7-4-2008
စု မပါတဲ့ ပြည်ထောင်ကြီး
ဒို့အတွက်တော့ အချီးအနှီးပဲ
ဘယ်နည်းနဲ့မှ အဓိပ္ပာယ်မရှိ
‘ပြည်ထောင်စု’ ဆိုတဲ့စကားလုံး
အလှသုံးထားတာပဲရှိတယ်
ပိတ်လှောင်ထားတဲ့
ပြည်ထောင်ကြီးမှာ
ပြည်သူ့ကိုယ်စားပြု
စု ရှိနေသေးရင်
လူထုအတွက်
လွတ်လပ်မှုဆိုတာကို
ဘယ်မှာသွားရှာမလဲ
စိတ်ပျက်စရာတို့ အပေါ်
ဒေါသတို့ ပြုတ်ကျ
သောကတို့ကို ဖြုတ်ချချင်ပေမယ့်
ဒုက္ခတို့နဲ့သာ အလဲလဲအကွဲကွဲ
အလွဲလွဲ… အလွဲလွဲ တွေ
နည်းနည်း… နည်းနည်း နဲ့
တစ်ဖွဲဖွဲ… တစ်ဖွဲဖွဲ
စဲလည်း မစဲ တော့ဘူး
စူးစူးစိုက်စိုက် ကြည့်တာတောင်
မမြင်နိုင်လောက်အောင်ထူနေပြီ
ပြဿနာရဲ့ လမ်းစ
ဖြေရှင်းချက် ရဖို့
အကွက် ကျကျနဲ့
တွက်ချက်ပြပေမယ့်
အဖြေကတော့မှားနေဆဲပဲ
ခွင့်မလွတ်နိုင်သောအလွဲအမှား
မတူညီသောအခြားအနားတွေကို
ရင်ကြားမစေ့နိုင်သေးသ၍
ပြည်ထောင်စုနေ့ဆိုတာကို
ငါတို့ မေ့နေကြလိမ့်မယ်
အတ္တတွေတစ်ကွဲတစ်ပြား
နိုင်ရာကိုစားနေကြနေရင်
အမေဇုံ တောနက်မဲထဲက
အရောင်စုံ သားရဲတွေနဲ့
ဒို့… ဘာခြားတော့မလဲ
တစ်ပါးသားတို့
ဟန့်တား အံတုလို့မရတဲ့
ပြည်ထောင်စုကြီးဖြစ်ဖို့ဆိုရင်
ဒို့အတ္တတွေ ပေါင်းစည်းဖို့လိုတယ်။
မျိုးချစ်သွေး
Monday, April 7, 2008
အတ္တတွေကို ပေါင်းစည်းလိုက်စို့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment