အရောင်တွေလည်း အမျိုးမျိုး ပြောင်းနေတာ မဆန်းလှပါဘူး။

တရုတ်နိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်ရင် လုံခြုံရေးကောင်စီမှာ ဗီဒိုအာဏာသုံး ပယ်ချလို့ မြန်မာနိုင်ငံ နစ်နာခဲ့တာ၊ မြန်မာတပြည်လုံးမှာ တရုတ်က လွှမ်းမိုးပြီး စီးပွားရေးအရ နယ်ချဲ့နေတာတွေ မြန်မာကို လက်နက်ရောင်းနေတာတွေ အားလုံးကို သိသိကြီးနဲ့ တရုတ်အိုလံပစ်ကို ဆန့်ကျင်တာကို မကြိုက်ဘဲ တရုတ်ကို မဆန့်ကျင်ဖို့ ခင်ဗျားတို့ပါတီက ပုဂ္ဂိုလ်ကြီးတချို့ ပြောနေတာတွေကလည်း စဉ်းစားစရာတွေပါပဲ။ ခင်ဗျားတို့ အဖေ တရုတ်ကို အထိမခံဘူးဆိုတော့ အနီတွေလား မေးချင်တယ်။ အမေရိကန် စတိတ်ဒီပါ့မန့်က ချပေးတဲ့ အန်အီးဒီက ငွေတွေ၊ အိုင်အာအိုင်က ငွေတွေကို အနှစ်(၂၀)လုံး သုံးပြီး နိုင်ငံတကာမှာ ဒီမိုကရေစီ အော်နေသူတွေက နီချင်တော့လည်း နီသွားပြန်ရောပါလား။

ပါတီဗဟိုကော်မတီဝင် အများစုကြီးက အမေရိကန်၊ အင်္ဂလန်၊ နော်ဝေနိုင်ငံတွေမှာ ခိုလှုံခွင့်တောင်း၊ ဒုက္ခသည်တွေ လျှောက်နေပြီး နိုင်ငံရေးလုပ်စားနေပြီး ကျုပ်တို့ပြည်သူတွေကို နိုင်ငံတကာက ကယ်ဆယ်ရေး တပ်တွေက အကူအညီပေးမယ် ဆိုတာကိုတော့ လက်မခံနိုင်ဘူးလို့ ခင်ဗျားတို့ ပါးစပ်က ပြောရဲတယ်ဆိုတာ သိပ်လည်း တရားကျစရာ ကောင်းလှပါတယ်။ အခုတော့ နိုင်ငံတကာက ဖိအားတွေ များလာပြီ။ မြန်မာ့အရေးက ထိပ်တန်း ရောက်လာပြီ။ ကိုယ့်ပြည်သူအပေါ်မှာ ယုတ်ကန်းပက်စက်တဲ့ အကြင်နာတရားမရှိတဲ့ စစ်အုပ်စုကြောင့် မြန်မာပြည်အရေးဟာ ကမ္ဘာ့စာမျက်နှာပေါ် ရောက်လာပြီ။ ခင်ဗျားတို့လုပ်လို့ မဟုတ်ဘူးဆိုတာ သိပါတယ်နော်။

ပြည်တွင်းမှာ အကူအညီတွေ ရလာမှာကို မလိုလားကြဘဲ နှုတ်ဆိတ်နေတဲ့ ခင်ဗျားတို့တွေ နိုင်ငံတကာက အကူအညီတွေ ပေးတော့မယ်ဆိုမှ ပြည်တွင်းပြည်ပ အင်အားစုတွေပါ ၀င်ခွင့်ပြုရန် တောင်းဆိုတယ်ဆိုတော့ ခင်ဗျားတို့တွေ စားလို့ မ၀ကြသေးဘူးလားလို့ မေးချင်တယ်။ မုန်တိုင်းဖြစ်လို့ ပြည်သူတွေ ပူဆွေးသောက ဖြစ်ရ၊ အားကိုမဲ့ ဖြစ်နေရချိန် ရက်(၂၀)ကျော်သွားပြီ။ ရက်ပေါင်းများစွာ နာရီပေါင်းများစွာ ပြည်သူတွေ အသက်ရှင် ရပ်တည်ရေး ကြိုးစားနေရချိန်မှာ ပြည်သူသာအမိ ပြည်သူသာအဖဆိုတဲ့ ခင်ဗျားတို့တွေ ဘယ်ချောင်တွေမှာ ရောက်နေကြလဲ။ အစည်းအဝေး ဆီမီနာတွေမှာ အဆီရစ်နေတဲ့ မျက်ခွက်တွေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး အကြောင်းတွေ ဗုတ်နိုးအကြာင်းတွေကို ဒိုနာကြိုက်အောင် ပြောပြနေရမယ်နဲ့ တူတယ်။

ခင်ဗျားတို့ပါတီက လူတွေရဲ့ သမိုင်းကြောင်းက စုံစမ်းမှပဲ အဖြစ်မှန် ပေါ်တော့တယ်။ ခင်ဗျားတို့ပါတီက မြန်မာပြည်မှာ ဒုတိယ အင်အားအကြီးဆုံးပါတီ ဖြစ်ခဲ့တယ်လို့ သိလိုက်ရတယ်။ သို့သော် ပါတီက နှစ်ခြမ်းကွဲထားတယ်။ ၁၉၈၉က စစ်အုပ်စုနဲ့ အပေးအယူလုပ်ပြီး ကော်မရှင်က ခွင့်ပြုခဲ့တာ ခင်ဗျားတို့မှန်း အစက မသိခဲ့ဘူး။ အခုမှပဲ ဇာတ်ရည်လည်တော့တယ်။ ပါတီထဲ အနီတွေ ၀င်လာပါပြီဆိုပြီး လန့်လန့်ဖြန့်ဖြန့်ဖြစ်တာ ခင်ဗျားတို့ အုပ်စုတွေမှန်း မသိခဲ့ပါဘူး။ အခုတော့ ခင်ဗျားတို့က သိပ်နီနေပြီး တရုတ်ထိရင် မခံဘူးလို့တောင် ဖြစ်နေတော့ မျက်စိတွေ လည်သွားတယ်။ တတ်လည်း တတ်နိုင်ပါပေတယ်။ အရောင်ပြောင်း အရေခွံလဲ ကျွမ်းကျင်ပုံရတယ်။ အမေရိကန်က ငွေယူ၊ ဥရောပနိုင်ငံတွေမှာ ခိုလှုံခွင့်တွေ ရယူပြီး တရုတ်လိုလားသူများ ဖြစ်နေကြတာ ခင်ဗျားတို့ နအဖနဲ့ မဖြစ်မနေ ပတ်သက်နေလိမ့်မယ်။ နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေ ကိစ္စကို ခင်ဗျားတို့ နေတတ်သလို နေခဲ့ပြီးမှ အခုကျမှ ကြေညာချက်ထုတ် အမြတ်ထုတ်ဖို့လုပ်တဲ့ ခင်ဗျားတို့အားလုံး သတိသာ ထားနေကြပေတော့။ စစ်အုပ်စုလိုပဲ ခင်ဗျားတို့ နိုင်ငံရေးလုပ်စားသူတွေ နေ၀င်ချိန် ရောက်ရတော့မယ်။
ဒေါက်တာလွဏ်းဆွေမှ ယူပါသည်

ဆက်လက်ဖတ်ရှုရန်...

ဒွန်မောင်းလေဆိပ်ကို ထောက်ပို့ အခြေစိုက်စခန်းအဖြစ် သတ်မှတ်

25-5-2008
ဘန်ကောက်။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ တင်ပို့ရန် အခြေစိုက်စခန်း တခုအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို အသုံးပြုရန် တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထော်ရဝေ့ခ်ျ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်း ပစ်ဆူဝမ်းနှင့်အတူ နိုင်ငံအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ စနေနေ့ ညနေ ၅ နာရီက ပြုလုပ်သော ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

မစ္စတာ ဘန်ကီမွန်းက အကူအညီပေးတဲ့ ပစ္စည်းတွေ လိုအပ်တဲ့ နေရာတွေကို ရောက်ဖို့ အရေးကြီးကြောင်းနှင့် လက်ရှိ အနေအထားမှာ ကယ်ဆယ်ရေး အဆင့်မှာသာ ရှိသေးကြောင်း ပြောကြားသွားသည်။

မြန်မာနိုင်ငံ သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းဟာ ဖြစ်နိုင်သမျှ စွမ်းအင် ပြည့်ပြည့်၀၀နဲ့ ခိုင်မာတဲ့ သယ်ယူပို့ဆောင်ရေး ဖြစ်သင့်သည်ဟုလည်း သူက ပြောကြားသွားသည်။

မြန်မာစစ်အစိုးရခေါင်းဆောင်များက နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် စက်ဖက် ပစ္စည်းများကို ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် တွန့်ဆုတ်နေကြောင်းလည်း ကုလ အတွင်းရေးမှူးချုပ်က ထည့်သွင်း ပြောကြားသွားသည်။
MIZZIMA မှယူပါသည်


ဆက်လက်ဖတ်ရှုရန်...

လူသားချင်းစာနာသည့် နိုင်ငံတကာ အစည်းအဝေး ရန်ကုန်မှာ ကျင်းပနေပြီ

တနင်္ဂနွေနေ့၊ မေလ 25 2008 16:07 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လူသားချင်းစာနာသည့် အကူအညီနှင့် ပတ်သက်သော နိုင်ငံတကာ ဆွေးနွေးပွဲ တရပ်ကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ယနေ့နံနက် ၁၁ နာရီမှစတင်ကာ ကျင်းပနေပြီ ဖြစ်သည်။

ကုလအဖွဲ့ဝင် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅ဝ နီးပါး တက်ရောက်ကြမည်ဟု ရန်ကုန် ကုလသမဂ္ဂ ဌာနေရုံးက သတင်းထုတ်ပြန်သည်။

အစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း တက်ရောက်နေသည်။

ကုလသမဂ္ဂ အေဂျင်စီများ၊ ကြက်ခြေနီအဖွဲ့များနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများလည်း အစည်းအဝေးသို့ တက်ရောက်ရန် ရှိနေသည်။

အမေရိကန်နှင့် ဗြိတိန် စသည့် နိုင်ငံများမှ သံတမန်များလည်း တက်ရောက်ဖွယ် ရှိသည်ဟု အစည်းအဝေး မကျင်းပခင် ကုလ သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

မုန်တိုင်းကျအပြီး ၃ ပတ်အကြာတွင် ကုလသမဂ္ဂနှင့် အာဆီယံက ကြီးမှူးကျင်းပသော အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာဌာနမှ အကြီးအကဲ ဂျွန်ဟုမ်း (John Holmes) က ကပ်ဘေးအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများနှင့် ပတ်သက်၍ အကျဉ်းချုံး တင်ပြမည် ဖြစ်သလို မြန်မာဘက်ကလည်း လက်ရှိ ကယ်ဆယ်ရေး လုပ်ငန်းများ အခြေအနေကို တင်ပြမည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အထွေထွေ အတွင်ရေးမှူး ဆူရင်း ပစ်ဆူဝမ်း (Surin Pitsuwan) ကလည်း အာဆီယံ၊ မြန်မာနှင့် ကုလသမဂ္ဂတို့ ပါဝင်မည့် သုံးပွင့်ဆိုင် စီမံခန့်ခွဲမှု ယန္တရားနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားမည်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာဌာနမှ အကြီးအကဲ ဂျွန်ဟုမ်း (John Holmes) က “ဒီအစည်းအဝေးရဲ့ ရည်ရွယ်ချက်က ဆိုင်ကလုန်း ဒဏ်ခံတဲ့ မြန်မာနိုင်ငံသားတွေကို အထောက်အပံ့တွေ ပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြသဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

အစည်းအဝေး၏ သဘာပတိများအဖြစ် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်နှင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ရိုး (George Yeo) တို့က ဆောင်ရွက်ကြမည်။

ကုလသမဂ္ဂက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာမှ အမေရိကန်ဒေါ်လာ သန်း ၂ဝဝ တောင်းခံထားပြီး ယခုအချိန်အထိ လက်ခံ ရရှိထားသော ငွေကြေးပမာဏမှာ သန်း ၅ဝ ရှိပြီး နောက်ထပ် ၄၂ ဒဿမ ၅ သန်းအတွက်လည်း ကတိရရှိထားပြီ ဖြစ်သည်။

စစ်အစိုးရက မုန်တိုင်းကြောင့် ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရှိသည်ဟု ပြောသည်။
MIZZIMA မှယူပါသည်

ဆက်လက်ဖတ်ရှုရန်...

Saturday, May 24, 2008

ဒေါ်အောင်ဆန်းစုကြည်၏နောက်ဆက်တွဲသတင်း

စနေနေ့၊ မေလ 24 2008 16:00 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ရန်ကုန်မှ သတင်း ရပ်ကွက်တခု၏ အဆိုအရ ဧရာဝတီတိုင်း အတွင်းမှ လေဘေး ဒုက္ခသည်များကို သွားရောက် ကြည့်ရူရန် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ နံနက်ပိုင်းတွင် နေအိမ်မှ လာရောက် ခေါ်ဆောင်သွားသည်ဟု ပြောသည်။

သို့သော် သံတမန် သတင်း ရပ်ကွက်တခုက အထက်ပါ သတင်းကို သတင်းမှား ဖြစ်သည်ဟု ဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်းလျားကန်စောင်းရှိ နေအိမ်တွင် တွေ့ခဲ့ရသည်ဟု ဆိုသည်။

ဧရာဝတီတိုင်း လပွတ္တာမှ ဒေသခံများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မျက်မြင် မတွေ့ရသေးသလို လာရောက်မည် ဆိုသော သတင်းကို လည်း မကြားရသေးဟု မဇ္ဈိမသို့ ဆက်သွယ် ပြောဆိုသည်။

ဤအတောအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး အဖွဲ့ဝင် တချို့သည် ဧရာဝတီတိုင်းသို့ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် သွားရောက်နေကြသည်ဟု သိရသည်။

အန်အယ်ဒီ ဗဟိုလူငယ်ပြန်ကြားရေးမှ ကိုနေခြည်ဝင်းက “အဖွဲ့ချုပ်က ဗဟိုအမျိုးသမီး အဖွဲ့ကတော့ လပွတ္တာဖက်ကို သွားတာတော့ ဟုတ်တယ်။ အန်တီပါ၊ မပါတော့ မသေချာဘူး” ဟု ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှေ့နေကြီး ဦးအောင်သိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်သည် ဟူသော သတင်းကိုပင် အတည် မပြုနိုင်သေးဟု ပြောသည်။

အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း “အခုက ဒီလိုပဲ အရပ်ထဲမှာ သတင်းတွေ ထွက်နေတယ်။ အန်ကယ်တို့ အနေနဲ့ကတော့ ဘာမှ မသိရသေးဘူး။ ဒေါ်စုနဲ့ အဖွဲ့ချုပ်နဲ့လည်း ခုထိ အဆက်အသွယ် မရသေးဘူး။ အဲဒီတော့ ဒါကို အတည်မပြုနိုင်သေးဘူး။ အခုက ဒေါ်စု လပွတ္တာအထိတောင် ရောက်သွားတယ် ပြောနေကြတယ်။ သူအကျယ်ချုပ်က လွတ်မှာက မေလ ၂၇ ရက်မှပါ။ ဒီလို သတင်းထွက်တာနဲ့ ပတ်သတ်လို့ အန်ကယ့်အမြင်ကတော့ ဒီနေ့ မဲဆန္ဒ ခံယူနေတော့ လူထုကို အာရုံပြောင်းအောင်များ လုပ်နေတာလားလို့လေ” ဟု ပြောသည်။
မဇ္ဈိမသတင်းဌာန ယူပါသည်

ဆက်လက်ဖတ်ရှုရန်...

အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်၏ တိုက်တွန်းချက်

24-5-2008

“မြန်မာနိုင်ငံမှာ လေမုန်တိုင်းဒဏ် ခံရလို့ ဒုက္ခရောက်နေရသူတွေကို ကမ္ဘာတ၀ှမ်းမှာရှိတဲ့ မူဆလင်တွေက ၀ိုင်းဝန်းကူညီကြပါ”လို့ အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်က တိုက်တွန်းပြောကြား
ရှောင်ပုန်းနေတဲ့ နေရာကနေပြီးတော့ မြန်မာပြည်က မုန်တိုင်းဘေးနဲ့ ပတ်သက်ပြီး ပြောကြားထားတဲ့ ရေဒီယို သတင်းထုတ်ပြန်ချက်ထဲမှာ အိုစမာဘင်လာဒင်က အခုလို တိုက်တွန်း ပြောဆိုထားတာပါ။ သူရဲ့ ပြောကြားချက်တွေထဲမှာ “ဂျူးတွေနဲ့ မွတ်ဆလင်ဘာသာအပေါ် မယုံကြည်သူတွေကို ဆန့်ကျင်တိုက်ခိုက်နေ တဲ့ မြင့်မြတ်တဲ့ ဘာသာရေးစစ်ပွဲဟာ အရေးကြီးပါတယ်။

ဒါပေမယ့် ဒီ့ထက်အရေးကြီးနေတာက မြန်မာပြည်က ရင်နင့်စရာ လူသားချင်းဆိုင်ရာ ဖြစ်ရပ်ကြီးပါပဲ”လို့ အိုစမာဘင်လာဒင်က ပြောကြားထားပါတယ်။

“ဘုရားသခင်အလ္လာဟာ စာနာသနားမှုကို လက်ကိုင်ထားသူ ဖြစ်တဲ့အတွက် သူ့ရဲ့ နောက်လိုက်တွေဖြစ်တဲ့ မွတ်ဆလင်တွေအနေနဲ့ စာနာသနားမှုကို အကောင်အထည်ဖော် လုပ်ဆောင်သူတွေ ဖြစ်ရမယ်”လို့ သူက တိုက်တွန်းထားပါတယ်။ သူက ဆက်လက်ပြီး ပြောကြားထားရာမှာ “ကမ္ဘာပေါ်က မွတ်ဆလင်နိုင်ငံ အများစုဟာ ရေနံနဲ့ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ ဘုရားသခင်က ပေးထားတဲ့ ဒီချမ်းသာကြွယ်ဝမှုတွေကို ဘုရားသခင် အလိုရှိတဲ့အတိုင်း ကလေးသူငယ်တွေနဲ့ ဒုက္ခရောက်နေသူတွေကို ပေးဝေဖို့ မွတ်ဆလင်တွေမှာ ၀တ္တရားရှိတဲ့အကြောင်း၊ ဒီဒုက္ခရောက်နေတဲ့ ကလေးတွေနဲ့ ဒုက္ခသည်တွေဟာ ကမ္ဘာ့ရဲ့ ဘယ်နေရာမှာပဲရှိရှိ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူတွေ မဟုတ်ပေမယ့်လည်း သူတို့ကို ကူညီပေးဝေရပါမယ်”လို့ အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်က တိုက်တွန်းထားပါတယ်။

ဆက်လက်ပြီး သူဟာ တမန်တော်တဦး မဟုတ်ဘဲ သာမန်လူသားတဦးသာ ဖြစ်တဲ့အကြောင်း၊ အခုလို ၀မ်းနည်းပူဆွေး ငိုကြွေးနေရသူတွေအတွက် သူ့အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံက မုန်တိုင်းဘေး ကျရောက်နေသူတွေကို သွားရောက်ကယ်ဆယ်မယ့် ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်ပြီး သူကိုယ်တိုင် သွားလိုက်ချင်ပါတယ်လို့ ပြောဆိုထားပါတယ်။ နောက်ဆုံး သူပြောကြားတာကတော့ အပြစ်မဲ့တဲ့သူတွေရဲ့ အသက်တွေကို ကယ်တင်တဲ့ အလုပ်ဟာ မှန်ကန်တဲ့ အလုပ်ဖြစ်တဲ့အတွက် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဒီလိုလုပ်ခြင်းအားဖြင့် ကျန်တဲ့တကမ္ဘာလုံးကလည်း မွတ်ဆလင်တွေရဲ့ အတုကိုယူပြီး လိုက်ပါလုပ်ဆောင် လာပါလိမ့်မယ့်လို့ ပြောဆိုထားပါတယ်။

အိုစမာဘင်လာဒင်ဟာ အာဖဂန်နစ္စတန်မှာ အခြေစိုက်ကာ အယ်လ်ကိုင်းဒါးအဖွဲ့ကို ခေါင်းဆောင်နေပြီး အကြမ်းဖက် လုပ်ရပ်တွေအတွက် တာဝန်ရှိတယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့ တွေ အာဖဂန်နစ္စတန်ကို ၀င်ရောက်တိုက်ခိုက်စဉ်ကတည်းက ထွက်ပြေး ပုန်းရှောင်နေရသူ ဖြစ်ပါတယ်။
drlunswe မှကူယူပါသည်။

ဆက်လက်ဖတ်ရှုရန်...

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်သည် ဟူသော ကောလာဟလ ရန်ကုန်တွင်ပျံ့နှံ့

စနေနေ့၊ မေလ 24 2008 16:00 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ ပြန်လွှတ်ပေးလိုက်သည် ဟူသော ကောလာဟလသည် ရန်ကုန်မြို့တွင် ယနေ့ ပျံ့နှံ့နေသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဥာဏ်ဝင်းက “ကျနော်တို့လည်း ကြားပါတယ်။ Rumor အနေနဲ့ပါ။ သေချာတာ ဘာတခုမှ မရှိသေးပါဘူး” ဟု မဇ္ဈိမသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်းပြည့်သော အချိန်နှင့် တိုက်ဆိုင် ထွက်ပေါ်လာသော ကောလာဟလနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ မဇ္ဈိမအနေဖြင့် ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။
မဇ္ဈိမသတင်းဌာန မှကူယူပါသည်။

ဆက်လက်ဖတ်ရှုရန်...

ဒုတိယသုတ် ဆန္ဒခံယူပွဲ ကျင်းပပြီ

မေလ ၂၄ ရက်၊ ၂ဝဝ၈ ခုနှစ်။

နာဂစ်မုန်တိုင်း အပြင်းအထန် ရိုက်ခတ်ခံရမှုကြောင့် မူလ သတ်မှတ်ခဲ့သည့် မေလ ၁ဝ ရက်နေ့ ရက်စွဲအတိုင်း ကျင်းပနိုင်ခြင်း မရှိသော ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ ၄၇ မြို့နယ်တွင် အခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေး ဆန္ဒခံယူပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်ကာ ကျင်းပလိုက်ပြီ ဖြစ်သည်။

ယနေ့ညနေ ၄ နာရီအထိ ကျင်းပနေမည့် အဆိုပါ ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် အခြေအနေ အရပ်ရပ်ကို အချိန်နှင့် တပြေးညီ တင်ပြသွားမည် ဖြစ်ပါသည်။
---------------------------
နအဖ က ဆန္ဒခံယူပွဲသတင်း ထုတ်ပြန်ခြင်း မရှိသေး

အစိုးရပိုင် မီဒီယာများ ဖြစ်သော MRTV, MRTV3 နှင့် မြန်မာ့အသံတို့မှ ယနေ့ ကျင်းပနေသော မဲဆန္ဒပေးပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက် တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းလုပ်သည်ဆိုသော MRTV4 တွင်လည်း တစုံတရာ ထုတ်လွှင့်ခြင်း မရှိသေးပါ။

လေဘေးဒုက္ခသည်အရေး ပိုအရေးကြီးသတဲ့
တာမွေမြို့ခံတဦး ...
“ရယကနဲ့ ကြံ့ဖွံ့တွေက ကျနော်တို့ကို ၁ဝ ရက် ကြိုတင်ပြီး မဲလာကောက်တယ်ဗျာ။ ‘ထောက်ခံမဲပဲ ထည့်ပါ၊ ၂၄ ရက်နေ့ကျရင် သွားစရာ မလိုဘူး’ ဆိုလို့ ကျနော်တို့လည်း အလုပ်ရှုပ် မခံချင်တာနဲ့ ဒီနေ့ သွားထည့် မနေတော့ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ သွားထည့်နေလည်း ဘာမှထူးလာမှာ မဟုတ်ဘူး။ သူတို့က နိုင်ပြီးသားလည်း ဟုတ်တယ်၊ မနိုင်နိုင်အောင် လုပ်မှာပဲဆိုတော့။ အမှန်ကဗျာ လေဘေးဒုက္ခ ရောက်နေတဲ့ လူတွေအတွက်က ပိုအရေးကြီးတာပဲ”

‘ဒီလိုအမှန်ခြစ်ရတယ်’ ဆိုပြီး ခြိမ်းခြောက်ခံရ
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့ခံတဦး ...
“သင်္ကန်းကျွန်းမြို့နယ် င၊က ရပ်ကွက် မဲရုံအမှတ် (၁) မှာ စောင့်တဲ့ လူတွေက ရင်ဘတ်မှာ အမှန် ခြစ်ထားတဲ့ အဝတ်တွေ ဝတ်ထားပြီး မသိလို့မေးတဲ့ လူတွေကို ‘ဒီလို အမှန် ခြစ်ရတယ်’ ဆိုပြီး ပြောတယ်။ သူတို့ဘက် အမှန်ခြစ်များအောင် စည်းရုံးရေး လုပ်တာပေါ့။ နောက်ပြီး ရာအိမ်မှူး ဦးမြအောင်ကလည်း မဲကတ်ပြား လာယူတဲ့ လူတွေကို ‘အမှန်ခြစ်ကြ၊ အမှားခြစ် (ကန့်ကွက်မဲ) တဲ့ လူ ထောင်ဒဏ် ၃ နှစ် (သို့မဟုတ်) ငွေ တသိန်း ဒဏ်ရိုက်မယ်’ ဆိုပြီး ခြိမ်းခြောက်တယ်ဗျ။ သူတို့က တကယ့်ကို လိုက်လုပ်မယ့် ပုံစံတွေဆိုတော့ လူတွေက ကြောက်ပြီး အမှန် ခြစ်ခဲ့တာတွေလည်း ရှိတယ်”

ဆန္ဒခံယူပွဲကို သပိတ်မှောက်တယ်
ရန်ကုန်မြို့သားတဦး ...
“ဒီနေ့ မဲသွားမထည့်တော့ဘူး။ အရင်ကတော့Vote No (ကန့်ကွက်မဲ) လုပ်မလို့။ အခုတော့ စိတ်ပြောင်းလိုက်ပြီ။ No Vote (သပိတ်မှောက်) ပဲ လုပ်တော့တယ်။ သွားမပေးတော့ဘူး။ သူတို့က ၉၂ လို့ အရှက်မရှိ ကြေညာထားတာ။ မထူးတော့ဘူးလေ။ ဒါကြောင့် သူတို့ကို ဆန့်ကျင်တဲ့ အနေနဲ့ မဲသွားမပေးတာ”

မဲထည့်ဖို့ စိတ်မဝင်စားပါ
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ၁ ရပ်ကွက်
“၁ ရပ်ကွက်၊ ၃ လမ်း မူလတန်းကျောင်းမှာ မဲရုံထားတယ်။ မဲရုံရဲ့ အပြင်လမ်းမှာတော့ မီးသတ်တွေနဲ့ ကြံ့ခိုင်ရေးတွေ ၇ ယောက်လောက် ထိုင်နေကြတာ။ မဲလာထည့်တဲ့ လူတွေကတော့ နည်းတယ်။ ၄ဝ၊ ၅ဝ လောက်ပါပဲ။ ကျန်တဲ့ လူတွေကို မဲလာထည့်ကြဖို့ ကြံ့ဖွံ့တွေ ရပ်ကွက်ထဲ လှည့်အော်နေတယ်။ ၉၂ ဒဿမ လို့ သူတို့ ကြော်ငြာပြီးကတည်းက လူတွေက စိတ်မဝင်စားတော့တာပါ” ဟု လမ်းမတော် ဒေသခံက ပြောသည်။

မဲရုံမရှိဘဲ ကြိုတင်မဲနဲ့ ပြီးသွားတဲ့ ကန်တော်လေး
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်တော်လေးရပ်ကွက်
“ကန်တော်လေးမှာတော့ မဲရုံမရှိဘူး။ မနေ့ကတည်းက ရပ်ကွက်လူကြီးတွေ တရပ်ကွက်လုံး မဲလိုက်ကောက်နေတာ မဲရုံလည်း သွားစရာ မလိုတော့ပါဘူး” ဟု ကန်တော်လေးလမ်းမှ ဒေသခံတဦးက ပြောသည်။

မင်္ဂလာတောင်ညွန်မြို့နယ်၊ ဖဆပလ ရပ်ကွက်
“ညတုန်းက ရပ်ကွက်က ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက မဲစာရင်းတွေ လာပေးတယ်။ ကိုယ့်စိတ်ကြိုက် လာထည့်ကြပါ။ တအိမ်လုံးမှာ တယောက်ပဲ လာပေးရင်လည်း ရတယ်လို့ ပြောသွားတယ်။ အခုအချိန် မဲလာထည့်တဲ့ လူတွေက ၁၅ဝ လောက်တော့ ရှိတယ်။ စောင့်ကြည့်နေတာတွေ ဘယ်သူမှ မရှိဘူး။ ရပ်ကွက်က လူတွေပဲ ရှိတယ်” ဟု ဖဆပလ ရပ်ကွက် အမှတ် (၁) အမက ကျောင်းသို့ သွားရောက် မဲထည့်ခဲ့သူ ဒေသခံက ပြောသည်။

လွတ်လွတ်လပ်လပ် ကန့်ကွက်ခဲ့တယ်

ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ပဲဂိုဒေါင် မဲရုံသို့ မဲသွားထည့်သူ တဦးက အနှောင့်အယှက်မရှိ လွတ်လပ်စွာ ကန့်ကွက်မဲ ထည့်ဝင်ခဲ့သည်ဟု ပြောသည်။

“လူသိပ်မရှိပါဘူး။ ၂ဝ ကျော်လောက်ပဲ ရှိပါတယ်။ ကြည့်ရတာ အဆင်ပြေတဲ့ နေရာလေးတခုမှာ လုပ်လိုက်တဲ့ သဘောပဲဗျ။ ပဲဂိုဒေါင်တခုမှာ လုပ်တယ်။ မဲသွားပေးတာ မနက် ၇ နာရီခွဲလောက်မှာ သွားပါတယ်။ ကြက်ခြေခတ်ပဲ ခြစ်ချခဲ့တယ်။ မဲပေးရတာ လွတ်လွတ်လပ်လပ်ပါပဲ။ ဘာမှ နှောင့်ယှက်တာ မရှိပါဘူး။ ရဲသတင်းတပ်ဖွဲ့ကိုလည်း တွေ့ရတယ်။ မဲရုံမှာက တာဝန်ရှိတဲ့သူတွေနဲ့ သူတို့ အားလုံးပေါင်းရင် ၂ဝ ယောက်လောက် ရှိတယ်”

မဲရုံ တာဝန်ရှိသူများ ရှေ့မှာတင် ကန့်ကွက်မဲ ပေါ်တင်ပေး

ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း ၇၂ ရပ်ကွက် ခရေလမ်းတွင် တည်ရှိသည့် ပီတိ ကျူရှင်နေအိမ် (မဲရုံ) သို့ ယနေ့နံနက် သွားရောက် မဲပေးသူက မဲရုံ တာဝန်ရှိသူများရှေ့၌ ကန့်ကွက်မဲကို ထည့်ဝင်ခဲ့ကြောင်း ပြောပြသည်။

“ပထမတုန်းက ကြိုတင် စာရွက်လေးတွေကို ပေးတယ်။ မဲရုံရောက်တော့ ကြိုတင် လက်မှတ်လေးတွေကို သိမ်းလိုက်တယ်။ မဲရုံမှာ စာရွက်တရွက် ထုတ်ပေးတယ်။ မဲသွားထည့်တဲ့ အခါကျတော့ မဲစာရင်းစာရွက်မှာ အကုန်ရေးပြီးသားဗျာ။ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ အဖအမည်၊ အလုပ်အကိုင်၊ မဲနံပါတ်၊ အဲဒါတွေ အကုန်ရေးပြီးသား။ နောက်ကျောမှာ အမှား၊ အမှန် ခြစ်ပေးရတယ်။ ကျနော် မဲသွားထည့်တော့ သိနေတဲ့ သဘောရှိတယ်။ ကျနော့်အနားကို နှစ်ယောက်သုံးယောက် ကပ်နေတယ်။

ကျနော်က မေးတယ်။ ‘မသိလို့ မေးမယ်နော်၊ တကယ်တော့ ကျနော်က အမှားခြစ်မယ့် သူဆိုတော့ ကျနော့်ကို ရယကတို့၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေးတို့၊ စွမ်းအားရှင်တို့က ပြဿနာ ရှာမှာလား’ လို့ မေးတဲ့ အခါကျတော့ ‘မရှာပါဘူး။ အကို စိတ်ကြိုက် ထည့်နိုင်ပါတယ်’ တဲ့။

‘ကျနော်တို့ကို နောင်တချိန်မှာ ပြဿနာရှာတာတွေ ရှိလာမှာကို စိုးရိမ်လို့ မေးတာပါ။ ကျနော်တို့က ဘာမှ မသိရဘူး၊ ရမ်းသန်းထည့်ရမှာ’ ဆိုတော့၊ ‘မဟုတ်ပါဘူး၊ ကျမတို့ဆီမှာ အခြေခံမူ စာအုပ်တွေ ရှိပါတယ်’ လို့ ပြောပြီး အခြေခံမူ စာအုပ်တွေကို ပြတယ်။ အမှန်တကယ်က အခြေခံမူတွေကို နှစ်လလောက်ကတည်းက ရှိသင့်တာပေါ့။ အဲဒါ ကျနော် ကန့်ကွက်မဲ ထည့်ပေးလိုက်တယ်”

အင်းစိန်မှာ မနေ့ကတည်းက မလှိမ့်တပတ်နဲ့ ကြိုတင်မဲ ကောက်သွား

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ ရပ်ကွက်များတွင် ယမန်နေ့ မေလ ၂၃ ရက် ကတည်းက ရယကများက ကြိုတင်မဲများ လာရောက် ကောက်ယူသွားခဲ့သည်။

ရယက မှ တအိမ်တက်ဆင်း အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာများ လာရောက် ကောက်ယူကာ ကြိုတင်မဲ ကောက်ခံခြင်းဖြစ်ကြောင်း အင်းစိန် ဒေသခံတဦးက ဒေါသတကြီး ယခုလို ပြောသည်။

“အိမ်မှာ ခရီး သွားနေတဲ့ သူတွေရော၊ ရှိနေတဲ့ သူတွေရော အားလုံးရဲ့ စာရင်းကို ပေးရတယ်။ ဘာမဲ စာရွက်မှတောင် မတွေ့ရဘူး။ သူတို့ သဘောပဲ လုပ်မှာ ရှင်းနေတာပဲ။ ဘာပေးပေး ဘာမှလည်း ထူးမှာ မဟုတ်ဘူး။ ဘယ်သူကမှလည်း စိတ်မ၀င်စားဘူး”

မိသားစုကိုယ်စား မဲအားလုံး ကြက်ခြေခတ်
မဲမထည့်ဘဲ ဒုက္ခသည်များကို ကူညီနေသူများရှိ

ဘိုကလေးမြို့နယ် မြို့မ ဆွမ်းလောင်း အသင်းတည်ရှိရာ ဓမ္မာရုံတွင် ယနေ့နံနက် ၁ဝ နာရီခန့်က မိသားစုကိုယ်စား မဲထည့်သွားသူက မဲအားလုံးကို ကြက်ခြေခတ်ကာ ထည့်ခဲ့သည်ဟု အမဖြစ်သူက ပြန်ပြောပြသည်။

“အိမ်ကနေ မိသားစု အားလုံးကိုယ်စား ကျမ မောင်လေးကပဲ ၁ဝ ယောက်စာ မဲသွားထည့်တယ်။ လူများတယ်လို့ ပြောတယ်။ မိသားစုတွေ အားလုံးက ကြက်ခြေခတ်ပဲ အမ”

သူက ဆက်ပြီး “မဲပေးတဲ့ သူတွေရှိသလို မဲပေးဖို့ မအားဘဲနဲ့ ရေဘေး ဒုက္ခသည်တွေအတွက် စားဖို့ ဆန်တွေ သွားဝေသူတွေလည်း ရှိတယ်။ ဘိုကလေးမြို့နယ်က ဒေါ်မြင့်မြင့်မူတို့ (လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်) အဖွဲ့ဆိုရင် မနက် ၉ နာရီမှာ ဆန်လှူဖို့ဆိုပြီး ထွက်သွားကြတယ်” ဟု ပြောသည်။

မထူးတော့ပါဘူး ဆိုပြီး အမှန်ခြစ်ပဲ ခြစ်လိုက်တယ်

ရန်ကုန်တိုင်း သုဝဏ္ဏမြို့နယ် မဲရုံအမှတ် ၂၄ တွင် ယနေ့နံနက်ပိုင်းက မဲသွားထည့်သူ ဒေသခံ အမျိုးသမီးက မည်သည့်မဲပင် ပေးစေကာမူ မဲရုံ တာဝန်ရှိသူများက ထောက်ခံမဲအဖြစ် ပြောင်းလဲပစ်မည်ဟု ယုံကြည်သဖြင့် အမှန်ခြစ် (ထောက်ခံမဲ) ထည့်ခဲ့ကြောင်း ယခုလို ပြောပြသည်။

“ဓာတ်ပုံ ရိုက်တာရှိတယ်။ ကြံ့ခိုင်ရေးနဲ့ ရဝတ ရပ်ကွက်လူကြီးတွေ စောင့်ကြည့်တာ ရှိတယ်။ တမိသားစုလုံးအတွက် တယောက်ထဲကနေ မဲပေးလို့ ရတယ်လေ။ ရပ်ကွက်ထဲမှာ မဲမထည့်ခင်ကတည်းက ထောက်ခံမဲ ထည့်ဖို့ စည်းရုံးတာတွေ ရှိတယ်။ ဒီကနေ့ လက်မှတ်ထိုးရတယ်။ မဲထည့်ရတယ်။ ကိုယ်က အမှားခြစ်ရင်တောင်မှ အထဲမှာ ရပ်ကွက်လူကြီးတွေက အမှန် ခြစ်ကောင်း ခြစ်နိုင်တယ်လို့ ကျမတော့ ယုံတယ်။ အဲဒီတော့ မထူးဘူးပေါ့နော်။ ဒါကြောင့် ကျမလည်း အမှန်ခြစ်ပဲ ထည့်လိုက်တော့တယ်”

အဖေ့သွေးနဲ့ ကြက်ခြေခတ်တယ်
တောင်ဥက္ကလာပ ဒေသခံ အမျိုးသမီးတဦး ...

“မနက်အစောကြီး ၆ နာရီက အဖေနဲ့အတူ မဲပေးပြီးသွားပြီ။ ကျမကတော့ ပြတ်တယ်လေ။ အဖေ့သွေး အပြည့်ပါတယ်။ ခရော့စ် (ကြက်ခြေခတ်) ပဲလေ။ အမှန် ခြစ်ခိုင်းတာမျိုး မရှိပါဘူး။ ခပ်တည်တည်နဲ့ ဖြစ်ချင်ရာဖြစ် ဆိုပြီးတော့လေ ခရော့စ်လုပ်တာ။ သူတို့ကတော့ ကြည့်နေကြတယ်။ အမျိုးသမီးတွေပဲ၊ ဝတ်စုံတော့ ဝတ်မထားကြပါဘူး။ အရပ်ဝတ်နဲ့ပဲ။ ပေါ်တင် ကြည့်တာတော့ မဟုတ်ပါဘူး။ မသိမသာ ကြည့်တာ။ ၅ ယောက်၊ ၆ ယောက်လောက်ပဲ ရှိမယ်။
မဇ္ဈိမသတင်းဌာန ကူယူပါသည်

ဆက်လက်ဖတ်ရှုရန်...

Friday, May 23, 2008

မဲလိမ်မှုများအပေါ် တရားစွဲဆိုနိုင်ရန် ဒီချုပ်ပြင်ဆင်နေ

သောကြာနေ့၊ မေလ 23 2008 16:46 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကျင်းပပြီးစီးခဲ့သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများတွင် မဲလိမ်မှုများ ရှိခဲ့သည်ဆိုကာ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီး ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားစွဲဆိုပြီး စစ်အစိုးရ ထုတ်ပြန်ထားသော မဲရလာဒ်ကို ပယ်ဖျက်နိုင်ရန် ပြင်ဆင်မှု ပြုလုပ်လျှက် ရှိသည်။

မြို့နယ် ၄၇ မြို့နယ်မှအပ တနိုင်ငံလုံးတွင် မေလ ၁ဝ ရက်က ပြုလုပ်ခဲ့သော ဆန္ဒခံယူပွဲအတွင်း မဲလိမ်မှု အမျိုးမျိုး လုပ်ခဲ့သည် ဆိုခြင်းများနှင့် ပတ်သက်၍ မျက်မြင်သက်သေများ၏ ထွက်ဆိုချက် အထောက်အထားများကို စုစည်းနေခြင်း ဖြစ်သည်။

“ကျနော်တို့ သတင်းအချက်အလက် အပြည့်အစုံရအောင် လုပ်နေတယ်။ အချက်အလက်တွေ ပြည့်စုံရင် ဥပဒေနဲ့အညီ ဖြစ်နိုင်ဖို့ စဉ်းစား ဆုံးဖြတ်ကြမယ်၊ သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေ မဲလိမ်လည်မှုတွေ အားလုံး အသေးစိတ် တပြည်လုံး အတိုင်းအတာနဲ့ရအောင် စုစည်းနေပါတယ်။ ကျနော်တို့ ဗဟိုအဖွဲ့ဝင်တွေ မြို့နယ်၊ တိုင်း အားလုံးကို အချက်အလက်တွေ ရဖို့ စုစည်း ခိုင်းထားတယ်။ တချို့လည်း ရပါပြီ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အဖွဲ့ချုပ်တွင် လက်ရှိအားဖြင့် ပဲခူးတိုင်း ကဝမြို့နယ်တွင် ရပ်ကွက်ကြီး ၆ ခုနှင့် ကျေးရွာအုပ်စု ၉၆ အုပ်စုအတွင်းက မဲလိမ်မှုများအကြောင်း စုစည်း ထားရှိပြီး ဖြစ်သည်။

ရှေ့နေ ဦးအောင်သိန်းက “ဒီလုပ်ရပ်ကတော့ အစိုးရကို တရားစွဲရင်၊ တရားမကြောင်းအရ တရားစွဲရင် စွဲလို့ရမှာပေါ့။ Notice စာထုတ်ပြီး တရားစွဲရမှာပဲ။ ခွင့်ပြုတာ မပြုတာ ရှိမယ်။ တရားစွဲဆိုခွင့်တော့ ဥပဒေအရ ပြဋ္ဌာန်းထားတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်းက ပေးပို့လိုက်သည့် မဲလိမ်မှု လျှောက်လဲစာတွင် ဆန္ဒခံယူပွဲနေ့ မဲပေးရာတွင် ကိုယ်စားမဲပေးခွင့် ပြုလုပ်ခိုင်းခြင်းများနှင့် မဲရုံမှူးများ ကိုယ်တိုင် အစားထိုးမဲများ ထည့်ခြင်းတို့အကြောင်း သက်သေ ထွက်ဆိုချက်များ ပါရှိသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (ဘီအယ်စီ) နှင့် အတိုက်အခံ အဖွဲ့အစည်းများကလည်း ဆန္ဒခံယူပွဲများတွင် မဲလိမ်မှုများ ရှိခဲ့သည်ဟု စွပ်စွဲ ပြောဆိုထားပြီး သက်သေ အထောက်အထားများ စုဆောင်းနေသည်။

“မဲလိမ်လည်မှုနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပမှာပေါ့နော်၊ ပထမဆုံး အနေနဲ့က သက်သေခံချက်တွေကို ပို့ဖို့အတွက် လုပ်နေပါတယ်။ အထဲမှာသွားပြီး ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့တဲ့ သက်သေခံ အထောက်အထား ယူခဲ့တာတွေ ရှိတယ်ပေါ့နော်။ အဲလိုပဲ တခြားအတိုက်အခံ အဖွဲ့အစည်းတွေမှာလည်းပဲ သက်သေ အထောက်အထားတွေကို ပူးပေါင်းပြီးတော့ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ လုပ်နေပါတယ်” ဟု ရှေ့နေများ ကောင်စီမှ ဦးသိန်းဦးက ပြောသည်။

သူက ဆက်ပြီး “အားလုံးက ဒီကိစ္စကို ပြိုင်တူ ဝိုင်းပြီးတော့ တွန်းဖို့ လိုပါတယ်။ ဒီလို ဝိုင်းတွန်းမယ်ဆိုရင် ကျနော်တို့ တစုံတရာ အကောင်အထည် ဖော်နိုင်လိမ့်မယ်။ တဦးတယောက်ထဲ လုပ်လို့ရမှာ မဟုတ်တဲ့ အတွက်ကြောင့် ပူးပေါင်း ဆောင်ရွက်ကြဖို့ စနစ်တကျ ဆောင်ရွက်နေပါတယ်” ဟု သူက ပြောသည်။

ထိုကဲ့သို့ ဖြစ်ပေါ်နေချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းသည် စနေနေ့တွင် ကုန်ဆုံးမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ ဥပဒေအရ ငါးနှစ်ထက် ကျော်လွန်ကာ ချုပ်နှောင်ထားခွင့် မရှိဟု သူမ၏ရှေ့နေ အမေရိကန် အခြေစိုက် ဂျာရတ်ကန်ဆာက ဗီအိုအေ သို့ ပြောကြားခဲ့သည်။

ဒီပဲယင်း အရေးအခင်း ဖြစ်ပွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၃ ခုနှစ် မေလတွင် နေအိမ် အကျယ်ချုပ် နောက်တကြိမ် ပြန်လည်ချထားခဲ့သည်။ ဒေါ်စုသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နေအိမ် အကျယ်ချုပ်သက်တမ်း ၁၁ နှစ် ကျော်မြင့်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ အန္တရာယ် ကာကွယ် စောင့်ရှောက်ရေး ဥပဒေဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေကို ၁၉၇၅ ခုနှစ် စတင် ပြဋ္ဌာန်းခဲ့စဉ်က တကြိမ်လျှင် ရက်ပေါင်း (၁၈၀) နှင့် အများဆုံး (၃) နှစ်ထိ ဖမ်းဆီး ချုပ်နှောင့်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းခဲ့သည်။ တဖန် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်ကျနေသည့် ၁၉၉၁ ခုနှစ်တွင် အများဆုံး (၅) နှစ်ထိ ချုပ်နှောင်ထားနိုင်သည်ဟု စစ်အစိုးရက ပြင်ဆင် သတ်မှတ်ခဲ့သည်။
MIZZIMA NEWS

ဆက်လက်ဖတ်ရှုရန်...

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဖမ်းခွင့်မရှိတော့ဟု အန်အယ်လ်ဒီပြောကြား

23-5-2008

ဒေါ်အောင်ဆန်းစုကြည်ကို နအဖ စစ်အစိုးရက နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည် မှာ သက်တမ်း (၅) နှစ် ပြည့်တော့မည်ဖြစ်၍ ဥပဒေအရ ဆက်လက်ဖမ်းဆီးထားခွင့် မရှိ တော့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောကြားသည်။

“ပြန်လွှတ်မယ် မလွှတ်ဘူးဆိုတာနဲ့ ပတ် သက်ပြီး ကျနော်တို့ ထင်တာတော့ မပြော ချင်ဘူး။ ဖမ်းထားတာတော့ (၅) နှစ် ပြည့် နေပါပြီ။ ဥပဒေအရ ဖမ်းထားခွင့်ကတော့ (၅) နှစ်ပဲ ရှိပါတယ်” ဟု အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ခေတ်ပြိုင်သို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေဖြင့် ဖမ်းဆီးထား ခြင်းဖြစ်သည်။ အဆိုပါ ဥပဒေကို ၁၉၇၅ ခုနှစ် စတင်ပြဋ္ဌာန်းခဲ့စဉ်က တကြိမ်လျှင် ရက်ပေါင်း (၁၈၀) နှင့် အများဆုံး (၃) နှစ်ထိ ဖမ်းဆီးချုပ်နှောင့်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းခဲ့သည်။ တဖန် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်ကျနေသည့် ၁၉၉၁ ခုနှစ်တွင် အများဆုံး
(၅) နှစ်ထိ ချုပ်နှောင်ထားနိုင်သည်ဟု စစ်အစိုးရက ပြင်ဆင်သတ်မှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်း (၅) နှစ် ပြည်ပြီဖြစ်သည့်အတွက် ပြင်ဆင် ထားသည့် နိုင်ငံတော်နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မေ (၂၄) ရက်၌ လွှတ်ပေးရမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်အတွက် အခမဲ့ ရှေ့နေလိုက်ပေးသူ ၀ါရှင်တန်အခြေစိုက် နာမည်ကြီး အမေရိကန် လူ့အခွင့်အရေးရှေ့နေ Jared Genser ကလည်း ပြောသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်ခင် (၆) လ အလိုမှာမှ လွှတ်ပေးနိုင်စရာ ရှိသည်ဟု တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးကလည်း သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောခဲ့သည်။

မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှု မရှိသည့်အတွက် ဒေါ် အောင်ဆန်းစုကြည့်အား ဆက်လက် ဖမ်းဆီးထားမည် မထားမည်ဆိုသည်မှာ စစ်အစိုးရအပေါ်တွင်သာ မူတည်သည်ဟု အန်အယ်လ်ဒီ ဗဟိုဥပဒေအထောက်အကူ အဖွဲ့ဝင် ဗဟိုတရားရုံးရှေ့နေ ဦးသိန်းညွန့်က ပြောသည်။

မြန်မာနိုင်ငံ၌ နာဂစ်မုန်တိုင်းကြောင့် အမျိုးသားကပ်ဆိုးကြီး ကြုံနေချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌ တတပ်တအား ပါဝင်နိုင်စေရန်အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို တိုင်းပြည်အကျိုး ရှေးရှု၍ အကျယ်ချုပ်သက်တမ်း ကုန်သည်ဖြစ်စေ မကုန်သည်ဖြစ်စေ ပြန်လွှတ်ပေးချိန် တန်နေပြီဟု အန်အယ်လ်ဒီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် (၁၈) နှစ်ကျော်ကာလအတွင်း နေအိမ်အကျယ်ချုပ်ဖြင့် နေနေရသည်မှာ စုစုပေါင်း (၁၁) နှစ်ကျော် ရှိနေပြီဖြစ်သည်။
ခေတ်ပြိုင် မှကူယူပါသည်

ဆက်လက်ဖတ်ရှုရန်...

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လေမုန်တိုင်းသင့်ဒေသများသို့ သွားရောက်

23-5-2008

လေဘေးဒုက္ခသည်များအား မစ္စတာဘန်ကီမွန်း အားပေးစကားပြောကြားနေစဉ်
မြန်မာနိုင်ငံသည် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရသည်များကို ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိသောကြောင့် နိုင်ငံတကာမှ အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာဝန်ကြီးချုပ်ကို ယမန်နေ့က ပြောကြားသည်။

မစ္စတာဘန်ကီမွန်းသည် ယမန်နေ့ နံနက်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ရန်ကုန်တောင်ဘက် (၇၅) မိုင် ကွာဝေးသော မြစ်ဝကျွန်းပေါ်ဒေသရှိ ကျုံဒါးကျေးရွာမှ မုန်တိုင်းသင့် ဒုက္ခသည်များ ကယ်ဆယ်ရေးစခန်းကို သွားရောက်ကြည့်ရှုခဲ့သည်။ ထိုစခန်းတွင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသော အမျိုးသမီးများ၊ ကလေးငယ်များနှင့် မိသားစုများ ခိုလှုံနေထိုင်နေကြသည်။

“ကျနော် စိတ်မကောင်းပါဘူးဗျာ။ ဒါပေမယ့် ခင်ဗျားတို့ မျှော်လင့်ချက်တွေ လက်မလျှော့ လိုက် ကြပါနဲ့။ ခင်ဗျားတို့ကို ကယ်တင်ဖို့ ကုလသမဂ္ဂအဖွဲ့ ဒီကို ရောက်နေပါပြီ။ တကမ္ဘာလုံးက မြန်မာနိုင်ငံကို ကူညီဖို့ ကြိုးစားနေကြပါတယ်” ဟု ဘန်ကီမွန်းက စခန်းမှ ဒုက္ခသည်တဦးကို ပြောသည်။

မြစ်ဝကျွန်းပေါ်တွင် (၄) နာရီကြာ လှည့်လှည်ကြည့်ရှုခဲ့သည့် ခရီးစဉ်အတွင်း ကုလသမဂ္ဂ အကြီး အကဲသည် ဆန်အိတ်များ၊ ရေသန့်ဘူးများ ပြည့်နှက်နေသည့် ရိက္ခာဖြန်ဖြူးရေး စခန်းသို့လည်း သွားရောက်ကြည့်ရှုခဲ့သည်။

ထိုသို့ မုန်တိုင်းသင့် ဒေသများသို့ မသွားရောက်ခင် မစ္စတာဘန်ကီမွန်းသည် နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး မုန်တိုင်းဒဏ်ကြောင့် သေကျေပျက်စီးမှုများကို မြန်မာ တနိုင်ငံတည်း မကိုင်တွယ်နိုင်ဘဲ နိုင်ငံခြားမှ ကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများအား အမြန်ဆုံးလာရောက်ခွင့်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။

လေဘေးဒုက္ခသည်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်အတူ အနည်းဆုံး (၆) လစာ စားနပ်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အား မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ကြိုဆိုခဲ့သည်။ ထို့နောက် ဘန်ကီမွန်းက ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်သူများ အတွက် ၀မ်းနည်းကြောင်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ ရွှေတိဂုံစေတီတော်ကြီးကို တက်ရောက်ဖူးမျှော်သည်။

ထိုသို့ဖူးမျှော်ရာတွင် ဘန်ကီမွန်းက “ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအ၀န်းတခုလုံးက
ဒီဝမ်းနည်းစရာ အဖြစ်ဆိုးကြီးကို ကျော်လွှားနိုင်အောင် ကူညီဖို့ အသင့်ရှိနေပါတယ်။ ဒီအတွက် ကျနော် မြန်မာနိုင်ငံကို ရောက်ရှိလာတာပါ။ ကျနော် မြန်မာနိုင်ငံကို လာရောက်ရတဲ့ အဓိက အကြောင်းအရင်းက ကျနော့်ရဲ့ စည်းလုံးညီညွတ်မှုကို လက်တွေ့ပြချင်တာပါ” ဟု ရွှေတိဂုံ ဘုရားဂေါပက လူကြီးတဦးကို ပြောသည်။

တချိန်တည်းမှာပဲ ပြည်သူများနှင့် အစိုးရ ပူးပေါင်းကာ ကယ်ဆယ်ရေးအကူအညီများကို ညှိနှိုင်း လုပ်ဆောင်ပေးကြမည်ဟု မျှော်လင့်ကြောင်း၊ ထိုသို့ပြုလုပ်မှသာ အကူအညီများကို စနစ်တကျ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခုလ (၂) ရက်နှင့် (၃) ရက်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာ နိုင်ငံတွင် သေဆုံးသူနှင့် ပျောက်ဆုံးသူပေါင်း (၁) သိန်း (၃) သောင်းကျော်ရှိပြီး အိုးအိမ် ပျက်စီးဆုံးရှုံးသူ စုစုပေါင်း (၂) သန်းခွဲခန့် ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။ ။
khitpyaing news

ဆက်လက်ဖတ်ရှုရန်...

ဒုက္ခသည်များကို ပစ္စည်းများပြ၍ ထောက်ခံမဲထည့်ခိုင်း

ရိုးမ ၃။ မေ ၂၃၊ ၂၀၀၈

လေဘေးဒုက္ခသည်များအား နိုင်ငံတကာမှလှူဒါန်းသည့် ပစ္စည်းများပြ၍ ထောက်ခံမဲထည့်လျှင် ပေးမည်ဟုဆိုကာ ရန်ကုန်တွင် ကြိုတင်မဲများ ကောက်ယူနေလျှက်ရှိသည်။

ရန်ကုန်တိုင်းမှူးအမိန့်ဖြင့် ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင် (ည)ရပ်ကွက်ရှိ လေဘေး ဒုက္ခသည်များထံမှ ယမန်နေ့ ညနေပိုင်းတွင် စတင်ကာ ကြိုတင်မဲကောက်ယူနေခြင်းဖြစ်သည်။

ထိုကဲ့သို့ ကြိုတင်မဲကောက်ယူနေမှုနှင့်ပတ်သက်၍ ထန်းခြောက်ပင် (ည)ရပ်ကွက်တွင် နေထိုင် သူတဦးက “သူတို့ပြောတာက မင်းတို့အမှန်ခြစ်ရင် ဒီပစ္စည်းတွေပေးမယ်ဆို ပြောတာ၊ အမှန် မခြစ်ရင်တော့ မပေးဘူးဆိုပြီး ပစ္စည်းတွေကို ပြပြီး ပြန်ယူသွားတာ၊ နောက် အစိုးရက ကယ်ဆယ်ရေးပစ္စည်းတွေကို ဖြန့်ဝေပေးနေတဲ့အကြောင်းတွေ ပြောဆိုသွားတာ၊ မဲတွေက တော့ အကုန်လုံးပါသွားပြီ”ဟု ပြောသည်။

ယမန်နေ့ နေလည် (၂) နာရီခန့်တွင် ရန်ကုန်တိုင်း၊ တိုင်းမှူးက ရွှေပြည်သာမြို့နယ်သို့ ရောက်ရှိ လာပြီး သက်ဆိုင်ရာ အာဏာပိုင်များအား တွေ့ဆုံးပြီးနောက် ရာအိမ်မှူး ခင်မောင်သန်းက အိမ်ထောင်စုစာရင်းများအလိုက် တောင်းယူသွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောသည်။

“ရာအိမ်မှူးခင်မောင်သန်းက အမှန်ခြစ်၊ အမှန်ုခြစ်ဆိုပြီး အကုန်လုံးကို ခြစ်ခိုင်းတာ၊ ပြီးတော့ စာအိတ်ထဲထည့်ပြီး နောက် ပုံးထဲကိုထည့်ယူသွားတာ၊ နေ့လည် (၃) နာရီလောက်မှာ စာရင်း ကောက်သွားတာ၊ ဖွားသီလရှင်တွေကိုတောင် စာရင်းကောက်ပြီးတော့ မဲထည့်ခိုင်းနေတာတွေ လုပ်နေတယ်”ဟု မျက်မြင်တဦးက ပြောသည်။

ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင် (ည)ရပ်ကွက်တွင် လေဘေးဒုက္ခသည် (၁၇၀၀) ကျော် ရှိပြီး အာဏာပိုင်များက အမှန်ခြစ်ထားသည့်ထောက်ခံမဲများတွင် လက်မှတ်များရေးထိုးစေကာ ဒုက္ခသည်များကို ငွေ ၅၀၀၊ ၁,၀၀၀ ပေးခဲ့ခြင်းများလည်းရှိသည်ဟု ဆိုသည်။

ထို့အပြင် ဒုက္ခသည်များကို ဆန်၊ ဆီများ လာရောက်လှူဒါန်းသူများနှင့် အာဏာပိုင်များ အချေအတင် စကားများပြီး စစ်တပ်၊ ရဲနှင့် ကြံ့ဖွံ့များက အလှူရှင် ၅၀ ဦးခန့်ကို ဖမ်းဆီးထား သည်ဟု မျက်မြင်တဦးက ဆိုသည်။

“အလှူရှင်တွေရောက်လာပြီး ဆန်ဝေမယ် ဆီဝေမယ်ဆိုတော့ အာဏာပိုင်တွေက သူတို့ကို အပ်လို့ ပြောတယ်၊ မအပ်တဲ့အခါကျတော့ ဒီပစ္စည်းတွေကို လက်မခံနိုင်ဘူးဆိုပြီး အလှူရှင်တွေ ကို ပြန်လွှတ်တယ်၊ အဲမှာ အလှူရှင်တွေက ခင်ဗျားတို့မယုတ်မာနဲ့ ဘာညာဆိုပြီးပြောတော့ သူတို့က ဖမ်းချုပ်ထားလိုက်တာ”ဟု အဆိုပါမျက်မြင်သက်သေက ဆက်လက်ပြောဆိုခဲ့သည်။

ရွှေပြည်သာ (၁၀) ရပ်ကွက်နေ ပြည်သူတဦးကလည်း ရယကနှင့် အီးပီစီများက မီးရရှိရေး အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ထောက်ခံမဲပေးရန် ပြောဆိုပုံနှင့်ပတ်သက်၍ “မီးရဖို့က တော်တော်လုပ်ရမယ်၊ မဲထည့်မဲ့နေ့ အလုပ်မရှုတ်ရအောင် ခုကတည်းက ထည့်ဆိုပြီး အမှန်ခြစ် ပြီးသားမဲတွေကို ပြပြီးယူသွားကြတယ်၊ မုန်တိုင်းမလာခင်က မဲပေးမဲ့စာရင်းထဲ ကျနော်ပါတယ်၊ ခုမေးကြည့်တော့ မပါတော့ပြန်ဘူး”ဟု ပြောဆိုသည်။

ရန်ကုန်မြို့ရှိ ဒုက္ခသည်များ ခေတ္တာနားခိုနေရာဖြစ်သည့် ကျောင်းများ၊ ဓမ္မာရုံများမှ လေဘေး သင့်သူများကို အာဏာပိုင်များက မောင်းထုတ်နေရာ ရွှေပြည်သာနှင့် အချို့မြို့နယ်များတွင် ထောက်ခံမဲရရေးအတွက် လုပ်ကိုင်ပုံနှင့်ပတ်သက်၍ ရွှေပြည်သာမှ ဒေသခံတဦးက “ပထမ တော့ မဲပေးမဲ့စာရင်းထဲ ပါတဲ့လူကလွဲပြီး နေလို့မရဘူးဆိုပြီး စာရင်းမပါတဲ့လူကို မောင်းထုတ် တယ်၊ ကျောင်းပြန်ဖွင့်တော့မှာလို့ အကြောင်းပြပြီးတော့လည်း မောင်းတယ်၊ ခုရက်ပိုင်း ကျတော့ ထောက်ခံမဲထည့်ရင် နေခွင့်ပြုမယ်ဆိုပြီး ပြောလာပြန်တယ်”ဟု ပြောဆိုသွားခဲ့သည်။
Yoma3 news

ဆက်လက်ဖတ်ရှုရန်...

အမှန်ပါရှိပြီးသား မဲပေးကဒ်များ ရန်ကုန်မြို့နယ်အချို့တွင် အိမ်တိုင်ရာရောက် လိုက်လံဝေနေ

သောကြာနေ့၊ မေလ 23 2008 12:29 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ ထောက်ခံမဲအသင့်ပါရှိပြီးသား ဆန္ဒမဲလက်မှတ်များကို အိမ်တိုင်ရာရောက် လိုက်လံဝေငှမှုများပြုလုပ်ကာ မြန်မာစစ်အစိုးရက လက်ကျန် ဆန္ဒခံယူပွဲများတွင် ထောက်ခံမဲအများစုရအောင် ကြိုးစားနေပြန်သည်။


ရန်ကုန်မြို့နယ်များတွင် ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးဝန်ထမ်းများက မျက်နှာစာတွင် ပုံနှိပ်ထားသော အမှန်ခြစ်ပါရှိပြီး နောက်ကျောဘက်တွင် မဲထည့်သူ၏ အမည်၊ နေရပ်လိပ်စာတို့ တပါတည်းပါရှိသော မဲလက်မှတ်များကို နေအိမ်များသို့ ယမန်နေ့ညနေမှစ၍ ဝေငှ လျှက်ရှိသည်။

မဲပေးလိုသူသည် မှတ်ပုံတင်ပါ ယူဆောင်လာပြီး ရပ်ကွက် ရယကရုံးများတွင် မတ် ၂၃ နှင့် ၂၄ ရက်များတွင် လာရောက်မဲပေးနိုင်သည်ဟု မဲဝေငှ သူများက ပြောကြားသွားသည်။

" အမှန်ခြစ်က ပုံနှိပ်ထားတာဗျ၊ ဘယ်လောက်ဖျက်ဖျက် မပျက်ဘူး" ဟု မဲလက်မှတ်ရရှိ ထားပြီးဖြစ်သူ တဦးက ပြောသည်။

သို့သော် ယခုကဒ်ပြားများကိုပင် မဲအဖြစ်အသုံးပြုမှာလား သို့မဟုတ် မဲထည့်ခွင့်ရအသိ အမှတ်ပြုကဒ်ပြားလားဆိုသည်ကို အာဏာပိုင်များက လျို့ဝှက်ထားဆဲဖြစ်သည်။

မေ ၂၁ ရက်နေ့ကမူ မဲပေးခွင့်ရရှိသူများကို သက်ဆိုင်ရာမြို့နယ်မှပြင်ပသို့ ခရီးသွားရောက်ခြင်း ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။

"မေ ၂၃ ရက်နေ့နှင့် ၂၄ ရက်များတွင် ဆန္ဒမဲပေးရန် ကျန်ရှိသော မြို့နယ်နေ ပြည်သူများ အနေဖြင့် မိမိသက်ဆိုင်ရာမြိ့နယ်များ ပြင်ပသို့ သွားရောက်ခြင်းအား တားမြစ်သည်" ဟု မြို့တွင်းမြို့နယ်များတွင် ရဲများ လိုက်ပါလာသော ကားနှင့်လှည့်လည်အော်သော ကြေညာချက်တွင် ပါရှိ သည်။

အကြီးအကျယ်ဝေဖန်မှုများ ရှိနေခဲ့သော်လည်း မုန်တိုင်းဒဏ် ဆိုးရွားစွာခံနေရသော ဧရာဝတီတိုင်းမှ ၇ မြို့နယ်နှင့် ရန်ကုန်တိုင်းမှ ၄၀ မြို့နယ်များတွင် စစ်အစိုးရ၏ အခြေခံ ဥပဒေအပေါ် ဆန္ဒခံယူမှုများ မနက်ဖြန်တွင် ကျင်းပမှာဖြစ်သည်။ ကျန်ဒေသများ ကိုတော့ မေ ၁၀ ရက်နေ့က ဆန္ဒခံယူမှုများ ပြုလုပ်ခဲ့ပြီး ထောက်ခံသူ ၉၂. ၄ ရာခိုင်နှုန်းရှိသည်ဟု စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။ အကွက်ဆင် မဲရအောင်လုပ်မှုနှင့် မဲလိမ်မှုသတင်းများ လည်း နိုင်ငံတ၀ှမ်း ပေါ်ထွက်ခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ လူတသိန်းကျော်သေဆုံးပြီး လူ ၂ သန်းခွဲ အထိ မေ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခိုက်ခဲ့ သောနာဂစ်မုန်တိုင်းကြောင့် ထိခိုက်နစ်နာမှုရှိသည်ဟု ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်အစိုးရ၏ ဆန္ဒခံယူပွဲရလာဒ်များကို အတိုက်အခံနိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပယ်ချထားသည်။

မေ ၁ဝ ရက် လူထုဆန္ဒခံယူပွဲမှ ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် ရပြီးဖြစ်သောကြောင့် ရန်ကုန်နှင့်ဧရာဝတီတိုင်းတို့မှ ၅ သန်းကျော်သော ပြည်သူများ အားလုံးက ကန့်ကွက်သော်လည်း အခြေခံဥပဒေမှာ အတည်ပြုနိုင်မှာ ဖြစ်သည်။
မဇ္ဈိမသတင်း မှ ယူပါသည်

ဆက်လက်ဖတ်ရှုရန်...

ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောတူဟု ဘန်ကီမွန်းပြောကြား

သောကြာနေ့၊ မေလ 23 2008 14:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ရောက် ကူညီခွင့်ပေးရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ သဘောတူညီချက် ရပြီဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။

နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယနေ့ နေ့လည်က (၂) နာရီကြာ တွေ့ဆုံအပြီးတွင် ကုလသမဂ္ဂ အကြီးအကဲက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံသားမဆို ဝင်ရောက်ခွင့် ရမည်ဟု ဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သည် မြန်မာပြည်တွင် မုန်တိုင်းကြောင့် ဒုက္ခရောက်နေသော ၂ သန်းခွဲကို အကူအညီ ပေးနိုင်ရေးအတွက် နိုင်ငံတကာမှ အကူအညီများ မြန်မာပြည် ဝင်ရောက်ရေး ဖိအားပေးရန် ယမန်နေ့က ရောက်ရှိနေခြင်း ဖြစ်သည်။

ယမန်နေ့က စစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန်၊ နိုင်ငံတကာမှ အေဂျင်စီများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သလို ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ မုန်တိုင်းသင့် ဒေသများဖြစ်သော ဒေးဒရဲနှင့် မော်ကျွန်းသို့ ၂ နာရီကြာ သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

မစ္စတာ ဘန်ကီမွန်းသည် ယနေ့ညနေတွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပြန်လာပြီးနောက် တနင်္ဂနွေနေ့တွင် ရန်ကုန်သို့ ပြန်လည် သွားရောက်ပြီး နိုင်ငံတကာ အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားသည်၊

မြန်မာပြည်တွင် မုန်ုတိုင်းအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးနှင့် အာဆီယံတို့က ကြီးမှူး ကျင်းပမည့် အစည်းအဝေးသို့ နိုင်ငံပေါင်း (၃ဝ) ကျော်နှင့် ကုလသမဂ္ဂ အေဂျင်စီများ တက်ရောက်မည်ဟု သိရသည်။
မဇ္ဈိမသတင်းဌာမှ ကူယူပါသည်

ဆက်လက်ဖတ်ရှုရန်...

Thursday, May 22, 2008

ဘန်ကီမွန်း မြန်မာပြည်ရောက်ပြီ

ကြာသပတေးနေ့၊ မေလ 22 2008 14:56 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ယနေ့ တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

ယနေ့ နံနက်က မြန်မာနိုင်ငံကို ရောက်လာခဲ့သော မစ္စတာ ဘန်ကီမွန်းသည် ရွှေတိဂုံဘုရားကို သွားရောက် ဖူးမြှော်ခဲ့ပြီးနောက် ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးသော အကြောင်းအရာများကို နှစ်ဖက်လုံးက ထုတ်ပြန်ခြင်း မရှိသေးပါ။ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်သည် မြစ်ဝကျွန်းပေါ် ဒေသသို့ ယနေ့တွင်ပင် သွားရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံ ဆွေးနွေးခွင့်ရမည့် အခြေအနေ ဖြစ်သည်ဟုလည်း သိရသည်။
mizzimaburmese news

ဆက်လက်ဖတ်ရှုရန်...

အတိုက်အခံလူငယ် ၁၃ ဦးကို စစ်အစိုးရဖမ်းဆီး

ကာသပတေးနေ့၊ မေလ 22 2008 16:13 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာ စစ်အစိုးရသည် အတိုက်အခံ အင်အားစုကို ကစဥ့်ကလျားဖြစ်အောင် ကြိုးစားသည့် အနေနှင့် တိုင်းပြည်၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ လူငယ်ခေါင်းဆောင် ၁၃ ဦးကို ယနေ့ ကြာသပတေးနေ့တွင် ဖမ်းဆီးလိုက်သည်ဟု အကြီးတန်း ပါတီဝင်တဦးက ပြောဆိုလိုက်ပါသည်။

အဆိုပါ အရေးပါသည့် ဒီချုပ်လူငယ် ခေါင်းဆောင်များကို ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိများ၊ ရန်ကုန် သတင်းတပ်ဖွဲ့မှ ရဲအရာရှိများ ပါဝင်သော အဖွဲ့က ကြာသပတေးနေ့ နံနက်စောစောတွင် ဝင်ရောက်စီးနင်း ရှာဖွေ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒီချုပ် အကြီးတန်း အဖွဲ့ဝင်တဦး ဖြစ်သော ဦးအောင်သိန်းက မဇ္ဈိမကို ပြောကြားသွားပါသည်။

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သတင်းတပ်ဖွဲ့မှ ရဲအရာရှိများ ပါဝင်သော အဖွဲ့သည် ယနေ့နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် သူတို့ နေအိမ်သို့ လာရောက်၍ မဥမ္မာကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု သူနှင့် ဆွေမျိုးတော်စပ်သူ တဦးက ပြောဆိုလိုက်ပါသည်။

“သူတို့ပြောတော့ ပြောစရာရှိလို့ပါ ဆိုပြီးခေါ်သွားတာဘဲ။ ဖမ်းတာ မဟုတ်ပါဘူးလို့တော့ ပြောတယ်၊ ဒါပေမဲ့ ခုထိပြန် မလာသေးဘူး” ဟု မဥမ္မာ၏ မိသားစုဝင်တဦးက မဇ္ဈိမသို့ တယ်လီဖုံးမှတဆင့် ပြောဆို သွားပါသည်။

အဆိုပါ ရဲအရာရှိများ စီးလာသည့် ဟိုင်းလပ်ကားပေါ်တွင် အခြား ဒီချုပ်လူငယ် ခေါင်းဆောင်များ ဖြစ်ကြသော မပပ၊ မချို၊ ကိုလေးလွင် တို့ကို တွေ့လိုက်ရသည်ဟု အမည်မဖေါ်လိုသူ အဆိုပါ မိသားစုဝင်က ပြောသွားပါသည်။

ထွန်းဇော်ဇော်၊ ခင်ထွန်း၊ ဥမ္မာ၊ မပပ၊ မချို နှင့် ကိုပေါက်တို့ အပါအဝင် ဒီချုပ် လူငယ်ခေါင်းဆောင်များသည် ဆိုင်ကလုံး မုန်တိုင်း ဒုက္ခသည်များကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် တက်တက်ကြွကြွ ရှေ့ဆောင်၍ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြသူများ ဖြစ်သည်။ ယခုအခါ ဒေးဒရဲမြို့သို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်ဘို့ စီစဉ်နေကြဆဲ ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်ဟု မဥမ္မာ၏ မိသားစုဝင်တဦးက ပြောသွားခဲ့ပါသည်။

“ကျနော်တို့ အရမ်းဘဲ စိုးရိမ်တာပါဘဲ၊ သူ့အမေဆိုရင် စားတောင် မစားနိုင်ဘူး” ဟု မဥမ္မာ၏ မိသားစုဝင်က ဆက်လက် ပြောဆိုသွားပါသည်။

ကိုထွန်းဇော်ဇော်၊ ကိုခင်ထွန်း၊ မဥမ္မာ၊ မပပ၊ မချို နှင့်ကိုပေါက်တို့အပါအဝင် ဒီချုပ်လူငယ် ခေါင်းဆောင်များသည် မေလ (၁ဝ) ရက်နေ့တွင် ကျင်းပခဲ့သော ဆန္ဒခံယူပွဲ၌ စစ်အစိုးရ၏ မသမာမှုများကို ဖေါ်ထုတ် ဖွင့်ချရန်လည်း တက်တက်ကြွကြွ လုပ်ဆောင်နေကြသူများ ဖြစ်သည်။

ဒီချုပ် လူငယ်ခေါင်းဆောင်များကို မည်သည့် အကြောင်းကြောင့် ဖမ်းဆီးသွားကြောင်း ရှင်းလင်းစွာ မသိရသေးသော်လည်း ယနေ့ မြန်မာနိုင်ငံသို့ လာရောက်မည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်နှင့် ဆက်စပ်နေဘွယ် ရှိသည်ဟု ဦးအောင်သိန်းက ပြောပါသည်။

ကမ္ဘာ့ အဖွဲ့အစည်းကြီး၏ အမြင့်ဆုံး ခေါင်းဆောင်ကြီးသည် ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ရန်ကုန်တိုင်းနှင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အကူအညီပေးရေး လုပ်သားများကို ဝင်ရောက်ခွင့်ပြုရေးအတွက် မြန်မာစစ်အစိုးရကို ဆွဲဆောင်သိမ်းသွင်းရန် ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ဒီလူတွေက ဒီချုပ်ရဲ့ အဓိက လူငယ် ခေါင်းဆောင်တွေဗျ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲမှာ ထောက်ခံမဲတွေ ဘယ်လို လိမ်လည်ရယူသွားတယ် ဆိုတာ ဖေါ်ထုတ်ဘို့ လျှို့ဝှက် လုပ်ဆောင်နေကြသူတွေလဲ ဖြစ်ပါတယ်” ဟု ဒီချုပ် လူငယ်တဦးက ပြောဆို သွားပါသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပအပြီး ၅ ရက်အကြာ မေလ (၁၅) ရက်နေ့တွင် ဖွဲ့စည်းပုံ ဥပဒေကို မဲဆန္ဒရှင် ၉၂.၄% က ထောက်ခံခဲ့ကြောင်း စစ်အစိုးရက ကြေညာခဲ့သည်။ သို့သော် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသည့် မြို့နယ် ၄၇ မြို့နယ်တွင် ဆန္ဒခံယူပွဲ ကျင်းပမည့်ရက်ကို မေလ (၂၄) ရက်နေ့ အထိ စစ်အစိုးရက ရွှေ့ဆိုင်းထားခဲ့သည်။
mizzimaburmese news

ဆက်လက်ဖတ်ရှုရန်...

ကြားဖြတ်သတင်း

22-5-2208
ဘန်ကီမွန်း မြန်မာပြည်ရောက်ပြီ

ဆက်လက်ဖတ်ရှုရန်...

(KNU)ဥက္ကဋ္ဌ ကွယ်လွန်

22-5-2008

ကရင့်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဖဒိုစောဘသင်စိန်သည် ယနေ့နံနက် (၂) နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

အသက် (၈၂) နှစ်ရှိပြီဖြစ်သော (KNU)ခေါင်းဆောင်သည် လူကြီးရောဂါဖြင့် ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဖဒိုစောဘသင်စိန်သည် မကွယ်လွန်မီအချိန်ထိ ကရင့်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ(NCUB) သဘာပတိအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(NDF) ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများကောင်စီ(ENC) ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီးနှင့်အတူ သမီး (၃) ဦး၊ သား (၁) ဦး ကျန်ရစ်ခဲ့ပြီး ရက်ပိုင်းအတွင်း (KNU)ထိန်းချုပ်ရာ နယ်မြေတခုတွင် ဈာပနအခမ်းအနားပြုလုပ်သွားမည်ဟု သိရသည်။
Yoma3 news

ဆက်လက်ဖတ်ရှုရန်...

Wednesday, May 21, 2008

နောက်ဆုံးရသတင်းများ

NEJ/ ၂၁ မေ ၂၀၀၈
မုန်တိုင်းကြောင့် ရန်ကုန်တွင် လူ (၇) သိန်း၊
ဧရာဝတီမှာ လူ (၁) သန်းခွဲ ဒုက္ခရောက်

မေ (၂၁) ရက် ထုတ်ပြန်သည့် UNOCHA အဖွဲ့ အစီရင်ခံစာအရ နာဂစ်မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်တွင် လူ (၁) သန်းခွဲ ဒုက္ခရောက်နေပြီး ရန်ကုန်တွင် လူ (၇) သိန်းနီးပါး ဒုက္ခရောက်နေသည်။ ဧရာဝတီတိုင်း ကိုယ့်မြို့ကိုယ့်ရွာတွင် ဖွင့်ထားသည့် ကယ်ဆယ်ရေး စခန်းများ၌ ဒုက္ခသည် (၉) သောင်းကျော်ရှိပြီး တခြားမြို့နယ်များသို့ ရွှေ့ပြောင်းထားသည့် ဒုက္ခသည်ပေါင်း (၂၅,၀၀၀) ရှိသည်။

မုန်တိုင်းဒုက္ခသည်များထောက်ပံ့ရန် ပြည်ပက ဆန်တင်သွင်းရန်လို
လာမည့် (၆) လအတွင်း ဒုက္ခသည်များအတွက် အစားအစာ တန်ချိန် (၆၅,၀၀၀) လိုမည်ဖြစ်ပြီး ပြည်ပက ဆန်တင်သွင်းရန် လိုသည်ဟုပါ UNOCHA က မှန်းထားသည်။

မြန်မာကလေး (၁) သန်း မုန်တိုင်းဒဏ်သင့်
ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ နာဂစ်မုန်တိုင်းဒဏ် ခံရသည့် လူဦးရေ (၂) သန်းခွဲအနက်
(၄၀) ရာနှုန်းမှာ ကလေးများဖြစ်သည်၊ မုန်တိုင်းဒဏ်ခံရသည့် ကလေးများကို စိတ်ဓာတ်ရေးရာ အားပေးရေးကိစ္စမှာ ဦးစားပေးဖြစ်သည်ဟု UNICEF အဖွဲ့က ထုတ်ပြန်ထားသည်။
khitpyaing news

ဆက်လက်ဖတ်ရှုရန်...

လူသားချင်းစာနာမှုဆိုင်ရာ ကုလအကြီးအကဲ မြန်မာစစ်ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံ

မေ ၂၀၊ ၂၀၀၈
ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် ဂျွန်ဟုမ်းစ်။

မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုံး လေပြင်းမုန်တိုင်း
သင့်လို့ အကြီးအကျယ် အထိနာသွားတဲ့ ဧရာဝတီတို
င်းက ဒုက္ခသည်များအတွက် ကယ်ဆယ်ထောက်ပံ့
ရေး ဧရာမတွန်းအားပေးမှုကြီး လိုအပ်ကြောင်း အစိုးရခေါင်းဆောင်များနဲ့ ဆွေးနွေးခဲ့တယ်လို့ ကုလ
သမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်
အတွင်းရေးမှူးချုပ် ဂျွန်ဟုမ်းစ် (John Holmes) က
ဆိုပါတယ်။

လေဘေးသင့်တဲ့နေရာများကို သွားကြည့်ပြီး နောက်
တနေ့မှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအ၀င်
အစိုးရတာဝန်ခံများနဲ့ တွေ့ဆုံခဲ့ကြောင်း၊ ကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ပြန်လည်ဆန်းစစ်မှု၊ ပူးပေါင်းဆောင်ရွက်မှု အပါအ၀င် ကိစ္စ
ရပ်အ၀၀ကို ဆွေးနွေးခဲ့ကြောင်း မစ္စတာဟုမ်းစ်က သတင်းထောက်များအား မနေ့က ပြောကြားပါတယ်။

အခုအချိန်အထိ လေဘေးဒုက္ခသည် လေးပုံတပုံသာ ကယ်ဆယ်ထောက်ပံ့ရေးများ
ရရှိနေကြသေးလို့ အရှိန်မြှင့်လုပ်ဆောင်ရေး ကြိုးပမ်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီ-မွန်း (Ban Ki-moon) ကိုယ်တိုင် မြန်မာပြည်ကို ထွက်ခွာသွားပါပြီ။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ထိပ်တန်းတာဝန်ခံများနဲ့
တွေ့ဆုံမယ်လို့ မျှော်လင့်ပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ အထောက်အပံ့များ
တိုးပြီး ၀င်ခွင့်ပြုဖို့ တိုက်တွန်းပြောဆိုမယ်လို့ နယူးယောက်ခ်က မထွက်ခွာမီ သတင်း ထောက်များအား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မနေ့က ပြောဆိုသွားပါတယ်။

လူ ၇၈,၀၀၀ ကျော် သေဆုံးပြီး ၅၆,၀၀၀ ကျော် ပျောက်ဆုံးနေတဲ့ လေဘေးသင့်
ဒေသများရဲ့ အခြေအနေကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ချင်တယ်လို့
ဘန်ကီမွန်းက ပြောဆိုပါတယ်။ မြန်မာပြည်မှာ ဆိုင်ကလုံး လေပြင်းမုန်တိုင်းကျပေ
မယ့် စစ်အစိုးရကို အကူအညီမပေးဘူး၊ ငွေလည်းမချေးဘူးလို့ ကမ္ဘာ့ဘဏ်က
ဆိုပါတယ်။

၁၉၉၈ ခုနှစ်ကတည်းက စစ်အစိုးရက အကြွေးတွေကိုလည်း ပြန်မဆပ်၊ စီးပွားရေးနဲ့
တခြား ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လည်း ပျက်ကွက်လို့ ငွေချေးလို့မရနိုင်ဘူးလို့
ကမ္ဘာ့ဘဏ်က ရှင်းချက်ထုတ်ထားပါတယ်။
VOA NEWS

ဆက်လက်ဖတ်ရှုရန်...

အိပ်မက်ဆိုးကြား ရှင်သန်သူ

အောင်သက်ဝိုင်း/လပွတ္တာ | မေ ၂၁၊ ၂၀၀၈

မျက်ရည်များနှင့် အဖွားဒေါ်ကျင်လှ (ဓာတ်ပုံ - ဧရာဝတီ)
လပွတ္တာမြို့၊ သကျမာရဇိန် ဆုတောင်းပြည့် ဘုရားကြီးရဲ့ မုခ်အ၀င်အ၀မှာ အရောင်မရှိ မွဲခြောက်နေတဲ့ အစိမ်းရောင်နိုင်လွန် အနွေးထည်၊ အဖြူရောင်ပျောက်ပြီး သံချေးရောင်ပေါက်နေတဲ့ ရင်ဖုံးအင်္ကျီနဲ့ စုတ်ပြဲဖာရာတွေပြည့်နေတဲ့ ၀ါညိုရောင် ခပ်ပုပ်ပုပ် ထဘီကို ၀တ်ဆင်ထားတဲ့ အမယ်အိုတဦး ငူငုငိုင်ငိုင် ထိုင်လျက် ရှိပါတယ်။

အမယ်အိုရဲ့ဦးခေါင်းမှာ ဆံပင်တွေက ဆွတ်ဆွတ်ဖြူနေပြီး အ၀ါရောင်ဘက် ခပ်ရောက်ရောက် အသားအရေရှိတဲ့ မျက်နှာက တွန့်လိပ်နေတဲ့ အရေးအကြောင်းတွေနဲ့ ပိန်လှီဖျော့တော့ လွန်းလှတယ်။ သူ့ရဲ့ ချိုင့်ဝင်ပိန်လှီနေတဲ့ မျက်ဝန်းအိမ်ထဲမှာတော့ မျက်ရည်စတွေက စမ်းချောင်းတခုပမာ တသွင်သွင်စီးကျနေတယ်။

မျက်ရည်စတွေနဲ့ ဘုရားရင်ပြင်ရဲ့အရှေ့ဘက်အရပ်ဆီကို မျက်တောင်မခတ် ငေးမောနေတဲ့ အမယ်အိုရဲ့ အသွင်အပြင်ကို မြင်ရသူတိုင်း ရင်ထဲမှာအမျိုးအမည်မသိ ၀မ်းနည်းကြေကွဲစေတဲ့ ခံစားချက်တခု ဖြစ်ပေါ်စေပါတယ်။

သူကတော့ မေလ ၂ ရက်နေ့ မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီး ကြောင့် မိသားစုဝင် ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဘီတွတ်ကျေးရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်ကျင်လှပါ။

မေလ ၂ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်လောက်က ဘီတွတ်ကျေးရွာ၊ ကြိမ်ချောင်းအုပ်စုမှာ နေထိုင်တဲ့ ဒေါ်ကျင်လှ တယောက် ပုံမှန်အတိုင်း အိမ်အလုပ်တွေနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။

သားသမီးမြေးမြစ် ၂၀ ကျော်ရှိတဲ့ ဒေါ်ကျင်လှတို့ မိသားစုဟာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြပြီး သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းလှတဲ့ မိသားစုလေးတခုပေါ့။ ဒါပေမယ့် နာရီပိုင်းအတွင်း သူတို့ရဲ့ပျော်ရွှင်စရာကောင်းလှတဲ့ မိသားစုကြီးကို ဖျက်ဆီးတော့မယ့် ကံကြမ္မာဆိုးကြီးတခု ရောက်လာတော့မယ်ဆိုတာ ဒေါ်ကျင်လှတယောက် အဲဒီအချိန်က မသိခဲ့ပါဘူး။

မနက် ၁၁ နာရီ ခွဲခါနီး လောက်မှာတော့ သူတို့အိမ်နဲ့ သိပ်မဝေးလှတဲ့ ကမ်းနားက လေကြမ်းတွေ တ၀ုန်းဝုန်းနဲ့ တိုက်ခတ် လာခဲ့ပါတယ်။ တိုက်ခတ်လာတဲ့ လေကြမ်းနဲ့အတူ ကမ်းနားမှာ ဒီရေကလည်း တရိပ်ရိပ်တက်လာတယ်။ ဒီရေတက်ပြီး လေကြမ်းတွေတိုက်တာဟာ မိုးဦးကျလေဦးကျ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတွက် ဒေါ်ကျင်လှစိတ်ထဲမှာ သိပ်မထူးဆန်းသလို ခံစားခဲ့ရတယ်။ အိမ်ရှေ့မှာ ဆော့ကစားနေတဲ့ မြေးငယ်လေးတွေကို အိမ်ပေါ်တက်ဖို့ ခေါ်ပြီး သူတို့ တထပ်အိမ်လေးရဲ့ အိမ်တံခါးတွေကို လိုက်ပိတ် နေခဲ့ပါတယ်။

မွန်းတည့်ချိန် လောက်မှာ တိုက်ခတ်နေတဲ့ လေကြမ်းတွေနဲ့အတူ ကောင်းကင်တခုလုံးနီရဲလာပြီး လေနီကြမ်းတွေ တရစပ် တိုက်ခတ်လာတာ သူတွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ တိမ်ညိုတိမ်မည်းတွေက ကောင်ကင်လုံးပြည့် နေရာယူထားပါတယ်။ ဒေါ်ကျင်လှတယောက် ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ အဆက်မပြတ်ရွတ်လို့ မြေးငယ်လေးတွေကို ကျစ်ကျစ် ပါအောင် ဆုပ်ထားတယ်။

လေနီရိုင်းတွေက ကြမ်းသထက်ကြမ်း၊ ရမ်းသထက်ရမ်းလာတော့ သူ့အိမ်ကလေး တဒိုင်းဒိုင်းနဲ့ လှုပ်ခါနေပါတယ်။ သူတို့ ရွာပတ်ဝန်းကျင်မှာတော့ “ကယ်ကြပါ” ဆိုတဲ့ အသံတွေကို စကြားနေရပြီ။ သူ့ရဲ့ စိတ်တွေလည်း ကယောင်ချောက်ချား ဖြစ်လို့နေပါပြီ။ သူ့ တထပ်အိမ်လေးရဲ့အမိုးတွေအကာတွေက လေနီကြမ်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် အဝေးဆုံးကို လွင့်ထွက်သွားပါတယ်။

နေ့လယ် ၁ နာရီကျော်ချိန်မှာတော့ “၀ုန်း” ဆိုတဲ့ အသံကြီးနဲ့အတူ သူ့အိမ်လေးကို လူတရပ်မြင့်တဲ့ ရေလှိုင်းကြီးတခု လာရောက်ရိုက်ခတ်ပြီး ဖြိုချလိုက်ပါတော့တယ်။ သူလည်း မြေးလေးတွေရဲ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြိုကျနေတဲ့ အိမ်ထဲက ရုန်းကန်ထွက်လိုက်ပါတယ်။ ဒါပေမယ့် အိမ်ပြင်ကို ရောက်တယ်ဆိုရင်ပဲ အလွန်ပြင်းထန်ပြီး အလွန်မြင့်တဲ့ လှိုင်းလုံးကြီးတွေ ထပ်ရိုက်ခတ်လာပါတယ်။

ပြင်းထန်လှတဲ့ ရေလှိုင်းတွေက သူ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ မြေးငယ်နှစ်ဦးလက်ကို ဖြုတ်ချပစ်လိုက်ပါတယ်။

“မြေးလေးရေ၊ သားလေး၊ အမလေး လုပ်ကြပါဦး” လို့ပဲ သူ အာကုန် ခြစ်အော်ဟစ် နိုင်ခဲ့ပါတယ်။

ဒီရေလှိုင်းကြီးနဲ့အတူ မျောပါသွားတဲ့ သူ့ရဲ့ ၁၀ နှစ်အရွယ်မြေးလေးဆီက “အဘွား” ဆိုတဲ့ အသံလေးတသံပဲ သူ နောက်ဆုံး ကြားလိုက်ရတော့တယ်။

ဒေါ်ကျင်လှ တယောက် မြေးငယ်လေးတွေဆီကို ရေလှိုင်းနဲ့အတူ လိုက်ပါပြီး လှမ်းဆွဲဖို့ ကြိုးစားပေမယ့် ပြင်းထန်လှတဲ့ ရေလှိုင်းကြီးတွေက သူနဲ့သူ့ မြေးငယ်လေးတွေကို ခွဲခြားလိုက်ပါပြီ။ မြုပ်ချီပေါ်ချီနဲ့ ရေလှိုင်းတွေနဲ့ မျောပါသွားတဲ့ မြေးငယ် လေးတွေကို ခဏတာပဲမြင်လိုက်ရတယ်။

သူ့ရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်တွေနဲ့ ဆားငန်ရေတွေ ရောထွေးနေပါတယ်။ အလွန်ရေစီးမြန်တဲ့ရေလှိုင်းတွေထဲမှာ သူလည်း မြုပ်ချီ၊ ပေါ်ချီဖြစ်နေပါတယ်။ ရေကူးတတ်ပေမယ့် မြန်ဆန်လွန်းတဲ့ ရေစီးက သူ့ကိုကူးခတ်ခွင့် မပေးတော့ပါဘူး။ သူအသက် ရှင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ကောင်းကောင်း နားလည်လိုက်ပါပြီ။ လေနီကြမ်း၊ ရေလှိုင်းတွေနဲ့ အတူ မိုးတွေပါရွာလာ တယ်။ ရေစီးနဲ့ မျောနေတဲ့လူတွေ ကျွဲနွားတွေ၊ အိမ်တွေ ၊ သစ်ပင်တွေကို သူမြင်လိုက်ရတယ်။ “ကယ်ပါ” ဆိုတဲ့ အသံတွေ လည်း ကြားနေရတယ်။

ရွာတဲ့ မိုးစက်မိုးပေါက်တွေက သူ့အသားကို မီးစနဲ့ထိုးသလို ခံစားရပါတယ်။ သူ အသက်ရှုလို့ မရတော့ဘူး။ သူ့သားတွေ၊ သမီးတွေ ၊ မြေးငယ်လေးတွေရဲ့ မျက်နှာလေးတွေကို သူ့ရဲ့မျက်လုံးထဲမှာ တခုပြီးတခု မြင်ယောင်နေမိပြီ။ နောက်ဆုံး အချိန်မှာ သူ မျက်လုံးကိုမှိတ်ပြီး ဘုရားကို အာရုံပြုလိုက်တယ်။

ကံကောင်းတယ်လို့ ပြောရမလား မဆိုနိုင်ဘူး သူ ရေစီးနဲ့အတူမျောပါရင်း ရုတ်တရက် တစုံတခုနဲ့ တိုက်မိသွားတယ်။ မျက်လုံးဖွင့်ပြီး တိုက်မိတဲ့အရာကို အမိအရလှမ်းဆွဲလိုက်တယ်။ ကံကြမ္မာက သူ့ကို မျက်နှာသာပေးတယ် ထင်ပါရဲ့။ သူ လှမ်းဆွဲလိုက်တာဟာ ရေစီးမှာယိမ်းနွဲ့နေတဲ့သစ်ပင်ကြီးတပင် ဖြစ်လို့ နေတယ်။ ရေက အရှိန်နဲ့ စီးနေပေမယ့် သူဆုပ်ကိုင်ထားတဲ့ အပင်ကြီးကို မျောပါသွားအောင် မစွမ်းဆောင်နိုင်ပါဘူး။

သူလည်း အပင်ကို အမိအရအားကုန် ကိုင်ဆုပ်လို့ အရှိန်အဟုန်ပြင်းတဲ့ ရေလှိုင်းတွေ၊ လေတွေ၊ မိုးရေတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေခဲ့ရတယ်။ စိတ်ထဲမှာတော့ သူ့မြေးတွေ၊ သားသမီးတွေအကြောင်းကိုပဲ စဉ်းစားနေမိတယ်။ ၂ နာရီကျော်ကြာ လေကြမ်း၊ ရေလှိုင်းနဲ့ မိုးရေတွေရဲ့ဒဏ်ကို ခံရင်္ပြီးချိန်မှာ လေရောမိုးရော ရပ်စဲသွားပါတယ်။ ဒါပေမယ့် ရေကတော့ လုံးဝမကျသေးပါဘူး။ မိုးလေစဲလို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အခါမှာ ပင်လယ်တမျှ ကျယ်ပြောတဲ့ ရေပြင်ကြီးကိုပဲ သူမြင်တွေ့ရတယ်။ နောက်ကျိကျိ ရွှံ့ရောင်ရေတွေက မျက်စိ တဆုံး နေရာယူထားတယ်။ အချိန်က ၄ နာရီကျော် ၅ နာရီလောက်ရှိမယ်လို့ သူ့စိတ်ထဲခန့်မှန်းနေမိတယ်။

မှောင်ရီစပျိုးတဲ့ ညနေအချိန်လောက်မှာတော့ ရေတဖြည်းဖြည်း ကျလာတယ်။ ရေကျတာကလည်း အရမ်းမြန်ပါတယ်။ နာရီပိုင်းတွင်းမှာ ရေက တဖြည်းဖြည်းနဲ့ မြေပြင်ကိုမြင်ရတဲ့အထိ ကျသွားပါတယ်။ သူရောက်နေတဲ့ သစ်ပင်ထိပ်ဖျားကနေ မြေပြင်ကို တဖြည်းဖြည်းဆင်းလာခဲ့တယ်။ သူ့မှာထဘီ မရှိတော့ဘူး။ သူ့ရဲ့ခြေထောက်တွေ၊ ကိုယ်တွေ လက်တွေ တအားကို နာကျင်နေတယ်။ ရေအရမ်းငတ်နေတယ်။ သူ့တကိုယ်လုံး အားအင်ချိနဲ့ နေသလိုခံစားရတယ်။ သစ်ပင် ခြေရင်းရောက်တယ် ဆိုရင်ပဲ သူခြေပစ် လက်ပစ်လှဲချလိုက်တယ်။ အဲဒီနောက် ဘာမှမသိတော့ဘူး။

သူပြန်နိုးတဲ့အချိန်မှာ နောက်နေ့ မနက်ပိုင်းရောက်နေပြီလို့ သိလိုက်ရတယ်။ သူ့မှာ အပေါ်အင်္ကျီ အစိမ်းရောင်နိုင်လွန် အနွေး ထည်ရယ်၊ ရင်ဖုံးအင်္ကျီရယ်ပဲ ကျန်ပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်မိတော့ သစ်သားအကျိုးအပဲ့တွေ၊ လူသေကောင်တွေ၊ အိုးခြမ်းပဲ့တွေ၊ ကျွဲ၊ နွား၊ ၀က်၊ ကြက် သေတွေ၊ သစ်ပင် အကျိုးအပဲ့တွေနဲ့ နေရာတိုင်းမှာ အပျက်အစီး တွေချည်းပဲ။ သူ ဘယ်နေရာကို ရောက်နေတယ်ဆိုတာ လုံးဝမသိဘူး။

သူနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ အမျိုးသမီးအလောင်းက ထဘီကို ချွတ်ယူလိုက်ပါတယ်။ အဲဒီနောက် တုန်ရီချည့်နဲ့စွာနဲ့ သူ လမ်းလျှောက်လာခဲ့တယ်။ လမ်းတလျှောက်လုံးမှာ လူသေအလောင်းတွေနဲ့ ပြည့်နှက်နေတယ်။ နာရီဝက်လောက် လမ်းလျှောက်ပြီးတဲ့ အချိန်မှာတော့ ဆယ်ဂဏန်းနီးပါးရှိတဲ့ လုအုပ်စု တစုကို တွေ့လိုက်ရတယ်။ တချို့က အ၀တ်မပါ ကိုယ်တုံးလုံးတွေ ဖြစ်နေတယ်။

အဲဒီအဖွဲ့က သူ့ကို နွေးနွေး ထွေးထွေး ကြိုဆိုခဲ့တယ်။ သူတို့လူစုဆီမှာ စားသောက်စရာ မရှိလို့ အနီးအနားမှာရှိတဲ့ အုန်းပင် တွေက အုန်းသီးတွေခူးဆွတ်ပြီး အုန်းရေသောက် အုန်းသီးစားနေခဲ့ရတယ်။ မေလ ၆ ရက်နေ့မနက်ပိုင်းမှာတော့ ကမ်းနားမှာ ဆားချက်လှေကြီးတစီး တွေ့ရပြီး လှေပေါ်က အလုပ်သမားတွေက သူတို့ကို လပွတ္တာမြို့ဆီခေါ်သွားတယ်။

ညနေပိုင်းမှာ သူတို့ လပွတ္တာမြို့ပေါ်ကိုရောက်ရှိခဲ့ပြီး အမှတ် ၂ အထက်ကျောင်းမှာ နေရာချထားပေးတယ်။ မေလ ၈ ရက် နေ့မှာတော့ သူ့ သား ၃ ယောက်၊ ချွေးမ ၅ ယောက်ကို ဒုက္ခသည်တွေ အဖြစ်နဲ့ လပွတ္တာ မြို့ပေါ်မှာ ပြန်တွေ့တယ်။ သူ့ မြေးလေးတွေကိုတော့ မြို့ပေါ်က စခန်းတွေမှာ လုံးဝ ပြန်မတွေ့ရတော့ပါဘူး။

သူ သကျမာရဇိန် ဆုတောင်းပြည့် ဘုရားကြီးရှေ့မှာ တိုးတိုးလေး ဆုတောင်းနေမိတယ်။ နောင်ဘ၀မှာ ဒီိလိုအဖြစ်ဆိုးမျိုး မတွေ့ပါရစေနဲ့လို့ …။ ။
(မေလ ၂ ရက်နေ့ နာဂစ်မုန်တိုင်းက လွတ်မြောက်လာသူ အမယ်အိုတဦး၏ ပြောပြချက်ကို ပြန်လည်းရေးဖွဲ့ခြင်းဖြစ်သည်)
Irrawaddy news

ဆက်လက်ဖတ်ရှုရန်...